28
Nov

HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည်

HIV ဖြင့် အသက်ရှင် နေထိုင်သူများ နှင့် နန်းခင်ဇေယျာတို့သည် နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် ကန်တော်ကြီး၌ လမ်းလျှောက်ကြမည်ဖြစ်သည်။ ယင်း အစီအစဉ်သည် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် World AIDS Day ကို ကြိုဆိုသည့်အနေဖြင့် PSI က စီစဉ် လုပ်ဆောင်ခြင်းဖြစ်ပြီး နန်းခင်ဇေယျာ အနေဖြင့် ဒုတိယ အကြိမ်မြောက် ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

“AIDS ဝေဒနာ ခံစားနေရသူတွေ အတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းက အကူအညီတောင်းလို့ လုပ်ကိုင်ဖြစ် တာပါ။ ကန်တော်ကြီးမှာပဲ စုရပ်ထားပြီး ကန်တစ်ပတ် လမ်းလျှောက်ကြမှာပါ။ HIV နဲ့ပတ်သက်ပြီး လုပ်ကိုင် နေကြတဲ့အဖွဲ့ အစည်းတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်။ လူသားအားလုံး အတူတူပဲဆိုတဲ့ အသိကို ပေး ချင်လို့ ဒီလိုပွဲမှာ ပါဝင်တာပါ” ဟု နန်းခင်ဇေယျာက ဆိုသည်။

နန်းခင်ဇေယျာသည် နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံကလေး သူငယ်အခွင့်အရေး ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက် ရန်ပုံငွေ ဈေးရောင်းပွဲတွင်လည်း အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ဆောင်ခဲ့သည့် အပြင် ဒီဇင်ဘာ ၄ ရက်တွင် မန္တလေးသို့ သွားရောက်ကာ ကလေးငယ်များနှင့်တွေ့ဆုံပြီး သူမ သင်ကြားခဲ့ သည့် ပညာရပ်များ အကြောင်း၊ လေ့လာခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးသည့် ပုံစံဖြင့် ဟောပြော မည်ဖြစ်သည်။

မဇ္ဈိမ - HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top