26
May

HIV ဖြစ်နေသူများ အသက်ရှည်ရန် ကူညီခြင်း



အသက် ၅၂နှစ်ရှိပြီဖြစ်တဲ့
“ချိုဗွန်(Chov Von)”
ဟာ ကမ္ဘောဒီးယားနိုင်ငံ၊ (Kampong
Thom
) နယ်
စံတော့ခ် (Santok) မြို့မှာ
သူ့သမီးနဲ့အတူ
နေထိုင်ပါတယ်။
သူမဟာ မိသားစုမှာ
တဦးတည်းသောသမီးဖြစ်ပြီး
အဆိုတော် တယောက်လည်း
ဖြစ်ခဲ့ဖူးပါတယ်။
ခမာ(Khmer)
ရိုးရာသီချင်းတွေကို
ခံပွန်တွမ်း(Kampong Thom) နယ်မှာ သူမ သီဆိုဖျော်ဖြေလေ့ရှိခဲ့ပါတယ်။
သူမ အိမ်ထောင်ကျခဲ့ပြီး
သားသမီးတွေ
ရခဲ့ပါတယ်။

 

ွန်(Von) နောက်အိမ်ထောင်က ဘွန် နဲ့ လမ်းမခွဲမီ နှစ်နှစ်လောက်
အတူနေခဲ့ပါတယ်။ သူမ
အမျိုးသားနဲ့ လမ်းခွဲပြီး နောက်မှာတော့
ဘာကြောင့်မှန်းမသိပဲ
နေမကောင်း စဖြစ်ပါတယ်။
သူမတို့ရွာမှာရောင်းတဲ့
ဆေးဆိုင်က
ဆေးတွေကို
သူမ ဝယ်သောက်ခဲ့ပါတယ်။
သူမ ကျန်းကျန်းမာမာရှိတုန်းက
ရှာဖွေစုဆောင်းထားတဲ့
ပစ္စည်းဥစ္စာလေး တွေကို
ရောင်းချပြီး
ဆေးကုသခဲ့ရပါတယ်။
သူမရဲ့ ရောဂါကို အထူးကု ဆရာဝန်နဲ့
ကုသခဲ့ရပြီး
သောက်ရတဲ့
ဆေးတွေ ကလည်း
ဈေးကြီးပါတယ်။
သူမရဲ့ ကျန်းမာရေးက
ကောင်းမလာတဲ့အတွက်
သူမ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။
တနေ့မှာတော့
ကျေးလက်ကျန်းမာရေးဝန်ထမ်း
တယောက်နဲ့
တွေ့ပါတယ်။
အဲဒီသူက သူမကို အကြံ ဥာဏ်တွေပေးခဲ့ပြီး
Kampong Thom Referral 
ဆေးရုံက ဆရာဝန်နဲ့
တွေ့ပေးဖို့အတွက်
သူမကို ခေါ်သွားပါတယ်။

 

သူမဆေးရုံကို ရောက်ပြီး ဆရာဝန်နဲ့ တွေ့တဲ့အခါမှာ နှစ်သိမ့်ဆွေးနွေး အကြံပေးကြတဲ့အတွက် သူမကို အားတက်စေပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်။
HIV
စမ်းသပ်စစ်ဆေးချက်အတွက် ရင်ဆိုင်ဖို့ရန် သတ္တိရှိ လာခဲ့ပါတယ်။
HIV
ရှိ၊
မရှိ သွေးစစ်ချင်ပါတယ်၊ အဲဒီအတွက် သူမ မကြောက်ပါဘူးလို့ ဆရာဝန်ကို ပြောပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဗွန်မှာ
HIV
ရှိနေကြောင်း ဆေးစစ်ချက် ထွက်လာပါတယ်။

         

“ဗွန်” ဟာ HIV ပိုးရှိနေသူ တယောက်ဖြစ်ပေမယ့် ကျန်းကျ­­န်းမာမာရှိနေသေးပြီး ဆေးတွေက ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လိမ့်မယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့တဲ့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး ဆေးတွေကိုလည်း အချိန်မှန် သောက်ပါတယ်။ သူမဘဝမှာ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီး သူ့ကလေးတွေ အရွယ်ရောက်လာတာကို မြင်ချင်တဲ့ ဆန္ဒနဲ့ ကျန်းကျန်းမာမာ အသက်ရှင်နေနိုင်ဖို့ သူမ
ကြိုးစားပါ တယ်။
သူမ ဆေးသွားစစ်တဲ့အခါတွေမှာ ဆေးရုံက ဆရာဝန်တွေက ယဉ်ယဉ်ကျေးကျေးနဲ့ လှိုက်လှိုက်လှဲလှဲရှိပြီး ဒီဆရာဝန်တွေဟာ တကယ့်အတတ်ပညာရှင်တွေပါလို့
“ဗွန်”
က
တက်တက်ကြွကြွ
ချီးကျူး ပြောဆိုပါတယ်။

 

သူမရဲ့ ပတ်ဝန်းကျင်က ကဲ့ရဲ့ပြစ်တင်မှုတွေ ခွဲခြား ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး
“ဗွန်”
က
သူမကျန်းမာရေး
ကောင်းနေတာတောင်မှ
သူမရဲ့ အိမ်နီးချင်တွေက
သူမကို ခွဲခြားဆက်ဆံတယ်။
သူမရဲ့ အခြေအနေနဲ့ပတ်သက်ပြီး
ကွယ်ရာမှာ
မကောင်းပြောကြတယ်လို့
ပြောပြပါတယ်။
ကျန်းမာရေးနဲ့
ပတ်သက်တဲ့
ကျွမ်းကျင်သူတွေ “ဗွန်” ဆီကို မကြာခဏလာတဲ့အတွက် “ဗွန်” မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေပြီဆိုတာ အိမ်နီးချင်းတွေအတွက်
သိသာထင်ရှား
စေပါတယ်။ အချို့အိမ်နီးချင်းတွေက
“ဗွန်”
ရဲ့
အခြေအနေတွေကို “ဗွန်” နောက်ကွယ်မှာ တယောက်နဲ့ တယောက် ပြောဆိုကြပါတယ်။

 

အိမ်ကနေ ဆေးရုံကို
“ဗွန်”
သွားတဲ့အခါမှာ ကားငှားခက ကမ္ဘောဒီးယားငွေ ၄၀၀၀
(

ဒေါ်လာ ) လောက် လစဉ် ကုန်ကျပါတယ်။
သူမဟာ အဲဒီကုန်ကျငွေအတွက်
ဆေးရုံက ထောက်ပံ့ကြေး
ရပါတယ်။ သူမ စပြီး ဆေးကုသမှု ခံယူတုန်းက အစားအသောက် ထောက်ပံ့ကူညီမှု ဒါမှမဟုတ် အိမ်တိုင်ရာရောက်ပြုစု
စောင့်ရှောက်မှုမျိုးမရခဲ့ပါဘူး။ ဒီလိုကူညီမှုမျိုးရအောင် ဘယ်လို လုပ်ရတယ် ဆိုတဲ့ နည်းလမ်းကိုလည်း
“ဗွန်”
မသိပါဘူး။

 

ဗွန်ဟာ အေအာတီလို့ခေါ်တဲ့ ခုခံအားကျဆင်းတားဆီးကုသမှု
(anti-retroviral therapy)ဆေးကို 
ပုံမှန် သောက်တဲ့အတွက်ကြောင့် တနေ့ပြီးတနေ့ သူမရဲ့ကျန်းမာရေး ကောင်းမွန်လာပါတယ်။ ကောင်းကောင်းအိပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကိုလည်း တတ်နိုင်သလောက်စားပါတယ်။ သူမအတွက် ပေါ့ပေါ့ ပါးပါး ဖြစ်ပြီး ကျန်းမာရေးအတွက်လည်း မထိခိုက်စေမယ့်အလုပ်ကို စတင် လုပ်နေပါပြီ။ အခုဆိုရင် သူမရဲ့ သားသမီးတွေကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ချင်သေးတဲ့အတွက်  အသက်ရှည်နိုင်သမျှရှည်အောင် သူမရဲ့ ကျန်းမာရေးကို ဂရု စိုက်ပါတယ်။

 

“ဗွန်” က သူမရဲ့ အနာဂတ်အတွက် အကောင်းမြင်ထားပါတယ်။ ဒါပေမယ့် သူမ
ကျန်းမာရေး
ပိုကောင်းလာ အောင်
အကူအညီပေးမှုတွေ
ပိုလိုချင်ပါတယ်။
ဥပမာအစားအသောက် ထောက်ပံ့တာမျိုးပါ။ “ဗွန်” က အိမ်နီးနားချင်း တွေ သူမရဲ့ နောက်ကွယ်မှာ
မကောင်းပြောတာကို
ရပ်စေချင်ပြီး၊ HIV နဲ့ နေထိုင်သူတွေကို ပတ်ဝန်းကျင်က
ကဲ့ရဲ့တာ တွေ၊
ခွဲခြားဆက်ဆံတာတွေကို  ဒေသခံ အာဏာပိုင်တွေက အရေးယူတာတွေကိုလည်း လုပ်စေချင်ပါတယ်။

 

ဘာသာပြန် - ဇင်ယော်

Resource - Antiretroviral therapy: Helping people with HIV to live long lives

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top