20
Jul

HIV နှင့် ဆက်စပ်သည့် လူ့အခွင့်အရေးသတင်း တင်ပြခြင်းအတွက် အသေးစား ထောက်ပံ့ကြေး အစီအစဉ်

Internews နှင့် UNAIDS သည် မြန်မာနိုင်ငံတွင် HIV၊ လူ့အခွင့်အရေး ဆိုင်ရာများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ပိုမိုကောင်းမွန်စွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သတင်းမီဒီယာများနှင့် မီဒီယာအဖွဲ့အစည်းများအား  အသေးစား ထောက်ပံ့ကြေး အစီအစဉ်များ ပေးအပ်လျှက်ရှိရာ ၂၀၁၅ ခုနှစ်အတွက် စတင်လျက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

သတင်းမီဒီယာများနှင့် မီဒီယာအဖွဲ့အစည်းများကို အသေးစား ထောက်ပံ့ကြေးပေးရသည့် ဦးတည်ချက်မှာ HIV နှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများ ပိုမိုရေးသားလာစေရန်၊ သတင်း အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်၊ HIV နှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများကို နားလည်သဘောပေါက်စွာ ရေးသားတင်ပြမည့် သတင်းများ ပေါ်ထွက်လာစေရန် ဖြစ်သည်။

သတင်းမီဒီယာများနှင့် မီဒီယာအဖွဲ့အစည်းမှ တာဝန်ရှိသူများအနေဖြင့် HIV နှင့် လူ့အခွင့်အရေးဆက်စပ်သော သတင်းများရေးသားနိုင်မည့် သတင်းထောက်များအား ရွေးချယ်၍သော်လည်းကောင်း၊ သတင်းထောက်များကိုယ်တိုင် စိတ်ဝင်စား၍သော်လည်းကောင်း Internews နှင့် UNAIDS ၏ အသေးစား ထောက်ပံ့ကြေး အစီအစဉ်ကို လျှောက်ထားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်၍ ထောက်ပံ့ကြေးရယူရန်အတွက် အကျုံးဝင်သည့် ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
1 _   ပုံနှိပ်၊ အသံလွှင့် (ရေဒီယိုနှင့်ရုပ်သံ) နှင့် အွန်လိုင်းမီဒီယာတစ်ခုခုတွင် ဖော်ပြမည့် HIV နှင့် လူ့အခွင့်အရေး ဆိုင်ရာ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံသတင်း စသည့် မီဒီယာရေးသား ထုတ်လုပ်မှုများအတွက် လုပ်ဆောင်မှုများ (ဥပမာ-သွားလာရ ခက်ခဲသော ဒေသများသို့ သွားရောက်ကာ သတင်းရယူတင်ပြခြင်း)။
2_  ရေးသား၊ ထုတ်လုပ်မှုများကို မိမိတို့ လက်ရှိလုပ်ကိုင်နေသည့် မီဒီယာများပေါ်မှ ပရိတ်သက်များထံ တင်ပြရမည် ဖြစ်သည်။

အထက်ပါ လုပ်ငန်းနှင့် ဘောင်ဝင်မည့် ဆောင်ရွက်ချက်များအတွက် မီဒီယာသမားများ တစ်ဦးချင်း အနေဖြင့် ဖြစ်စေ (နှစ်ဦးပေါင်း ဆောင်ရွက်လျှင်လည်းသော်လည်းကောင်း)၊ အဖွဲ့အစည်းအနေဖြင့် ဖြစ်စေ လျှောက်ထားနိုင်သည်။

လျှောက်ထားသူများ အနေဖြင့် ငွေကြေး အမြတ်အစွန်းအတွက် ဆောင်ရွက်ခြင်းမဟုတ်သည့် (Non-profit making)  အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဖြစ်ရပါမည်။ မြန်မာနိုင်ငံတွင် အခြေစိုက်သည့် အဖွဲ့ဖြစ်ရပါမည်။ တစ်ဆင့်ခံ မဟုတ်ဘဲ မိမိကိုယ်တိုင် အကောင်အထည်ဖော်မည့် အဖွဲ့အစည်း ဖြစ်ရပါမည်။

တင်ပြလာသော အဆိုပြုလွှာများအား အောက်ပါအချက်အလက်များနှင့် အညီ ရွေးချယ်စိစစ်ပြီး ပြန်လည် အကြောင်းကြားစာအား E-Mail ဖြင့် ပေးပို့သွားမည် ဖြစ်သည်။

လျှောက်ထားသူများ လိုက်နာရမည့် အချက်အလက်များ
အဆိုပြုလွှာများကို ရွေးချယ်စိစစ်ရာတွင် အောက်ပါအချက်များကို အခြေခံသွားမည် ဖြစ်သည်။
၁။အဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းစွမ်းရည်နှင့် ဘဏ္ဍာရေးနောက်ခံအခြေအနေ
၂။ အဆိုပြုလွှာတွင် ပါဝင်သည့် ဆောင်ရွက်မည့်လုပ်ငန်းများမှ Grant အစီအစဉ် ဦးတည်ချက်ကို အကျိုးပြုနိုင်မှု
၃။ ဆောင်ရွက်မည့် လုပ်ငန်း၏ အကျိုးသက်ရောက်မှု
၎။ ကုန်ကျစရိတ် နှင့် ကာမိသောထိရောက်မှု

တောင်းခံနိုင်သည့် ထောက်ပံ့ကြေးငွေ ပမာဏ
အနည်းဆုံး မြန်မာငွေ ကျပ် တစ်သိန်း (၁၀၀,၀၀၀/-) မှ အများဆုံး မြန်မာငွေ ကျပ် (၅၀၀,၀၀၀/-)။ လျှောက်ထားသူသည် တစ်ကြိမ်လျှင် အဆိုပြုလွှာတစ်ခုသာလျှောက်ထားခွင့်ရှိပါသည်။

လုပ်ငန်းကာလ
အဆိုပြုသော လုပ်ငန်းအကောင်အထည်ဖော်သည့် ကာလမှာ တစ်လ ထက် မပိုရပါ။

အဆိုပြုလွှာပေးပို့ရန် နောက်ဆုံးရက်
ဇူလိုင်(၃၀) ရက် ၊ ၂၀၁၅ ခုနှစ်။
လျှောက်ထားရန် စိတ်ပါဝင်စားသောသူများ internews.smallgrant@gmail.com သို့ဆက်သွယ်ကာ (အဆိုပြုလွှာ) ပုံစံ တောင်းယူနိုင်ပါသည်။ အောက်ပါ လင့်
https://www.dropbox.com/s/u1jrymyyvinq5zy/HIVAIDS-Grant_Application_Form.doc?dl=0  တွင်လည်း သွားရောက် Download ရယူနိုင်သည်။

အဆိုပြုလွှာနှင့်ပတ်သက်၍ အသေးစိတ် မေးမြန်းလိုပါက internews.smallgrant@gmail.com သို့ သော်လည်းကောင်း၊ မ၀င့်သဉ္ဇာကျော်၊ Grant Manager - 09 43080674 သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

J-School Network - HIV နှင့် ဆက်စပ်သည့် လူ့အခွင့်အရေးသတင်း တင်ပြခြင်းအတွက် အသေးစား ထောက်ပံ့ကြေး အစီအစဉ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top