AIDS
အကြောင်းရေးဖို့ စဉ်းစားတော့ တော်တော်များများက ကူးစက်ပုံနဲ့ ကူးစက်ခံရတဲ့ လူတွေအကြောင်း
ရေးကြပါတယ်။ ဒါကြောင့် တခြားအကြောင်းရေးဖို့ ရှာလိုက်တော့ ကျွန်တော်လဲ မသိသေးတဲ့ တခြားလူတွေလဲ
သိသင့်တဲ့ HIV စစ်ပုံစစ်နည်းအကြောင်းကို ကြားဖူးနားဝတွေနဲ့အတူ google မှ အကူညီနဲ့ ရေးလိုက်ပါတယ်။
အခုရေးတဲ့ပို့စ်သည်
ဆေးပညာအကြောင်းမသိတဲ့ ကျွန်တော်က အခြေခံယေဘုယျကို နားလည်သလို ရေးခြင်းဖြစ်ပါသည်။ အမှားအယွင်းများပါ
ပါက ရေးသူ ကျွန်တော့တာဝန် သာဖြစ်ပါသည်။ အမှားအယွင်းများတွေ့ပါက commentတွင် ၀င်ရေးခြင်းဖြင့်
ကူညီပြုပြင်ပေးပါရန် မေတ္တာရပ်ခံပါသည်။
ဒီနေရာမှာ
HIV ပိုးရဲ့သဘောသဘာဝကို နည်းနည်းပြောချင်ပါတယ်။ လူ့ခန္ဓာထဲသို့ ဗိုင်းရပ်စ်ပိုးတစ်ခုခု
ဝင်လာလျှင် ကိုယ်ခံအားစနစ်ကနေမှ ရောဂါပိုးကို တိုက်ခိုက်ဖို့ Antibody
(လူ့ကိုယ်ခံအားစနစ်ထဲမှ Chemical တမျိုး) ထုတ်ပေးပြီး ရောဂါပိုးကို တိုက်ခိုက်ပြီး
ကူးစက်ချင်းမှ ကာကွယ်ပေးပါတယ်။
HIV
ကူးစက်ချင်းမှတော့ HIV ပိုးများလူ့ခန္ဓာထဲသို့ဝင်လာရင် ကိုယ်ခံအားစနစ်ထဲက ဆဲလ်တွေကို
ဖျက်ဆီးပြီး HIV ပိုးထုပ်လုပ်ပေးတဲ့ စနစ်တစ်ခုကို သူတို့ကိုယ်တိုင် ဖန်တီးလိုက်ပါတယ်။
အဲဒီမှာ ကိုယ်ခံအာစနစ်ထဲက ဆဲလ်တွေတဖြည်းဖြည်း လျော့နည်းလာပြီး AIDS စတင်ဖွံဖြိုးလာပါတယ်။
AIDS
သိသာထင်ရှားလာတာနဲ့အမျှ ခုခံအားတွေကျဆင်းလာပြီး တခြားရောဂါပိုးတွေ ၀င်လာပါတယ် အဲဒီရောဂါပိုးတွေကို
ကိုယ်ခံအားစနစ်က မတိုက်ခိုင်နိုင်ပဲ နောက်ဆုံး အဲဒီရောဂါနဲ့ပဲ လူနာဟာသေဆုံးရတာပါ။ HIV
စစ်ရမှာ အခြေခံသဘောတရားအရကတော့ သံသယရှိလူနာဆီမှ သွေးနမူနာ ယူပြီးတော့ HIV Antibody တွေကိုရှာတာပါ။ အဲဒီလိုစစ်လို့
positive လို့သေချာရင် နောက်တကြိမ်ထပ်စစ်ရပါတယ် ဒုတိယအကြိမ် positive ဆိုလျှင်တော့
သေချာပါပြီ အဲဒီလူနာ HIV ကူးစက်နေပြီ။
HIV
Test Types
EIA
(enzyme immunoassay) ဆိုတဲ့နည်းက သွေးနမူနာကို သွေးကြောမှ ထုပ်ယူပြီး HIV ပိုးကို
ရှာဖွေတာပါ။ Oral Fluid Tests ဆိုတဲ့နည်းက အာခံတွင်းထဲ က အစေးရည် (တံတွေးမဟုတ်ပါ) ကိုယူပြီး
EIA လိုစစ်ရတာပါ။
Urine
Tests
ဒါကတော့
ဆီးကို ယူပြီးစစ်ရတာပါ အဖြေကတော့ အထက်ပါ နှစ်နည်းလောက်
မတိကျပါဘူး ဒီသုံးနည်းလုံးက အဖြေရဖို့ နှစ်ပတ်စောင့်ရပါတယ်။ ဒီနည်းတွေမှာ စစ်လို့
positive ဖြစ်ရင် နောက်တကြိမ် ထပ်စစ်ရပါတယ်။ ဒုတိယအကြိမ် positive ဆိုလျှင်တော့သေချာပါပြီ
အဲဒီလူနာ HIV ကူးစက်နေပါပြီ။
Rapid
Tests ကတော့ သွေးကြောကနေ သွေးကိုထုပ်ယူပြီး ချက်ချင်းစစ်တဲ့ နောက်ဆုံးပေါ်နည်းပါ။ အချိန်
မိနစ် ၂၀ ပဲ ကြာပါတယ်။ ဒါပေမယ့် အထက်ပါနည်းတွေလို တိကျသေချာပါတယ်။ သူလဲဒုတိယအကြိမ်
စစ်ဖို့လိုပါတယ်။
HIV
Testing Frequency
ကျန်းမာရေး
ပညာရှင်တွေကတော့ သုံးလ (သို့) ခြောက်လတကြိမ် စစ်ဖို့ အကြံပေးထားပါတယ်။
Testing
Window Period
HIV
ကူးစက်ခံရပြီလို့ သံသယဖြစ်တဲ့အချိန်ကနေ သုံးလ-ခြောက်လ အတွင်းကို Window Period လို့ခေါ်ပါတယ်။
အဲဒီအချိန်မှာ ပိုးရှိခဲ့ရင်တောင်
Positive ပြဖို့ ခဲယဉ်းပါတယ် HIV ပိုးကို ရှာဖွေနိုင်ဖို့ မလုံလောက်သေးတဲ့ အချိန်ပါ။
တိကျတဲ့အဖြေကိုရဖို့ နောက်ထပ် နှစ်ပတ်မှ ရှစ်ပတ်စောင့်ပြီး နောက်တကြိမ် ထပ်စစ်သင့်ပါတယ်။
ဟုတ်ကဲ့
ကျွန်တော်သိသလောက်က ဒီလောက်ပါပဲခင်ဗျာ။ ကျွန်တော့ပို့စ်လေးဖတ်ပြီး AIDS ကင်းစင်သော
ဘ၀မှတဆင့် AIDS ကင်းစင်သော ကမ္ဘာကြီးအဖြစ် ကူညီဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။




