1
Jul

HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား

WHO ရဲ့ လမ်းညွှန်ချက် ထဲမှာတော့ HIV ပိုး ရှိသူတွေ အနေနဲ့ ရောဂါနုတုန်း ဆေးစသောက်တာက ပိုထိရောက်နိုင်ပြီး လာမယ့် ၂၀၂၅ ခုမှာ အေအိုင်ဒီအက်စ် ရောဂါ သည်ပေါင်း သုံးသန်း အသက်ကယ် နိုင်မယ်လို့ ပြောထား ပါတယ်။

ဆေးသုံးမျိုးစပ် တလုံးထဲကို HIV ပိုး ရှိသူတွေကို သူတို့ ခုခံမှု အားကောင်းနေတဲ့ အချိန်မှာ တိုက်ကြွေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အယ်ဂျီးယား အာဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ စသုံးနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV ကူးစက်သူပေါင်း ၁၆ သန်း ကနေ ၂၆ သန်း အထိ တိုးလာနေတဲ့ အတွက် ဒီလို ဆေးစောတိုက်တဲ့ စနစ်ဟာ အဲဒီရောဂါသည်တွေ အတွက် အကျိုး ရှိနိုင်တဲ့ ပေါ်လစီသစ် လို့လည်း WHO ကပြော ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အေအိုင်ဒီအက်စ် ရောဂါကုဖို့ အမေရိကန် ဒေါ်လာ သန်း၂၃၀၀ လောက် ကုန်ကျနိုင်ပြီး အခု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ အစီအစဉ်အရ ၁၀ ရာနှုန်း ကုန်ကျ စရိတ် ပိုမြင့်လာဖို့ ရှိပါတယ်။

နေ့စဉ် သောက်ရမယ့် တလုံးထဲပေါင်း ဆေးသုံးမျိုး ထုတ်တဲ့ ကုမ္ပဏီကြီး ၅ ခုက တနှစ်မှာ တယောက်ကို ဒေါ်လာ ၁၂၇ ကျမယ့် အစီအစဉ် အတွက် ဈေးလျှော့ပေးဖို့လည်း ညှိနှိုင်းနေတုန်း ဖြစ်ပါတယ်။

ဒီအစီအစဉ် အသစ်အရ ရောဂါပိုးရှိသူ အသက် ၅ နှစ် ကလေးများ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်တဲ့ မိခင်တွေကိုလည်း ဆေးတိုက်ကြွေးမှာ ဖြစ်ပါတယ်။

BBC - HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top