ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ HIV ဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်များအတွက် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရရှိအောင် အမျိုးသမီးဖွံ့ဖြိုးမှု စက်ချုပ်သင်တန်းဖွင့်လှစ် ထားရှိခဲ့တယ်လို့ သိရပါတယ်။ မ၀င်းဝင်းမြင့်ဟာ ဘားအံ့မြို့မှဖြစ်ပြီး လွန်ခဲ့တဲ့ (၂) နှစ်က စတင်ကာ HIV ပိုးကူးစက်ခံခဲ့ သူဖြစ်ပါတယ်။
အမျိုးသမီးဖွံ့ဖြိုးမှု စက်ချုပ်သင်တန်းကိုတော့ (၂၀၁၃) ခုနှစ်မှာ ရောက်ရှိကာ အပ်ချုပ်သင်တန်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမျိုသမီးဖွံ့ဖြိုးမှု စက်ချုပ်သင်တန်းကိုတော့ (၂၀၁၃) ခုနှစ် (၇) လပိုင်းကစတင်ဖွင့်လှစ် ခဲ့ပြီး ရောဂါဝေဒနာ ခံစားနေရတဲ့ သင်တန်းသား(၂၅) ဦးနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ သင်တန်းကိုအပတ်စဉ်လိုက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးဖွံ့ဖြိုးမှုစက်ချုပ်သင်တန်းမှာ သင်တန်းသားတွေကို ရွပ္အက်ႌ၊ အမ်ဳိးသမီး ၀တ္အက်ႌမ်ား၊ ထဘီများနဲ့ ဘောင်းဘီချုပ်လုပ်ခြင်းများကိုလည်း သင်တန်းရှိ ဆရာတွေက သင်ကြားပေးနေတာဖြစ်ပါတယ်။ ဒီလို စက်ချုပ်မှု သင်တန်းတွေအပြင် အမျိုးသမီးများအတွက် သားဆက်ခြားနည်းသင်တန်းများကိုလည်း အခါအားလျော်စွာပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါ သင်တန်းတွေအပြင် နောက်ပိုင်းမှာတော့ HIV ဝေဒနာခံစားနေရတဲ့ အမျိုးသမီး များအတွက် ကွန်ပျူတာသင်တန်းတွေကို ပို့ချပေးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
MRTV-4 - HIV ဝေဒနာရှင်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပြုလုပ်




