4
Nov

HIV ဝေဒနာရှင်တွေ ခိုနားရာ ရွှေပြည်သာက ဆည်းဆာရောင်ခြည် အခက်ကြုံနေပြီ

ခိုကိုးရာမဲ့ဖြစ်နေတဲ့ HIV ဝေဒနာရှင်တွေအတွက် ရွှေပြည်သာမြို့နယ် တော်ဝင်လမ်းထဲက ကံကော်ပင်ကျောင်းတိုက်ဝင်းထဲက ဆည်းဆာရောင်ခြည် အခမဲ့ တည်းခိုဆောင်လေးက ခဏတာ ချွေးသိပ်နားခိုဖို့ လက်ကမ်းကြိုနေပါတယ်။ ဒါပေမယ့် အဲဒီတည်းခိုဆောင်ဟာ အခုတော့ အခက်အခဲတွေ ရင်ဆိုင်နေရပါပြီ။

HIV ရောဂါပိုးရှိပြီး နေစရာမရှိ ဖြစ်နေတဲ့ သူတွေရော၊ ရန်ကုန်မှာ ဆေးလာကုရင်း ယာယီတည်းခိုဖို့ အတွက်ပါ ဒီတည်းခိုဆောင်လေးကို ရည်ရွယ်ဖွင့်လှစ်ထားတာပါ။ ၂ဝ၁၂ ခုနှစ်မှာ ဆည်းဆာရောင်ခြည် တည်းခိုဆောင်ကို ဦးကျော်နိုင်က စတင်ထူထောင်ခဲ့ပြီး ဝေဒနာရှင်တွေရဲ့ ကျန်းမာရေး၊ နေထိုင်ရေးတွေနဲ့ ချက်ပြုတ်စားသောက်ဖို့အတွက် အလှူခံပြီး ကူညီပံ့ပိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာဖြစ်တယ်လို့ တာဝန်ခံ ဦးအောင်မျိုးဝင်းက ရှင်းပြပါတယ်။

အုပ်ချုပ်ရေးပိုင်းက အာဏာပိုင်တွေက HIV ဝေဒနာရှင်တွေကို မထားသင့်ဘူးဆိုတဲ့ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်ခဲ့ရသလို ဧည့်စာရင်းတိုင်ကြားဖို့မှာလည်း အခက်အခဲတွေ ကြုံခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အဆင်ပြေလာခဲ့ပြီး အိမ်ငှားကနေ မြေဝယ်ဖို့ အလှူငွေတွေကို ကံကော်ကျောင်းဆရာတော်က ဦးဆောင်ပြီး လုပ်ကိုင်ပေးမယ်လို့ ဆိုတာကြောင့် တည်းခိုဆောင်လေး ဖြစ်လာခဲ့တယ်လို့ ပြောပြပါတယ်။

၂ဝ၁၅ ကုန်ရင် ဒီတည်းခိုဆောင်ကို ဖယ်ပေးဖို့ ဆရာတော်က ပြောလာပါပြီ။ နယ်ကနေ လာရောက်တည်းခိုတဲ့ ဝေဒနာရှင်တွေလည်း များလာတာကြောင့် တည်းခိုဆောင်အနေနဲ့ ပြည့်စုံမှုမရှိသေးတာကြောင့် အလှူငွေတွေ လိုအပ်နေပါတယ်လို့ ပြောပါတယ်။

မျက်နှာကျက်နဲ့ အခင်းလိုအပ်ချက်ကြောင့် လူနာတွေအနေနဲ့ နေထိုင်ရေး အခက်အခဲတစ်ချို့ရှိနေသလို သောက်သုံးရေဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၅ မှာ တည်းခိုဆောင် ပြောင်းပေးရမှာမို့ မြေနေရာလှူမယ့်သူရှိရင် ကြိုဆိုပါတယ်လို့ ပြောပါတယ်။

ကမာရွတ် - HIV ဝေဒနာရှင်တွေ ခိုနားရာ ရွှေပြည်သာက ဆည်းဆာရောင်ခြည် အခက်ကြုံနေပြီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top