သုတေသန ပြုချက်များအရ အမေရိကန် ပြည်ထောင်စုတွင် အိမ်ထောင်ကျပြီး သူများ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အိမ်ထောင်များ ပြန်ကွဲတတ်ရာ HIV/AIDS ဝေဒနာ စွဲကပ်နေသူများ အနက် အိမ်ထောင်ရှိသူ ဝေဒနာရှင် များသည် အသက် ပိုရှည်လေ့ ရှိကြောင်း International Journal of Infectious Diseases ဂျာနယ်တွင် ဖော်ပြ ရေးသားထားသည်။
အမေရိကန်နိုင်ငံ အမျိုးသား သေမှု စာရင်းပြုစုရေး ဌာန၏ ဆန်းစစ်ချက်အရ အသက် ၁၅ နှစ်နှင့် အထက် ဝေဒနာရှင် ၇၆၃,၀၀၀ ဦးကို လေ့လာ ဆန်းစစ်ရာတွင် ၄၁၀ ဦးသာ အသက် ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်ကွဲများ တွင် ရောဂါရှိသူ သေနှုန်းသည် လက်ထပ်ထားသူများထက် ခြောက်ဆ သေ ဆုံးရန် နီးစပ်ကြောင်း၊ ရောဂါ ဖြစ်ပွားသည့် လက်မထပ်ရသေးသူသည် လက်ထပ်ထားသူထက် သေနှုန်းမှာ ၁၃ ဒသမ ၅ ဆနှုန်းဖြစ်ကြောင်း ယင်းစာစောင်တွင် ရေးသားထားသည်။
The Voice Weekly - HIV ဝေဒနာ ရှိသူများအနက် အိမ်ထောင်ရှင်များ ပိုပြီး အသက်ရှည်




