4
Nov

HIV ဝေဒနာရှင်တွေ ဘဝနေပျော်စိုပြေဖို့ ဖိုရမ် ရန်ကုန်မှာ ၂ ရက်ကျင်းပ

နေပျော်ဘဝ စိုပြေဖို့ အားလုံးအတူလက်တွဲစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ အမျိုးသား PLHIVကွန်ရက်က စက်တင်ဘာ ၂၄ ရက်နေ့ကစပြီး ၂ ရက်ကြာ ဖိုရမ်ကို ရန်ကုန်မြို့ Excel Treasure ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ HIV ရောဂါပိုး ရှိသူတွေနဲ့ ပတ်သက်ပြီး ဒီဖိုရမ်က ဘာတွေ ဆွေးနွေးကြတာလဲ။

HIV ရောဂါပိုးရှိသူတွေရဲ့ အခွင့်အရေး၊ ရောဂါပိုးရှိသူတွေ နေထိုင်ရမယ့်လူမှုဘဝနဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတဲ့အကြောင်းတွေကို ဆရာဝန်တွေက ရှင်းလင်းဆွေးနွေးသလို HIV ရောဂါပိုးရှိသူတွေရဲ့ အခန်းကဏ္ဍနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ အဓိကရည်ရွယ်ကျင်းပတာလို့ ဦးမျိုးသန့်အောင်က ပြောပါတယ်။

အခုလို ဖိုရမ်ကို ကျင်းပလာတာ ဒီတစ်ကြိမ်နဲ့ဆိုရင် ၈ကြိမ်ရှိပြီးဖြစ်ပြီး အရင်တုန်းကတော့ ရောဂါပိုးရှိသူတွေ ခွဲခြားဆက်ဆံခံရတာတွေ အခက်အခဲရှိခဲ့ပြီး အရည်အသွေးပြည့်ဝတဲ့ ဆေးကုသမှုမျိုး ရနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ အခုတော့ ဆေးဝါးလိုအပ်ချက် ၅ဝ ရာခိုင်ကျော်ကို ထောက်ပံ့နေပြီး ထိရောက်မှန်ကန်တဲ့ ဆေးဝါးကုသမှု ခံယူရင် ကျန်းကျန်းမာမာ နေထိုင်နိုင်မယ်လို့ ဆိုပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးက HIV ရောဂါပိုး ရှိသူတွေရဲ့ကိုယ်စား ကုသရေး၊ ကာကွယ်ရေး၊ ပြုစုစောင့်ရှောက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရနိုင်ဖို့၊ ရောဂါပိုးရှိသူတွေ ဥပဒေ အကာအကွယ် ရဖို့ ဒီဖိုရမ်မှာ ဆွေးနွေးကြတာ ဖြစ်တယ်လို့ ကိုထွန်းအောင်ကျော်က ပြောပါတယ်။

မြန်မာပြည်မှာ ART ဆေးကို နေရာအနှံ့ ပြည့်စုံအောင် မပေးနိုင်သေးပေမယ့် မြို့နယ်အဆင့်တွေမှာတော့ ပေးနိုင်ပြီလို့ ဆိုပါတယ်။

ကမာရွတ် - HIV ဝေဒနာရှင်တွေ ဘဝနေပျော်စိုပြေဖို့ ဖိုရမ် ရန်ကုန်မှာ ၂ ရက်ကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top