မင်္ဂလာပါခင်ဗျာ။
အားလုံးပဲနေကောင်းကြရဲ.လား။ ဒီတစ်ပတ်တော့ ကမ္ဘာကြီးကို လက်ရှိအချိန်အထိ
ခြိမ်းခြောက်နေဆဲဖြစ်တဲ့ ကြောက်စရာ AIDS (Acquired Immunodeficiency Syndrome)
ရောဂါအကြောင်းကို အပိုင်း (၁) အနေနဲ့ ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။
AIDS
ရောဂါဟာ မြန်မာလို ခုခံအားကျဆင်းမှု ရောဂါလို့ ဆိုတဲ့အတိုင်း ကိုယ်ခန္ဓာရဲ့ ခုခံမှုအဖွဲ.အစည်း
Immune System ကို ထိခိုက်ယိုယွင်း သွားစေပါတယ်။ ဒါဟာ HIV( Human Immunodeficiency
Virus) ကြောင့်ဖြစ်ရတာပါ။

HIV ဟာ Retro Virus အမျိုးအစားအောက်ထဲက Virus ပါ။ Immune System ကို
ထိခိုက်တဲ့အတွက် ပြင်ပကရောဂါပိုးတွေ၊ သာမန်လူတွေမှာ ရောဂါမပေးတဲ့ ရောဂါပိုးအသေး
အမွှားတွေ၊ မှိုရောဂါတွေဟာ ခန္ဓာကိုယ်အနှံ့မှာ ဖြစ်လာပါတယ်။ ဒါကို opportunistic
infections လို့ခေါ်ပါတယ်။ မူလပုံမှန် ဆဲလ်တွေလည်း ကင်ဆာဆဲလ်တွေအဖြစ် (Neoplasia)
ပုံပြောင်း သွားနိုင်ပါတယ်။
AIDS
ရောဂါဟာ အခုအခါမှာ တစ်ကမ္ဘာလုံးမှာပျံ့ (pandemic ဖြစ်) နေပါပြီ။ ကုသမှု ဆေးအသစ်
အသစ်တွေ ထွက်ပေါ်လာပေမယ့် ရောဂါအခြေနေကို ထိန်းချုပ်နိုင်ရုံပဲဖြစ်ပါတယ်။ အမြစ်ပြတ်
မကုသနိုင်သေးပါဘူး။ အခုရောဂါ ဘယ်လိုဖြစ်သလဲ ဆိုတာကိုကြည့်ရအောင်။
ရောဂါဖြစ်ပုံ
HIV ပိုးစတင်ဝင်ရောက်တဲ့ အချိန်ကနေ
AIDS ရောဂါလက္ခဏာ စပြတဲ့အချိန် ကြားကာလကို Window Period လို့ခေါ်ပါတယ်။ AIDS ရောဂါဖြစ်တဲ့
အခါမှာ ခန္ဓာကိုယ်ရဲ့ Immune System က ဆဲလ်တွေကို ပျက်စီးလျော့နည်းစေပါတယ်။
ဒီဆဲလ်တွေ အကြောင်း အရင်ပြောလိုပါတယ်။ Immune System ရဲ့ အဓိက ဆဲလ်တွေကတော့ T
cells, B cells နဲ့ Macrophage တွေဖြစ်ကြပါတယ်။
T
cell မှာ CD4+ T cell (Helper T Cell) နဲ့ CD8+ T cell (Cytotoxic T Cell) ဆိုပြီး
နှစ်မျိုး ရှိပါတယ်။ အဲဒီမှာ CD4+ T cell က ပိုအရေးကြီးပါတယ်။ တီးဝိုင်းတစ်ဝိုင်းမှာ
တီးဝိုင်း ခေါင်းဆောင်က အရေးကြီးသလို Immune System မှာ CD4+ T cell ကို Bandmaster
of the Immune System လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ CD4+ T cell
က တစ်ခြား Immune cell တွေဖြစ်တဲ့ B cell နဲ့ Macrophage တွေကို လှုံ့ဆော်ပေးနိုင်တယ်။
တစ်နည်း ပြောရရင် Immune System ရဲ့ Cellular Immunity နဲ့ Humoral Immunity
တို့ကို တစ်ဆင့်ပြီး တစ်ဆင့် လှုံ့ဆော် ပေးနိုင်တယ်။
ဒီတော့
ဝင်လာတဲ့ ရောဂါပိုး (သို့) foreign body တွေကို ထိထိရောက်ရောက် တိုက်ခိုက်
ဖျက်ဆီးနိုင်တယ်၊ ခန္ဓာကိုယ်ကို အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးတယ်။ HIV ရောဂါပိုး
ကလည်း ဒီအရေးကြီး ပါတယ်ဆိုတဲ့ CD4+ ကိုမှ ဖျက်ဆီးပစ်တော့ ခက်တော့တာပေါ့။ CD4+ T
cell တွေ လျော့နည်းတာဟာ Immune System ကြီး တစ်ခုလုံး တစ်ဖြည်းဖြည်း
ပျက်စီးလာတာနဲ့ အတူတူပါပဲ။ ရောဂါတွေလည်း တစ်ခုပြီး တစ်ခုဝင်လာပြီး နောက်ဆုံးမှာ CD4+
cell တွေ အရမ်းကျဆင်းလာပြီး ဒုက္ခရောက်တာပါပဲ။ အသေးစိတ်ပြောရမယ်ဆိုရင် အဆင့် ၃
ဆင့်ခွဲပြောလို့ ရပါတယ်။
ဒီအဆင့်ကတော့
ရောဂါပိုး ကူးစက်ခံရပြီး သိပ်မကြာသေးတဲ့ အခြေနေပေါ့။ HIV ပိုးတွေသွေးထဲမှာ
ခဏများပြီး ဆက်ပွားနေမယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ Lymph Node
(ပြန်ရည်အကျိတ်) တွေထဲမှာ သွားပြီး အောင်းနေမယ့် CD4+ T cell တွေ ခဏတဖြုတ်
နည်းသွားမယ်။ ပိုးပွားတာကို ထိန်းချုပ်ဖို့ CD8+ T cell တွေ များလာပြီး ခဏပဲ
ထိန်းချုပ်နိုင်တယ်။ ပြန်ထိန်းချုပ်နိုင်တယ် ဆိုတာ ဒီအဆင့်မှာပဲရှိပါတယ်။ နောက်ပိုင်း
ပိုဆိုးလာရင် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပါဘူး။
လက္ခဏာ
ရောဂါပိုး ကူးစက်ခံရပြီး ၃ ပတ်ကနေ ၆ပတ် အကြာမှာ ဖျားသလိုလို၊ လည်ချောင်း နာသလိုလို
ဖြစ်မယ်။ ကိုယ်အလေးချိန် အနည်းငယ် ကျသွားမယ်။ အရေပြားမှာ အနီစက်လေးတွေ (Rash) တွေ
ထွက်လာမယ်။ ၀မ်းလျှောတာ၊ အော့အန်တာတွေဖြစ်မယ်။ ဒီလက္ခဏာတွေဟာ ယာယီပဲဖြစ်တာပါ။
၂ပတ်ကနေ ၄ပတ်အတွင်း ပြန်ပျောက်သွားပါတယ်။ ကျသွားတဲ့ CD4+ count ကလည်း ၆ပတ်ကနေ
၁၂ပတ်အတွင်း ပုံမှန်ပြန်ဖြစ်ပါတယ်။
Middle, Chronic Phase
ဒီအဆင့်မှာတော့
ရောဂါပိုးပွားတာကို မတားနိုင်တော့တဲ့အတွက် ရောဂါပိုးတွေ ဆက်ပွားလာပါတယ်။ CD4+ T
cell အရေအတွက်လည်း တစ်ဖြည်ုးဖြည်း လျော့ကျလာပါတယ်။ ကျသွားတာကို ပြန်ကာမိဖို့အတွက်
CD4+ အသစ်တွေကိုလည်း Immune System က ပြန်ပွား ပေးပြန်ပါတယ်။ ပျက်လိုက်၊
ဖြစ်လိုက်ပေါ့ဗျာ။
လက္ခဏာ
ပြန်ရည်အကျိတ် (Lymph Node)တွေကြီးလာပါတယ်။ ဖျားနာတဲ့ လက္ခဏာတွေ မတွေ့ရတော့ပါဘူး။
ဒီအဆင့်ဟာ နှစ်နဲ့ချီပြီး( ၇နှစ်ကနေ ၁၀နှစ်လောက်အထိ) ကြာနေနိုင်ပါတယ်။ ဒီအဆင့်ပြီးရင်တော့
အခြေနေ သိပ်မကောင်း တော့ပါဘူး။ နောက်ဆုံးအဆင့်ပေါ့။
Final, Crisis Phase
ဒါကတော့
HIV အကူးစက်ခံအဆင့်ကနေ AIDS (full blown AIDS လို့လည်းပြောကြပါတယ်) အဆင့်ကို
ရောက်တော့မယ့် နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်အပြီးမှာ ရောဂါလက္ခဏာ
ကြီးကြီးမားမားတွေ စပြီးပြလာပါတော့တယ်။ Atlanta မြို့မှာရှိတဲ့ CDC (Centre for
Disease Control) ရဲ့သတ်မှတ်ချက်အရ HIV ပိုးရှိပြီးသူ တစ်ယောက်ဟာ CD4+ count 200
cells/µL အောက် ရောက်နေပြီဆိုရင်တော့ full blown AIDS လို့ သတ်မှတ်ပါတယ်။ CD4+ T
cell တွေမရှိတော့တဲ့ အပြင် ပြန်လည်ပွားယူဖို့နဲ့ CD8+ T cell တွေ
ဝင်ရောက်တိုက်ခိုက်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ Immune System ဟာ HIV
ရန်သူတွေကို စစ်ရှုံးတဲ့ခြေနေ ရောက်နေပါပြီ။
လက္ခဏာ
လူနာဟာ ဖျားနာနေတာ တစ်လထက်မက ကြာနေမယ်။ မောပမ်းနွမ်းနယ် နေမယ်။ အလကားနေရင်း
ဝမ်းလျှောမယ်။ opportunistic infection (ဒီအေကြာင်းကို နောက်မှအသေးစိတ်ပြောပါမယ်)
တွေဖြစ်မယ်။ ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်လာမယ်။ ( CD4 cell တွေကို HIV ကဘယ်လို ဖျက်စီးပစ်တာလဲ၊
HIV ပိုးရဲ့ Structure ၊ ရောဂါလက္ခဏာတွေ၊ ကူးစက်ပုံ၊ ကာကွယ်ပုံတွေကို အပိုင်း (၂ )
တွင် ဆက်လက်ဖတ်ရှူ့ပါ)
ဤဆောင်းပါးအား ဤနေရာမှ ရယူသည် -
ကြောက်စရာ
AIDS ရောဂါ(၁)





