12
Jan

HIV/ AIDS ဆိုင်ရာ ပညာပေးဆွေးနွေးပွဲ NLD ရုံးချုပ်မှာပြုလုပ်

၁၃၊၀၁၊၂၀၀၉(RFA)

မြန်မာနိုငံက HIV/ AIDS ရောဂါကူးစက်ပြန့်ပွားမှု လက်ရှိအခြေအနေတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတရပ်ကို ဇန်ဝါရီလ(၁၃)ရက်နေ့ဒီကနေ့ နေ့လည်ခင်း()နာရီမှာရန်ကုန်မြို့  အမျိုးသားဒီမိုကရေစီအဖွဲ
့ ချုပ်ရုံးမှာကျင်းပတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို NLD က HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး လူမှုရေးကိစ္စတွေကို
ကူညီလုပ်ဆောင်ပေးနေတဲ့ မဖြူဖြူသင်းက ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီး
ပါတီအလုပ်အမှုဆောင်အဖွဲ့ ဝင်တွေနဲ့ လူငယ်စုစုပေါင်း ၁၀၀
ကျော်တက်ရောက်တယ်လို့ ပါတီပြောခွင့်ရသူ
ဦးဥာဏ်ဝင်းကပြောပါတယ်။



ဦးဥာဏ်ဝင်း။                  ကျွန်တော်တို့ နေ့ ခင်း()နာရီမှာHIV မြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်နဲ
့မဖြူဖြူသင်း ကဆွေးနွေးပွဲကို ဦးဆောင်ပါတယ်။ ကျွန်တော်တို့ 
CEC အဖွဲ့ ဝင်များအနေနဲ့ ရန်ကုန်တိုင်း
လူငယ်တော်တော် များများတက်ပါတယ်။ပရိတ်သတ်အားလုံး
(၁၀၀)လောက်ရှိပါလိမ့်မယ်။
အဲဒီတော့အဓိကအားဖြင့်မဖြူဖြူသင်း က
NLD ရဲ့ ကျွန်တော်တို့ HIV ဌာနခွဲကို ဘယ်တုန်းကအစပျိုးပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာကိုပြောပြ
ပါတယ်။နောက်လုပ်ငန်းအတွေ့ အကြုံတွေပြောတယ်။ လုပ်ငန်းအတွေ့ အကြုံမှာ အခက်အခဲမျိုးစုံ
ကြုံ တွေ့ ရတဲ့ အကြောင်းနဲ့ အတားအဆီးတွေကျွန်တော်တို့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအပေါင်းနဲ
့အဟန့် အတားပြုတာ တွေကိုဆွေးနွေးပါတယ်။

ဒီလိုဆွေးနွေးရာမှာ NLD ပါတီက ကူညီရေးလူငယ်တွေအနေနဲ့ 
အဓိကရင်ဆိုင်ရတဲ့ပြဿနာတွေကိုလည်း  
ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပထမတခုက
HIV ရောဂါသည်များစုဟာ နယ်ဒေသတွေကဖြစ်လို
့ရန်ကုန်   မှာနေပြီး ဆေးဝါးကုသရာမှာ
အိမ်းခန်းငှားတာကအစ
အခက်အခဲဖြစ်ရတဲ့အကြောင်း၊နောက်တချက်ကလူနာ
  တွေအတွက် ARV ဆေးရရှိရေးမှာ လုံလုံလောက်လောက်ရရှိဖို့ 
အခက်အခဲဖြစ်ရကြောင်းသိရပါတယ်။

NLD ပါတီရဲ့ HIV/AIDS ရောဂါကူညီရေးလုပ်ငန်းတွေကို ၂၀၀၁ခုနှစ်မှာစပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီကနေ
့ဆွေးနွေးပွဲမှာ ပါတီခေါင်း ဆောင်ပိုင်းက စုံစုံညီညီတက်ရောက်တဲ့အတွက် ဒီလူသားချင်းစာနာမှုလုပ်ငန်းမှာ ပါတီအနေနဲ့ ဆက်ပြီး ဘယ်လိုပဲအခက်အခဲရှိရှိ ထောက် ခံ လုပ်ဆောင်သွားမယ်ဆိုတာ
ထင်ရှားတယ်လို့ လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။

ဦးဥာဏ်ဝင်း။                  ဘယ်လိုပဲဖြစ်ဖြစ် ဒီဥစ္စာကလူသားချင်းစာနာမှု လုပ်ငန်း၊မြန်မာနိုင်ငံရဲ
့အနာဂတ် နဲ့ လည်းသက်ဆိုင်တဲ့အတွက် အရေးကြီးတယ်၊ ဒီလုပ်ငန်းကိုတော့ ဆက်ပြီးလက်ပြီးကြိုးပမ်း ဆောင်ရွက်သွားမယ်ဆိုတာကို အဓိကထားဆွေးနွေးသွားပါတယ်၊ ဒီနေ့ မဖြူဖြူသင်းရဲ့ ဆွေးနွေးဟောပြောပွဲကို
ကျွန်တော်တို့ အဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်တွေကိုယ်တိုင် တက်ရောက်အားပေးတာကို  ကြည့်ခြင်းအားဖြင့် ဘယ်လိုပဲအခက်အခဲရှိရှိဒီဟာကို ဆက်လက်ဆောင်ရွက်တာကိုအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က ထောက်ခံ နေတယ်ဆိုတဲ့ လက္ခဏာတော့
တခါတည်းပေါ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ပြီးခဲ့တဲ့လကစပြီး
လူငယ်နဲ့ ပတ်သက်တဲ့ ၂ ပတ်တကြိမ် ဆွေးနွေးပွဲတွေ အင်္ဂါနေ့ မှာပြုလုပ်နေပါတယ်။ ဒီကနေ
့မှာ
HIV/AIDS ကိုအခြေခံတာဖြစ်ပြီး
ပြီးခဲ့တဲ့အပတ်တွေကလည်း လွတ်လပ်ရေးနဲ့  လွတ်လပ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေကို
ပြုလုပ်ခဲ့ပါတယ်။

RFA သတင်း ၁၃၊၀၁၊၂၀၀၉- HIV/ AIDS ဆိုင်ရာ ပညာပေးဆွေးနွေးပွဲ NLD ရုံးချုပ်မှာပြုလုပ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top