မြန်မာနိုင်ငံရှိ HIV ဝေဒနာရှင် ခုနစ်သောင်းကျော်မှာ ဆေးဝါးကု သခွင့်မရရှိသေးကြောင်း HIV/AIDS ဝေဒနာရှင်များအား ကုသ စောင့်ရှောက်ပေးနေသည့် အေးမြေ မတ္တာဖောင်ဒေးရှုင်း ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။ဇန်နဝါရီ ၂၅ ရက်နေ့က ရွှေ့ဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ကျင်းပ သော HIV/AIDS ကာကွယ်ရေး ကုသေ ရးနှင့် ပြုစုစောင့်ရှောက်ရေး အတွက် ဂီတဖျော်ဖြေပွဲပြုလုပ်သည့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ စစ်တမ်းထုတ်ပြန်ချက်အရကမ္ဘာ ပေါ်၌HIV/AIDSဝေဒနာရှင်ပေါင်း ၃၄ သန်းကျော်ရှိပြီးမြန်မာနိုင်ငံအတွင်း ၌ ဝေဒနာရှင် ၂၃၇ဝဝဝ ရှိသည့် အနက်မှ တစ်သိန်းကျော် ကိုသာ ဆေးဝါးကုသမှုပြုလုပ်ပေးနိုင်သေးသည် ဟု ဆိုသည်။”ကျွန်တော်တို့အဖွဲ့အစည်း တွေ အနေနဲ့ ဝေဒနာရှင်တွေကိုတစ်နိုင်ငံလုံးအတိုင်း အတာထိတော့ ပံ့ပိုးပေး နိုင်မှုမရှိဘူး၊ အဲဒါကလည်း ဆေးဝါး စရိတ်အခက်အခဲကြောင့် ပဲဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း ယခင်က မြန်မာနိုင်ငံအတွင်းရှိ HIV/AID ဝေဒနာရှင်များ အတွက် ဆေးဝါးကုသစရိတ် ရန်ပုံငွေကို 3D fund က ထောက်ပံ့ပေးခဲ့ပြီး နောက်ပိုင်း၌ Global Fun နှင့်ချိတ် ဆက်ပေးခဲ့ကာ ၄င်းကိုယ်စား Global Fund ကသာ ဆက်လက်ထောက်ပံ့ပေး နေခဲ့ရာမှ ပြီးခဲ့သည့်နှစ်မှ စတင်၍ Global Fund ကလည်း မြန်မာနိုင်ငံအတွင်းမှ HIV/AID ဝေဒနာ ရှင်များအတွက် ထောက်ပံ့ပေးနေသည့် ရန်ပုံငွေ များကို ရပ်ဆိုင်းလိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
”ဝေဒနာရှင်တွေကို ထောက်ပံ့ရတဲ့ဆေးဈေးက တစ်လစာကို အနည်းဆုံး နှစ်သိန်း နီးပါးလောက် ရှိတယ်၊ ဝေဒနာရှင်တွေ အကုန်လုံး ကို ကူညီဖို့ဆိုရင် ပြည်တွင်းရော ပြည်ပကပါ အကူအညီတွေ ဒီထက်ပို လိုအပ်ဦး မှာပါ”ဟု လူမှုရေးလုပ် ငန်းများလုပ်ကိုင်ဆောင် ရွက်နေသည့် ဒေါက်တာ သန်းအေးကပြောသည်။
လက်ရှိအခြေအနေ ၌ ပြည်တွင်းမှ HI ဝေဒနာရှင် များအတွက် ဆေးဝါးထောက်ပံ့မှုကို နိုင်ငံတော်ပိုင်းက တစ်နှစ်လျှင် ဝေဒနာရှင် တစ် ထောင်ကျော် အတွက် ထောက်ပံ့ ပေးပြီး ကျန်သည့်ဝေဒနာရှင်များကို မူပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများက ကူညီလှူ ဒါန်းထောက်ပံ့ပေးကြကြောင်း HIV/AIDS ဝေဒနာရှင်များကို ကုသပေးနေသည့် ဝေဘာဂီဆေးရုံကြီး၏ အငြိမ်းစား ဆေးရုံ အုပ်ဟောင်း ဒေါက်တာအောင်လွင်ကပြောသည်။
စံကျော်၊ မိုးမြင့်မြတ် (ရန်ကုန်၊ ဇန်နဝါရီ ၂၈)
Popular - HIV ဝေဒနာရှင် ခုနစ်သောင်းကျော် ဆေးဝါကုသခွင့် မရသေး




