6
Aug

HIV ဖြစ်ပွားနေသဖြင့် ဆေးဝါးအကူအညီ တောင်းခံသူများ ထဲတွင် အသက် ၆ဝ နှင့် အထက် လူကြီးများ မပါဝင်



HIV
ဖြစ်ပွားနေသဖြင့် ဆေးဝါး အကူအညီ တောင်းခံသူများ ထဲတွင် အသက် ၆ဝ ဝန်းကျင်နှင့် အထက်
လူကြီးများ မပါဝင်ကြောင်း အေ့ဒ်စ် နှင့်ဆိုင်သော NGO အဖွဲ့တစ်ခုမှ သိရသည်။

”ဒါပေမဲ့
ကျွန်တော်တို့ လေ့လာချက်တွေ အရတော့ အပျော်အပါး လိုက်စားရာမှာ မြို့ပြလူငယ်တွေနဲ့ လူလတ်ပိုင်းတွေဟာ
ကွန်ဒုံးကို သုံးကြပြီး လူကြီးတွေက ကွန်ဒုံး မသုံးကြဘူးဆိုတာ သိရတယ်။ ကျွန်တော်ပြောတဲ့
လူကြီးဆိုတာ အသက် ၆ဝ နဲ့ အထက် မြို့ပြမှာ နေတဲ့ လူလတ်တန်းစား တွေပါ။ သူတို့ ဘာလို့
ကွန်ဒုံးမသုံးလဲ လေ့လာ ကြည့်တော့ သူတို့ရဲ့ လူငယ်ဘဝ ဖြတ်သန်းမှုမှာ အေ့ဒ်စ် ရဲ့ ခြောက်လှန့်မှုကို
မခံခဲ့ရဘူး ဆိုတော့ ကွန်ဒုံးလည်း မသုံးခဲ့ကြဘူး။ ပြီး တော့ ကွန်ဒုံး သွားဝယ် ရမှာလည်း
ရှက်ကြတယ်။ ကွန်ဒုံးကြောင့် ခံစားမှု ပေါ့တယ်လို့လည်း ယူဆကြတယ်” ဟု ၄င်းက ပြောသည်။

၎င်းတို့သည်
မိသားစုဝင်များ သိရှိသွားမည်ကိုပင် မလိုလားခြင်း နှင့် အသက်အရွယ် ကြီးနေပြီ ဖြစ်၍ စိတ်သောက
ရောက်စရာများကို မကြုံတွေ့လိုခြင်း တို့ကြောင့် သွေးစစ်ခြင်း မပြုကြသလို HIV ကူးစက်
ခံထားရမှန်း သိရှိပါကလည်း နှစ်သိမ့် ဆွေးနွေးမှု ခံယူခြင်းနှင့် ဆေးဝါး အကူအညီ တောင်းခြင်းတို့ကို
မပြုလုပ် ကြခြင်း ဖြစ်နိုင်သည်ဟု ၄င်းက သုံးသပ်သည်။ အသက် ၆ဝ ဝန်းကျင်နှင့် အထက်လူကြီးများအား
အပျော်အပါး လိုက်စားခြင်း ရှိမရှိ၊ ပျော်ပါးသည့် အခါတွင် ကွန်ဒုံး သုံးခြင်း ရှိ၊ မရှိနှင့်
သွေးစစ်ခြင်း ရှိမရှိ မေးမြန်းခဲ့ရာ အများစုမှာ ဖြေဆိုရန် ငြင်းဆန် ခဲ့ကြသည်ဟု အထက်ပါ
ဆရာဝန်က ထပ
်လောင်း ပြောသည်။

PN-012

Aug 6th, 2010

Popular News
- HIV ဖြစ်ပွားနေသဖြင့် ဆေးဝါးအကူအညီ တောင်းခံသူများ ထဲတွင် အသက် ၆ဝ နှင့် အထက် လူကြီးများ
မပါဝင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top