26
Dec

HIV ဝေဒနာရှင်များကို အားပေးစောင့်ရှောက်ခဲ့တဲ့ ကဗျာဘွဲ့မှူး

ကဗျာဘွဲ့မှူးက မြန်မာတိုင်းရင်းသား HIV ဝေဒနာရှင် အယောက် ၂ဝဝ ကျော်ကို အနီးကပ်သွားရောက် စောင့်ရှောက်အားပေးကာ မေတ္တာတရားပြခဲ့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။

"၃ ရက်နေ့က ကျမ်းစာသင် ပေးတယ်။ သီချင်းတွေ သင်ပေးတယ်။ တရားတွေဟောတယ်။ သူတို့တွေနဲ့ အတူကစားတယ်။ သူတို့နဲ့အတူ ပျော်ပျော် ရွှင်ရွှင်နဲ့ မေတ္တာပြတယ်။ ဦးဆောင်တဲ့သူက မလေးရှားက ဆရာလှစိုင်း ပါ။ ပြီးတော့ UN ကလည်း ပါတယ်" လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။

မလေးရှားကို ရောက်ရောက်ချင်း ရောဂါသည်တွေကို တွေ့လိုက်ရ တဲ့အခါအမှာ ရောဂါခံစားနေရတဲ့ သူတွေလို့တောင် မထင်ရဘဲ ရုပ်ရည် ချောမောလျက် ရှိနေကြတာကိုတွေ့ရကြောင်း ကဗျာဘွဲ့မှူး က ပြောပါတယ်။

"မလေးရှားနိုင်ငံမှာ ရှိတဲ့ မြန်မာ၊ ကချင်တိုင်းရင်းသား အကုန်လုံး ပါဝင်ပါတယ်။ အခုလိုမျိုးသွားရတာ တအားကို ကုသိုလ်ရပါတယ်။ ဘုရား ရှိခိုးကျောင်းတွေ သွားကြတယ်။ ပြီးတော့ အလုပ်သမား တွေကများတော့ မနက် ၁နာရီ ထိုးမှာ ဘုရားကျောင်း တက်ကြတယ်။ အဲဒါကတော့ မေ့မရတဲ့ အမှတ်တရပါပဲ။ အခုလိုမျိုး တစ်နေ့လုံး တစ်ညလုံး ဘုရားရှိခိုးခဲ့ရတာ ပထမဦးဆုံး အကြိမ်ပါပဲ" လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။

အခုသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ စိတ်ခံစားမှု တစ်ခုကိုရခဲ့ကြောင်း၊ အတူတူနွေးနွေး ထွေးထွေး နေခဲ့ကြတဲ့ နေ့ရက်တွေကို အမှတ်ရမိကြောင်း ပြောပါတယ်။

"တကယ်ဆိုရင် သူတို့တွေရဲ့ ကလေးတွေ တအားကို သနားဖို့ကောင်း ပါတယ်။ သူတို့ဘဝကို သူတို့အရှုံးပေး ထားကြတယ်။ ဒါပေမဲ့ ဒီလိုမျိုးနဲ့ တစ်သက်လုံး အကောင်းအတိုင်းနေနိုင်တဲ့ သူတွေ ရှိနေပါတယ်။ ဘာသာရေးတွေက အဓိက မဟုတ်ပါဘူး။ အဓိကက စိတ်ပါပဲလို့ ပြောခဲ့တယ်။ နောက်ဆိုရင် ကျွန်မလည်း ပရဟိတ လူမှုရေး အလုပ်တွေကို ပိုလုပ်တော့မယ်လို့ စိတ်ကူးမိလာတယ်။ အခုအသက်အရွယ်လည်း ရလာပြီ။ ဘုရားကလည်း လမ်းပြလာ တယ်လို့ ပြောရမှာပါပဲ။ လူမှုရေးကိစ္စ တွေကို ပိုလုပ်ချင်လာပြီ"လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။

ကဗျာဘွဲ့မှူးက မလေးရှားခရီး စဉ်ကို နိုဝင်ဘာ ၃ဝ ရက်နေ့က ထွက်ခွာခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ပြန်ရောက် လာခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့ နောက်ပိုင်းမှာလည်း မလေးရှားနိုင်ငံကို ခုလိုပဲ ချစ်စမ်းမောင်တို့ အဖွဲ့၊ MYC လူငယ်အဖွဲ့နဲ့အတူ နှစ်ပတ်ကြာ ထပ်မံသွားရောက်ဖို့ အစီအစဉ် ရှိနေကြာင်း ကဗျာဘွဲ့မှူးက ပြောပြခဲ့ပါတယ်။

ထက်လူလူ

Popular Journal - HIV ဝေဒနာရှင်များကို အားပေးစောင့်ရှောက်ခဲ့တဲ့ ကဗျာဘွဲ့မှူး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top