လက်ရှိ အနေအထား အရ မြန်မာနိုင်ငံ အတွင်းမှာ HIV/ AIDS ကာကွယ် ကုသရေး လုပ်ငန်းတွေ ဆောင် ရွက်ဖို့ အတွက် လိုအပ် တဲ့ ငွေပမာဏများထဲမှ ၉၅ ရာခိုင်နှုန်း ခန့်ဟာ အပြည်ပြည် ဆိုင် ရာ အလှူရှင် အဖွဲ့ အစည်းေ တွက ရရှိနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ ရန်ပုံငွေ အဖွဲ့ Globul Fund မှ ဖြစ်ပြီး အဆိုပါ အဖွဲ့ဟာ၂၀၁၁ ခုနှစ်က စတင်ပြီး ငါးနှစ် စီမံကိန်း အတွက် မြန်မာနိုင်ငံကို ရန်ပုံငွေ ထောက် ပံ့ပေးဖို့ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ၂၀၁၀ ပြည့်နှစ်က ခန့်မှန်းခဲ့တဲ့ HIV ပိုး စတင် ကူးစက်ခံရတဲ့ အရေအတွက်ရဲ့ ထက်ဝက် အထိ ၂၀၁၅ နှစ်မှာ လျော့ကျ သွားနိုင်ဖို့ကိုလည်း အမျိုးသား မဟာဗျူဟာ စီမံကိန်း ချမှတ် ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် အဆိုပါ စီမံကိန်း အတွက် ခန့်မှန်းခြေ စုစုပေါင်း ကုန်ကျ စရိတ်ဟာ ငါးနှစ်တာ ကာလ အတွင်းမှာ အမေရိ ကန် ဒေါ်လာ ၃၄၃သန်းကျော်ခန့် ရှိမယ်လို့ ခန့်မှန်းထားကြောင်း သတင်း ရရှိပါတယ်။




