19
Feb

HIV ၊ ကာလသားရောဂါနှင့် TG များ ဆက်နွယ်မှု


ယောက်ျားလေးအဖြစ်မှ
မိန်းကလေး အဖြစ်သို့ ပြောင်းလဲနေထိုင်သော TG (Transgender) များ အတွက် HIV နှင့်
ကာလသား ရောဂါများမှာ အလွန်အန္တရာယ်ရှိပါတယ်။ TG များမှာ HIV ဖြစ်ပွားမှု နှုန်းဟာ အခြားသော
အုပ်စုများထက် ပိုမိုများပြား နေတတ်ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် TG
တော်တော်များများမှာ HIV ရောဂါပိုး ကူးစက် ခံထားရတယ်လို့ ယူဆနိုင်ပါတယ်။

 

ဒါဟာ
TG အမျိုးသမီးများအတွက် ရွေးချယ်မှု မဟုတ်သလို TG များဟာ မကောင်းတဲ့လူတွေ မို့လို့
အပြစ်ပေးခံရတာလဲ မဟုတ်ပါဘူး။ TG များ နေ့စဉ် တွေ့ကြုံနေရတဲ့ နှိမ်ချ ခွဲခြားဆက်ဆံ
ခံရခြင်းများ ဟာလဲ TG များအတွက် အန္တရာယ် ကျရောက်နိုင်ပါတယ်။

 

ဒီလို
ခွဲခြားဆက်ဆံ ခံရခြင်းများကြောင့် TG များဟာ မိမိတတ်ကျွမ်း သင်ယူထားသော
ပညာရပ်များကို အသုံးမချနိုင်ပဲ သင့်တော်သော အလုပ်အကိုင်များ မရရှိတဲ့အတွက် TG
များဟာ လိင်လုပ်ငန်းမှာ ပါ ၀င်လုပ်ကိုင် ကြရတာတွေလဲ ရှိပါတယ်။

 

နောက်ပြီး
TG များအတွက် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ မရှိခြင်း၊ ကျန်းမာရေး
ဌာနများမှာ TG များအား နှိမ်ချ ခွဲခြားဆက်ဆံခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုများ
မရရှိခြင်းနဲ့ အနိုင် ကျင့် အဓမ္မပြုကျင့် ခံရမှုများဟာ TG များအတွက် HIV
ကူးစက်နိုင်သော အန္တရာယ်များပဲ ဖြစ်ပါတယ်။

 

TG
များကြားမှာ HIV ဖြစ်ပွားမှုနှုန်း ဘယ်လောက် ရှိနေသလဲဆိုတာ အောက်ဖေါ်ပြပါ
ပုံကိုကြည့်ရင် သိနိုင်ပါတယ်။

ကွန်ဒုံးကို
ဘယ်လိုအသုံးပြု ရမလဲ။

·                    
သက်တမ်း
ကုန်ဆုံးမည့်ရက်ကို ကြည့်ပါ။

·                    
ကွန်ဒုံးကို
ဖေါက်စဉ်မှာ မိမိလက်သည်းများနဲ့ ခြစ်မိခြင်း မရှိစေရန် ဂရုစိုက်ပါ။

·                    
မိမိအသုံးပြုမည့်
ကွန်ဒုံးကို အပူဒဏ် (သို့) ဖိအားများကြောင့် ပျက်ဆီးနေခြင်း ရှိမရှိ  စစ်ဆေး

          ပါ။

·                    
ကွန်ဒုံး
အထိပ်ပိုင်းအား သုတ်ရည် ထွက်နိုင်ရန်အတွက် နေရာချန်ထားပါ။

·                    
လေမခိုစေရန်
သတိပြုပါ။

·                    
ကွန်ဒုံးအား
ယောက်ျားလိင်အင်္ဂါ အဆုံးထိရောက်အောင် ဆွဲချပါ။

 

ဆီနှင့်အခြားသော
ဓါတုပစ္စည်းများကို အခြေခံပြီး ထုတ်လုပ်ထားသော ချောဆီများကို မသုံးရပါ။ Vaseline
ဆီ၊ အုန်းဆီနှင့် လိုးရှင်းအဆီများက ကွန်ဒုံးများအား ပေါက်ပြဲစေတတ်ပါတယ်။ ရေကို အ ခြေခံပြီး
ထုတ်လုပ်ထားသော ချောဆီများကိုသာ အသုံးပြုသင့်ပါတယ်။

 

၎င်းချောဆီများကလဲ
လိင်ဆက်ဆံချိန် ကြာလာသောအခါ ခြောက်သွေ့ပြီး ပေါက်ပြဲသွားတတ်ပါတယ်။ အကယ်၍
ခြောက်သွေ့သွားပါက ရေ (သို့) တံတွေးတို့ဖြင့် ပြန်ပြီးစိုစွတ်လာအောင်
လုပ်နိုင်ပါတယ်။ ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီများ မရှိချိန်
လိင်ဆက်ဆံလိုပါက တံတွေးကို အသုံးပြုနိုင်ပါ တယ်။

တံတွေးအသုံးပြုရာမှာ
သတိပြုစရာ အရာတစ်ခုက ထိုးသွင်းဆက်ဆံခံမည့်သူ (အလုပ်ခံမည့်သူ)သည် မိမိတံတွေးကိုသာ
အသုံးပြုသင့်ပါတယ်။ မိမိရဲ့ အဖေါ် (လုပ်မည့်သူ) ၏ တံတွေးကို အသုံးမပြုသင့်ပါ ဘူး။

ကွန်ဒုံးသုံးတယ်ဆိုတာ
ကွန်ဒုံးရှိမှ သုံးနိုင်မှာပါ။ လိင်ဆက်ဆံမည့် အချိန်မှာ ကွန်ဒုံးမရှိရင်
ကွန်ဒုံးသုံး နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် မိမိနဲ့အတူ ကွန်ဒုံးကို
အမြဲဆောင်ထား သင့်ပါတယ်။ အကယ်၍ လိင်ဆက်ဆံခါနီး ကွန်ဒုံး မရှိပါက
ထိုးသွင်းဆက်ဆံခြင်း မဟုတ်တဲ့ လိင်ဆက်ဆံနည်းများကို အသုံး ပြုနိုင်ပါတယ်။

 

ကွန်ဒုံး
မရှိတဲ့အခါမှာ ပေါင်ကြား၊ ဂျိုင်းကြား (သို့) ရင်သားကြား (ရင်သားရှိသူများ)
များသို့ထည့်ပြီး ဆက်ဆံနိုင်ပါတယ်။ အချို့ နေရာများမှာတော့ အမျိုးသမီးသုံး
ကွန်သုံးများကို အသုံးပြု ကြပါတယ်။ အမျိုးသမီးသုံး ကွန်ဒုံးများဟာ ဘယ်အချောဆီနဲ့
မဆို အသုံးပြုနိုင်ပါတယ်။

 

အမျိုးသမီးသုံး
ကွန်ဒုံးအားသာချက်

အမျိုးသမီးသုံး
ကွန်ဒုံးအားနည်းချက်

လိင်တံ
ပတ်ပတ်လည် ကျပ်မနေပါ။ ဒါကြောင့် ထိုးသွင်း ဆက်ဆံသူအတွက် လွတ်လပ်တဲ့ အရ သာ
ရရှိစေပါတယ်။

လိင်ဆက်ဆံစဉ်အတွင်
တခါတခါ အသံထွက်တတ် ပါတယ်။

အမျိုးသမီးသုံး
ကွန်ဒုံးတွေဟာ ရေကို အခြေခံ ထားတဲ့ ချောဆီ အပါအ၀င် ဆီကို အခြေခံထား တဲ့
ဆီများကိုပါ အသုံးပြု နိုင်ပါတယ်။

ကြီးတဲ့အတွက်
မ၀င်နိုင်ဘူးလို့ အစပိုင်းမှာ ထင် တတ်ကြပါတယ်။

ထိုးသွင်း
ခံရမယ့်သူမှာ ထည့်မှာ ဖြစ်တဲ့အတွက် မိမိအဖေါ်ကို ကွန်ဒုံးသုံးဖို့ အတွက် ညှိနေစရာ
မလိုတော့ပါဘူး။

အမျိုးသားသုံး
ကွန်ဒုံးထက် ဈေးပိုကြီး တတ်ပါတယ်။

 

အလွယ်တကူ
ဝယ်ယူ၍ မရနိုင်၊ မတွေ့နိုင်ပါ။

 

နောက်တစ်ချက်
သတိထား ရမှာက အရက်နဲ့ မူးယစ်ဆေးဝါးများပဲ ဖြစ်ပါတယ်။ အရက် (သို့) အခြား
မူးယစ်စေတတ်သော အရာများကို သုံးစွဲထားမိပါက မှန်ကန်သော ဆုံးဖြတ်ချက်များကို
မချနိုင် တော့ပါဘူး။ ဥပမာ - ကွန်ဒုံးမပါပဲ လိင်ဆက်ဆံတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
တဒင်္ဂ ပျော်ရွှင်မှု အတွက် မိမိတို့ရဲ့ ဘ၀တစ်ခုလုံးကို အဆုံးရှုံး မခံသင့်ပါဘူး။
မိမိရော မိမိအဖေါ် အတွက်ပါ အန္တရာယ် ကင်းစေရန်အတွက် စဉ်းစားသင့်ပါတယ်။

 

ယောက်ျားလေး
တော်တော်များများဟာ ကွန်ဒုံးသုံးရင် ဇိမ်မရှိဘူး၊ လိင်အင်္ဂါ မမာနိုင်ဘူးနဲ့ သူတို့ အတွက်
စွဲဆောင်မှု မရှိဘူး စတဲ့ အကြောင်းပြချက်တွေနဲ့ ကွန်ဒုံးကို မသုံးချင်ကြပါဘူး။
ကွန်ဒုံးကို မြန် မြန်စွပ်တတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ဒီလို လေ့ကျင့်ထားခြင်း
အားဖြင့် ကွန်ဒုံးသုံးခြင်း စတဲ့ အလေ့အထကို ရလာပါလိမ့်မယ်။

 

စကားနည်းနည်းပြောပြီး
ပွတ်သပ်ကိုင်တွယ်မှု များများလုပ်ပါ။ ဆိုလိုတာက မိမိနဲ့ လိင်ဆက်ဆံမယ့် သူကို
သူ့လိင်တံ ပျော့မသွားစေရန်အတွက် ဆုပ်နယ်ခြင်းများ၊ ပွတ်သပ်ခြင်းများ စတာတွေကို
ပြုလုပ် ပေးသင့် ပါတယ်။

 

နောက်တစ်ချက်က
သူတို့ကို ပါးစပ်နဲ့ ဆက်ဆံစဉ်အတွင်း ကွန်ဒုံးကို စွပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ သူတို့
ကို မိမိပါးစပ်နဲ့ ဆက်ဆံပေးနေစဉ်မှာ ကွန်ဒုံးစွပ်ပေးခြင်းဖြင့် မိမိနဲ့ ဆက်ဆံမယ့်
သူရဲ့ လိင်အင်္ဂါက ပျော့သွားနိုင်စေရန် အကြောင်းမရှိပါဘူး။ သူတို့ လိင်တံ
ပျော့မသွားဘူးဆိုရင် သူတို့လဲ ကွန်ဒုံးသုံးဖို့ အတွက် ငြင်းဆန်တော့မှာ မဟုတ်ပါဘူး။

 

တကယ်လို့
မိမိတို့ လိင်ဆက်ဆံတော့မယ့် အချိန်မှာ ကွန်ဒုံးက အလွယ်တကူ မရနိုင်တော့ရင်
အောက်ဖေါ်ပြပါ အချက်များကို ပြုလုပ်ပေးနိုင် ပါတယ်။

·                    
ဖန်တီးမှုများ
ပြုလုပ်ပေးပါ။ ဒီတကြိမ်မှာ ကွန်ဒုံး မရှိတဲ့အတွက် ဆက်ဆံမှုများ မလုပ်နိုင်ရင်  နောက်တစ်ကြိမ်ကျမှ လုပ်ရန်အတွက် ပြန်ချိန်းပါ။
မိမိအဖေါ်ကို စကားများ ပြောခြင်း၊ နှိပ်နယ်ပေးခြင်း တို့ဖြင့် ၄င်းတို့ရဲ့ ဆန္ဒကို
ပြေလျော့သွားအောင် လုပ်ပေးပါ။

·                    
ထိုးသွင်း
ဆက်ဆံခြင်း မဟုတ်တဲ့ နည်းတွေနဲ့ ဆက်ဆံနိုင်ပါတယ်။ ဥပမာ - လက်နဲ့ လိင်စိတ်
ဖြေဖျောက်ပေးတာတို့၊ ရင်သားကြား၊ ပေါင်ကြားတို့နဲ့ ဆက်ဆံပေးတာတွေ
ပြုလုပ်နိုင်ပါတယ်။

·                    
နောက်တစ်ချက်က
ပါးစပ်နဲ့ ပြီးအောင် ဆက်ဆံ ပေးနိုင်ပါတယ်။ ဒါပေမယ့် ပါးစပ်နဲ့ ဆက်ဆံ ခါနီးမှာ
မိမိခံတွင်း သန့်ရှင်းမှု ရှိမရှိ အရင်စစ်ဆေး သင့်ပါတယ်။ နောက်တစ်ချက်က
သွားဖုံးများက ပွန်းပဲ့လွယ်တာကြောင့် ကွမ်းယာကဲ့သို့သော မာကျော၊ ပေါက်ပြဲလွယ်သော
အရာများကို မစားသင့် ပါဘူး။ ထို့အပြင် ပါးစပ်နှင့် ဆက်ဆံခါနီးနှင့်
ဆက်ဆံပြီးချိန်များတွင် သွားတိုက်ခြင်းများကိုလဲ ရှောင် ကြဉ်သင့်ပါတယ်။
ခံတွင်းသန့်ရှင်း ချင်ပါက ခံတွင်းသန့်ရှင်းရည် များနဲ့ ပလုပ်ကျင်း နိုင်ပါတယ်။

 

ကွန်ဒုံးဟာ
လိင်ဆက်ဆံခြင်းမှ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါများကို ကာကွယ်ရာမှာ အသုံးပြုတဲ့ အစွမ်း ထက်တဲ့
ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ကွန်ဒုံးသုံးခြင်းကြောင့် လိင်ဆက်ဆံမှုမှ ကူးစက်နိုင်တဲ့
HIV ၊ ဂနို၊ ဆစ်ဖလစ်၊ ခလာမေးဒီးယား၊ ကြွက်နို့၊ ရေယုန်နဲ့ အခြားရောဂါမှ
ကူးစက်ခံရခြင်း (သို့) မိမိထံမှ အခြား သူ တစ်ဦးထံသို့ ကူးစက်ခြင်းများကို
ကာကွယ်ပေးပါတယ်။

 

မိမိမှာ
HIV ပိုးနဲ့ အခြားလိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရနိုင်သော ရောဂါများ ရှိမရှိ
စစ်ဆေးခြင်း မှာလဲ ကူးစက်မှု မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းများမှာ အရေးကြီးတဲ့
နေရာ တစ်နေရာက ပါဝင်ပါတယ်။

 

တစ်ခါတစ်ရံမှာ
TG များဟာ မိမိတို့ရဲ့ အရင်က အတွေ့အကြုံ ဆိုးများကြောင့် ဆေးရုံဆေးခန်းများကို
မသွားချင် ကြပါဘူး။ ဒါပေမယ့် TG များနဲ့ ၄င်းတို့ရဲ့ အဖေါ်များမှာ HIV ပိုး ရှိ
မရှိ သိနိုင်တဲ့ တစ်ခု တည်းသော နည်းလမ်းက သွေးစစ်ဆေးခြင်းပါပဲ။

 

နေရာ
တော်တော်များများမှာ မိမိနာမည်ကို ပြောစရာမလိုပဲ HIV ပိုးကို အခမဲ့ စစ်ဆေးပေးနေ
ကြပါ တယ်။ အချို့ နေရာများမှာ နှစ်သိမ့် ဆွေးနွေးပေးတဲ့ သူများရှိပြီး ၄င်းတို့နဲ့
HIV ၊ ကာလသားရောဂါများ အကြောင်းကို မေးမြန်းနိုင်ပါတယ်။ ပြီးတော့
၎င်းဆွေးနွေးသူများက HIV နဲ့ ကာလာသား ရောဂါများ မကူးစက်အောင် ဘယ်လိုနေထိုင်
ရမယ်ဆိုတာ များကိုပါ ဆွေးနွေးပေး ပါတယ်။

 

မိမိမှာ
HIV ပိုး ရှိခဲ့ရင်လဲ ဘယ်လို နေထိုင် စားသောက်ရမယ် ဆိုတာတွေကို ရှင်းပြပေးပါတယ်။
HIV ပိုး ကူးစက်ခံရခြင်းဟာ သေဒဏ်ကျခံရတာ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ ခေတ်မှီ ဆေးဝါးများစွာ
ပေါ်ပေါက် နေပါပြီ။

 

နေရာ
တော်တော်များများမှာ ကုသမှုတွေဟာ အခမဲ့ (သို့) အလွန်သက်သာသော ဈေးနှုန်းများနဲ့
ဆေးကုသမှုများ ရရှိနိုင်ပါတယ်။ မိမိ သွေးစစ်ဆေးတဲ့ အခါမှာ မိမိမှာ HIV ပိုး
ကူးစက်ခံရမလား ဆိုတဲ့ အတွေးမျိုးနဲ့ ကြောက်ရွံ့တတ်ကြ ပါတယ်။ အကယ်၍ မိမိမှာ HIV ပိုးစစ်ဆေးပြီးလို့
မရှိဘူးလို့ အဖြေ ထွက်လာရင် နောက်တစ်ခါ ကြောက်ရွံ့မှုတွေ မရှိအောင် လိင်ဆက်ဆံတိုင်း
လုံခြုံစိတ်ချရတဲ့ လိင် ဆက်ဆံနည်းများနဲ့ ဆက်ဆံသင့်ပါတယ်။

 

လိင်ဆက်ဆံခြင်း
များကြောင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ရောဂါလက္ခဏာ တွေကိုလည်း လေ့လာ ကြည့်ကြရအောင်။

·                    
ဆီးသွားရင်
ဆီးပူခြင်းနဲ့ နာကျင်ခြင်း။

·                    
လိင်တံ၊
စအို နဲ့ မိန်းမအင်္ဂါများမှ ပြည်များထွက်ခြင်း။

·                    
ဆီးအရောင်များ
ရင့်ခြင်း။

·                    
လိင်အင်္ဂါတစ်ဝိုက်
တင်ပါးနေရာများ၊ ပေါင်ကြားများနဲ့ ခန္ဓာကိုယ်တ၀ိုက် နာကျင်ခြင်းနဲ့ ယား ယံခြင်း။

·                    
လိင်ဆက်ဆံစဉ်အတွင်း
နာကျင်ခြင်း။

·                    
လိင်တံ၊
ဝှေးစေ့၊ စအို၊ မိန်းမအင်္ဂါ နှင့် လိင်အင်္ဂါတစ်ဝိုက် အနာများ၊ ကြွက်နို့များ၊
အဖုများနဲ့ ယောင်ယံခြင်းများ။

·                    
လက်ဖ၀ါး၊
ခြေဖ၀ါးများတွင် အနီကွက် (အင်ပြင်) များထခြင်း။

·                    
မျက်လုံးနှင့်
အသားများ ၀ါလာခြင်း တို့ပဲ ဖြစ်ပါတယ်။

 

တကယ်လို့
ဖေါ်ပြပါ လက္ခဏာတွေထဲက တစ်ခုခုကိုတွေ့ရင် တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သွား ရောက်
ဆွေးနွေး ပြသသင့်ပါတယ်။ မိမိဘာသာ မကုသ သင့်ပါဘူး။ ဒါကတော့ TG များနဲ့ ၄င်းတို့ရဲ့
လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် ဂရုစိုက်သင့်တဲ့ အချက်များကို ဖေါ်ပြခဲ့တာပဲ
ဖြစ်ပါတယ်။

 

နောက်ပိုင်းမှာ
HIV ပိုးရှိလာရင် ဘယ်လို ကျန်းမာအောင် နေထိုင်မလဲ၊ HIV ပိုးနဲ့ ပတ်သတ်ပြီး
သောက်ရတဲ့ ဆေးတွေနဲ့ ဟော်မုန်းဆေးများရဲ့ ဆက်စပ်မှုများ အကြောင်းကို
ဖေါ်ပြပေးသွားပါ့မယ်။

 

ဒီဆောင်းပါးလေးဖတ်ပြီး
ဗဟုသုတ (သို့) သတိပေးခြင်း တစ်ခုခု ဖြစ်သွားတယ် ဆိုရင်ပဲ ကျနော် ရေး ရကြိုး
နပ်ပါတယ်ဗျာ။

 

နေဦး @ Alvis

February
16, 2011


Coloursrainbow - HIV
၊ ကာလသားရောဂါနှင့် TG များ ဆက်နွယ်မှု


မှတ်ချက်     
ယခုဆောင်းပါးမှ အချက်အလက်များအား APNSW မှ ထုတ်ဝေသော TG Health Book နှင့် UNESCO
မှထုတ်ဝေသော MSM Peer Manual တို့အား မှီငြမ်းထားပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top