11
Feb

HIV နှင့် ပတ်သက်၍ သုတေသန ရလဒ်သစ် တစ်ခုပေါ်ပေါက်

အမေရိကန် သုတေသီများက ခုခံအား ဆဲလ်အချို့တွင် HIV ကို တိုက်ထုတ်နိုင်သော အာနိသင်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ...အချက်သည် HIV ပိုးကို ကိုယ်ခန္ဓာမှ တိုက်ဖျက်ရာတွင် အသုံး ၀င်စေမည် ဟုလည်း ဖော်ပြထားသည်။

ယခုတွေ့ရှိသော ဆဲလ်စနစ်တွင် အစိတ်အပိုင်းနှစ်ရပ် ပါဝင်ကြောင်း၊ အင်ဇိုင်းစနစ်များ၊ DNA စနစ်များ ပါဝင်နေကြောင်း၊ အဆိုပါဆဲလ်သည် အခြား ခုခံအားဆဲလ်များ၏ DNA အတွင်းသို့ ၀င်ရောက်နိုင်ပြီး HIVပိုးကို တိုက်ဖျက်နိုင်မည့် DNA recording system ကို ဖန်တီးနိုင်ကြောင်းကို ယခု သုတေသနကို ပြုလုပ်ခဲ့သော ဂျွန်ဟော့ကင်း တက္ကသိုလ်မှ သုတေသီများကပြော ကြားခဲ့သည်။

ယခုတွေ့ရှိမှုသည် ကိုယ်ခန္ဓာမှ HIV ကို တိုက်ဖျက်ရာတွင် နည်းလမ်းသစ် တစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ မျိုးဗီဇ ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဇီဝဓာတု ဗေဒပညာရှင်များ ပူးပေါင်းလေ့လာမှု အရ ထွက်ပေါ်လာသော အသီးအပွင့် တစ်ရပ်ဖြစ်ကြောင်း၊ ဆဲလ်များအား ဗိုင်းရပ်တိုက်ဖျက်သည့် စနစ်ကိုပြောင်းလဲပေးနိုင်ပါက HIV ကူးစက်ခံထား ရပြီး သူများအတွက် မျှော်လင့်ချက်များ အကောင်အထည် ပေါ်လာနိုင်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၊ ဆေးဝါးဗေဒ နှင့်မော်လီကျူး ဆိုင်ရာ ဆေးပညာဌာန Dr. James Stivers က ပြောကြားခဲ့သည်။

ယခုလေ့လာမှုကို Johns Hopkins University မှ ထုတ်ဝေသော Biomedical Sciences Journal တွင် ဖော်ပြထားခြင်းဖြစ်သည်။

သက်ကို
Ref: IANS
Health Updates Journal
Vol-2,No-6
Myawady News

ချိုးငှက်ဟူသည် - HIV နှင့် ပတ်သက်၍ သုတေသန ရလဒ်သစ် တစ်ခုပေါ်ပေါက် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top