15
Oct

HIV ဝေဒနာရှင် များနှင့် SexWorker များအား စိတ်ဓာတ် မြှင့်တင်ပေးရန် အမေရိကန် INGO တစ်ခုနှင့် MANA တို့ ပူးပေါင်း ဆောင်ရွက်မည်

ပြည်တွင်းရှိ HIV ရောဂါ ဝေဒနာရှင်များနှင့် SexWorker များအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း အစီအစဉ် များကို အမေရိကန် နိုင်ငံ အခြေစိုက် INGO အဖွဲ့ အစည်း တစ်ခုနှင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) တို့ ပူးပေါင်း၍ ယခုလမှ စတင်ကာ တစ်လလျှင် တစ်ကြိမ်နှုန်း ဖြင့် လစဉ် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း MANA မှ သိရသည်။

အမေရိကန် နိုင်ငံက အဖွဲ့ မှာ ဆရာဝန်တွေနဲ့ ပညာရှင် တချို့ပါမယ်။ သူတို့တွေနဲ့ ကျွန်တော်တို့ အဖွဲ့ ဝင်တွေ ပူးပေါင်းပြီး HIV ဝေဒနာရှင် တွေ၊ SexWorker တွေနဲ့ တွေ့ဆုံ မယ်။ သူတို့တွေ အတွက် စိတ်ဓာတ် ခွန်အားတွေ ရရှိလာအောင် ပညာပေး ဆွေးနွေး ပြောဆိုမှုတွေ လုပ်သွားမှာပါ ဟု MANA လူငယ် အားမာန် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အတွင်း၊ လူမှု ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံမှု များတွင် စိတ်ဓာတ်ကျ၊ အားငယ်မှုများ မရှိစေရန် ဆွေးနွေး အားပေးမှုများ၊ လိုက်နာ ကျင့်သုံးသင့်သည့် အချက်များကို စကားဝိုင်းများ သဖွယ် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း၌ HIV ရောဂါ ဝေဒနာ ခံစားနေရသူ နှစ်သိန်း ၀န်းကျင်ရှိ နေပြီး ၎င်း တို့ထဲမှ အများစုမှာ ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံရာတွင် စိတ်အားငယ်မှုများ ခံစားနေကြရကြောင်း HIV ရောဂါ ဝေဒနာရှင်များ အရေး ကူညီ ဆောင်ရွက်ပေး နေသည့် အဖွဲ့ အစည်း တချို့ထံမှ သိရသည်။ HIV ရောဂါ ဝေဒနာ ခံစားနေကြရသူများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် လုပ်ငန်းခွင်များ အတွင်းတွင်လည်း ခွဲခြား ဆက်ဆံခံ နေရမှုမှာ ဒေသ တချို့တွင် ရှိနေသေးကြောင်း Myanmar Positive Woman Group မှ သိရသည်။

အရင်ကတော့ ရောဂါရှိတယ် ဆိုရင် ခွဲခြား ဆက်ဆံခံရတာတွေ ရှိတယ်။ အခု နောက်ပိုင်းမှာ အသိပညာပေးမှု တွေလည်း တိုးတက်လာတော့ အရင်က ထက်စာရင် နည်းသွားပြီ။ တချို့တော့ရှိနေ သေးတယ် ဟု HIV ဝေဒနာရှင်များနှင့် ပတ်သက်၍ အကူအညီပေး ဆောင်ရွက်မှုများ တက်ကြွစွာ ပါဝင် လှုပ်ရှားနေသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

ယခုအခါတွင် ပြည်တွင်းရှိ HIV/AIDS ရောဂါ ဝေဒနာရှင်များ အတွက် ခွဲခြား ဆက်ဆံခံနေရ မှုများ ပပျောက်ရေး၊ ဆေးဝါး ရရှိရန် လမ်းညွှန်ပေးခြင်း၊ အလုပ်အကိုင် ရရှိရေး အတွက် အလုပ်ရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းများ၊ ဆေးဝါး ရရှိရေး လမ်းညွှန် ဆောင်ရွက် ပေးခြင်းများကို HIV/AIDS ဆိုင်ရာ အကူအညီပေးရေး ကွန်ရက် ခုနစ်ခု နှင့် အဖွဲ့ ငယ် တချို့မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ အောင်ဖြိုးဆွေ

The Messenger - HIV ဝေဒနာရှင် များနှင့် SexWorker များအား စိတ်ဓာတ် မြှင့်တင်ပေးရန် အမေရိကန် INGO တစ်ခုနှင့် MANA တို့ ပူးပေါင်း ဆောင်ရွက်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top