19
May

HIV ဝေဒနာရှင်များတွင် တစ်နေ့အရက်မည်မျှ သောက်သုံးသင့်သနည်း

လေ့လာမှု အသစ်တစ်ခုက HIV ပိုး ကူးစက်ခံထားရသူများသည် ကျန်သူများထက် အရက်ကို ခံနိုင်ရည် ပိုနည်းကြောင်း သရုပ်ပြခဲ့သည်။ ယင်းလေ့လာမှုအား ယေး တက္ကသိုလ်မှ လုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး၊ မည်သည့်အတွက်ကြောင့် ဖြစ် ရသည်ကိုမူ ယခုချိန်ထိ မသိသေးပေ။ ရိုးရိုးရှင်းရှင်း HIV ကူးစက်ခံ ထားရသူက အရက်ကို ခံနိုင်ရည်မရှိ တာလား (သို့) HIV ပိုးကူးစက်ခံ ထားရသည့်အတွက် သွေးထဲ၌ alcohol က ပြင်းအားပိုများသွား သလား မသေချာပေ။ ယင်းကဲ့သို့ အယ်ကိုဟော၏ HIV ဝေဒနာရှင် များအပေါ် သက်ရောက်မှုအား သိရရန် လေ့လာသူများက HIV ကူးစက်ခံထားရသူ အမျိုးသားများအား စုဆောင်း၍၊ ၎င်းင်းတို့ ရေချိန်ကိုက်သည် အထိ alcohol ပမာဏ မည်မျှလို သည်ကို မေးမြန်းခဲ့သည်။

ထို့နောက် HIV ကူးစက်မခံထားရသူနှင့် ကူးစက်ခံထားရပြီး ဆေးဖြင့် ထိန်းချုပ်ထားနိုင်သူများ တွင်လည်း ထိုနည်းအတိုင်း မေးမြန်း ခဲ့သည်။ ထို့နောက် သုံးဖွဲ့စလုံးအား စမ်းသပ်မှုပြုလုပ်ခဲ့ရာ၊  HIV ကူးစက် ခံထားရသော အမျိုးသားများက အရက်ကို ခံနိုင်ရည်ပိုနည်းကြောင်း တွေ့ခဲ့ရသည်။ လေ့လာမှု၏ ရည်ရွယ်ချက်မှာ HIV ဝေဒနာရှင်များတွင် ကျန်းမာရေးနှင့် ညီညွတ်စွာ သောက်သုံးသင့်သော အရက်ပမာဏဟူသည် မရှိဘဲ၊ အရက်၏ ဘေးထွက်ဆိုးကျိုး ကိုသောက်သည်ထက် ပိုခံရစေနိုင်ကြောင်း သတိပေးလိုခြင်းဖြစ်သည်။

အ၀င်း
Ref; Medindia

Health Updates Journal - HIV ဝေဒနာရှင်များတွင် တစ်နေ့အရက်မည်မျှ သောက်သုံးသင့်သနည်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top