8
Mar

HIV ဝေဒနာရှင်တစ်ဦးမှ ခုခံအား ကျဆင်းမှုရောဂါ အကြောင်း စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ရင်ဖွင့်ပြောကြားသော ခရီးစဉ်

မကွေးမြို့ ဈေးလယ်စိုးရပ်ကွက်၊ ဂရုဏာရှင်များ နာရေးကူညီမှု အသင်း (မကွေး) ၌ မတ် (၈) ရက်၊ နေ့ (၉း၄၀) မှ (၁၀း၄၀) နာရီ အချိန်ခန့်တွင် နာယက ဆရာတော် ဦးသာသနနှင့် အဖွဲ့ဝင် (၃၀) ခန့်တို့သည် HIV ဝေဒနာရှင် တစ်ဦးမှ စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ခုခံအား ကျဆင်းမှုရောဂါအကြောင်း ရင်ဖွင့်ပြောကြားသော ကိုစရကို Srako (၃၅) နှစ်၏ ဟောပြောဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။

ကိုစရကို Srako (၃၅) နှစ်သည် မန္တလေး ဇာတိဖြစ်ကြောင်း၊ သူ၏ စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ခုခံအား ကျဆင်းမှုရောဂါအကြောင်း ရင်ဖွင့်ပြောကြားသော ခရီးစဉ်ကို ၂၀၁၃၊ ဒီဇင်ဘာလ (၁) ရက် ကမ္ဘာ့ခုခံအား ကျဆင်းမှုရောဂါ ကြိုတင်ကာကွယ်ရေးနေ့ မှာ စတင်ခဲ့ကြောင်း၊ ၎င်းခရီးစဉ်ကို ဦးကျော်သူ၏ နာရေးကူညီမှု အသင်း (ရန်ကုန်) ၌ အခမ်းအနားပြုလုပ်၍ စတင်ထွက်ခွာခဲ့ကြောင်း၊ မကွေးမြို့သို့ရောက်ရှိသော မိုင်ပေါင်း (၂၆၆၅) မိုင်၊ ရပ်နား၍ တည်းခိုခဲ့သောနေရာပေါင်း (၇၀) ရှိခဲ့ကြောင်း၊ မကွေးမြို့မှ အထက်မင်းလှမြို့သို့ မတ် (၉) ရက် နေ့တွင် ဆက်လက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးသို့ ခရီစဉ် ဆွဲထားကြောင်း၊ ခရီးစဉ်အား ကျန်းမာရေး ကောင်းလျှင် တစ်နှစ်ကျော်ခန့် ကြာမည်ဖြစ်ကြောင်း၊ ရောက်ရှိသောမြို့များတွင် ပရဟိတ လူမှုရေး အကူအညီ အသင်းများသို့ ၀င်ရောက်တည်းခိုကြောင်း ကိုစရကိုက ပြောသည်။

ကျွန်တော် ဒီခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရတယ်ဆိုတာကို (၂၀-၁-၂၀၀၅) နေ့မှာ သိခဲ့ရပါတယ်။ ART ဆေးကို လူနာမှတ်ပုံတင် အမှတ် ၉၉/၃၃၉/၀၆ နဲ့ (၁၆-၁၁-၂၀၀၆) မှာစတင်ရရှိ သုံးစွဲခဲ့ပါတယ်။ ကျွန်တော့်လို ဘ၀တူ ဝေဒနာရှင်တွေရဲ့ ရိုးရှင်းတဲ့ ဘ၀နဲ့ သက်တမ်းစေ့ နေထိုင်နိုင်ရေး အတွက် ထားရှိရမဲ့ စိတ်ဓာတ်နဲ့ နေထိုင်ပြုမှု သင့်တာတွေ၊ ART ဆေးသုံးစွဲပုံတွေကို အကြံပြုအားပေးသွားမှာပါ။ နောက် ဝေဒနာရှင်တွေကို မိဘ ဆွေမျိုး သူငယ်ချင်း ပတ်ဝန်းကျင်တွေက ထားရှိစေချင်တဲ့ စိတ်ဓာတ်၊ အပြုအမူများကိုလည်း ဆွေးနွေးအကြံပြုသွား ပါ့မယ်။

"ကျွန်တော့်လို ဝေဒနာမျိုး မကူးစက်အောင် ဒီရောဂါအတွက် ကြိုတင်ကာကွယ်တားဆီးနိုင်အောင် ရောက်တဲ့ မြို့/ရွာ နေရာတိုင်းမှာ စကားဝိုင်း (သို့မဟုတ်) ဆွေးနွေးဟောပြောပွဲတွေကို ပြုလုပ်ပြီး ရှယ်ယာအဖြစ် ဖြန့်ဝေပေး သွားဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးစဉ်ကို ဆွဲခဲ့တာပါ။" ဟု Sarko ကိုစရကို က ပြောသည်။

Winkyi - HIV ဝေဒနာရှင်တစ်ဦးမှ ခုခံအား ကျဆင်းမှုရောဂါ အကြောင်း စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ရင်ဖွင့်ပြောကြားသော ခရီးစဉ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top