20
Aug

HIV / AIDS ပညာပေး ဟောပြောပွဲများ ပြုလုပ်ရန် စတင် စီစဉ်နေသော မတ်ဖန်

Mutdfan.com အနေဖြင့် မရမ်းချောင်း မေတ္တာပရဟိတ ဂေဟာလေးကို ကူညီစောင့်ရှောက် ပေးခဲ့သည်မှာ ၂ နှစ်ကျော် ၃ နှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီးနောက် မရမ်းချောင်းရှိ တစ်ချိန်က အနာကြီးရောဂါ ခံစားခဲ့ရသော မသန်စွမ်း ဝေဒနာသည်များကိုလည်း စေတနာရှင်များ အတော်အတန် သိရှိနိုင်စေရေး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သလို စောင့်ရှောက်မှုကလည်း အရှိန်ကောင်းနေပြီ ဖြစ်သည်။ Mutdfan.com ၏ ဘောလုံးနှင့် လူသားအကျိုးပြု လုပ်ငန်းများပေါင်းစပ် လုပ်ကိုင်ရေး ခြေလှမ်းသစ် အရ မြန်မာပြည်တွင်းရှိ ပြည်သူများ အတွက် အလွန်လိုအပ်နေသော ခုခံအား ကျဆင်းမှုရောဂါ ( HIV / AIDS ) ပညာပေး ဟောပြောပွဲများ နယ်လှည့် ဆောင်ရွက်နိုင်ရေး အတွက်  စီစဉ်ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

စာရေးသူ ကော့သောင်းမြို့လေးတွင် နေထိုင်ခဲ့စဉ်က လမ်းဘေးတွင် AIDS ရောဂါကြောင့် အစွန့်ပစ်ခံရပြီး အားလုံးက ရှောင်ကွင်းသွားသူများကို ဆေးရုံပို့ပေးဖူးသလို၊ လူနာရှင် များစွာကို ကိုယ်တိုင် မြင်တွေ့ ခဲ့ရဖူးသည်။ အဖြစ်အပျက် လေးတစ်ခုကို အခါအခွင့် သင့်သောကြောင့် ပြောပြလိုပါသည်။ ထိုအဖြစ်အပျက်လေးကလည်း ယခုအစီအစဉ်အတွက် စတင်ရန် မြစ်ဖျား ခံလာရသည့် တွန်းအားတစ်ခုပင် ဖြစ်သည်။

လွန်ခဲ့သော ၄ နှစ်တာ အချိန်က ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် -- ကျေးရွာလေးတွင် နေထိုင်သည့် စာရေးသူ နှင့် နီးစပ်သူ လူငယ်လေးတစ်ဦး ချောင်းဆိုးသံ တစ်ဟွတ်ဟွတ် နဲ့ ရန်ကုန်မြို့ရှိ စာရေးသူအိမ်သို့ ရောက်လာခဲ့သည်။ နေမကောင်းသဖြင့် သာယာဝတီ ဆေးရုံတွင် ပြသခဲ့ရာ AIDS ရောဂါ ခံစားနေခဲ့ရကြောင်း သိသွားပြီး ရန်ကုန်သို့ တက်ရောက် ကုသရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း စာရေးသူကို ပြောပြခဲ့သည်။

ကူးစက်ရောဂါကု ဆေးရုံသို့ တင်ပေးခဲ့ရာ အချိန်နောက်ကျသွားပြီး အသက် ဆုံးပါးသွားခဲ့သည်။ စာရေးသူလည်း အလွန်စိတ် မကောင်းဖြစ်မိသလို နေရပ်တွင် ကျန်ရစ်သူ ကိုယ်ဝန် အရင့်အမာကြီးနှင့် သူ၏ ဇနီးသည်ကို ရန်ကုန်ခေါ်ပြီး ဆေးစစ်ပေးခဲ့ရာ သူမလည်း HIV ရောဂါ ခံစားနေခဲ့ရပြီ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူမကို ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ရောဂါ ကုသမှု ခံယူစေခဲ့ပြီးနောက် သမီးလေး တစ်ဦး မွေးဖွါးခဲ့သည်။ အဆိုပါ သမီးငယ်လေးမှာ ယခုအခါ အသက် ၃ နှစ်ကျော်နေပြီး ကျောင်းပင် တက်နေပြီ ဖြစ်သလိုဆေးစစ်လိုက်သော အခါ ရောဂါကင်းစင်နေသည့် အနာဂတ်သားကောင်း ရတနာလေး ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် သိခဲ့ရသည်။ HIV ရောဂါရှိသော မိခင်ဖြစ်သူမှာလည်း နေ့စဉ်ဆေးသောက်လျက် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပင် ယနေ့ထက်တိုင် အဆိုပါ ရွာလေးတွင်ပင် ရှိနေခဲ့သည်။

သူတို့ မိသားစုမှာ အသိပညာ နိမ့်ပါးလွန်းသဖြင့် အဖြစ်ဆိုးခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့သော မိသားစုများ မြန်မာနိုင်ငံအနှံ ရှိနေသည်ကို လူတိုင်း သိသော်လည်း ဖုံးဖုံးဖိဖိပင် နေခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးထဲရှိ အဆိုပါ ဒေသလေးမှာ အလွန်ဆင်းရဲလွန်းသည့် လယ်သမား မိသားစုဝင်များ နေကြသော ကျေးရွာစုလေးများ ရှိကြပြီး မြို့ပေါ်တက်ရန် မိုးတွင်းဆိုလျင် စက်ဘီးလမ်းပင် မရှိပဲ ကျောင်းတက်ရန် သုံးလေးမိုင်ခန့်  လမ်းလျောက်၊ ဆေးကုသရန် လူနာများကို ခြုံစောင်ကြမ်းကို ၀ါးလုံး၌ အစွန်းနှစ်ဖက် ချီကာ၊ လူနာကိုထည့် သုံးလေး ယောက် ထမ်း ပို့ရသည့် နေရာလေး ဖြစ်သည်။ အတော်အတန် ရောဂါဖြစ်လျင် ရမ်းကုများကို အားကိုးရလေ့ရှိပြီး ရမ်းကုများက မည်သည့် ဆေးထိုးပေးသည် ဖြစ်စေ ကျေနပ် နေကြရသူများ ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ကျော် ကာလအထိ ရမ်းကုများက တစ်ခါသုံးဆေးထိုးအပ် သုံးရကောင်းမှန်းမသိ၊ ရေနွေးလေး စိမ် ဟိုလူ့တင် ဗြွတ်ကနဲထိုး၊ ဒီလူ့တင် ဗြွတ်ကနဲ ထိုးနေကြခြင်းက HIV / AIDS ရောဂါများကို လက်ကမ်းနေခြင်းပင် ဖြစ်သည်။

ရွာတွင်းရှိ အမျိုးသမီးငယ်လေးများမှာ လိင်အကြောင်း စကားပင် မဟရဲကြ၊ လိင်အကြောင်း ပြောလျင် သိမ်ဖျင်းသော စကားများအဖြစ် ထင်မြင်ယူဆသည့် ဓလေ့ရှိကြပြီး ကွန်ဒုံး ဆိုသည်ကို မြင်ဖူးခြင်းမရှိ၊ မည်သို့ သုံးရသည် ဆိုကိုပင် နားလည်ခြင်းမရှိ။ လူ့ဘ၀တွင် လူတိုင်း တစ်ချိန်ချိန်တွင် ကြုံဆုံရမည့် လိင်ဆက်ဆံချိန်တွင် ဆက်ဆံဖေါ် ပြုသမျှ နုကြရသည်။ မိမိကိုယ်ကို မည်သို့ ကာကွယ်ရမှန်းလည်း မသိကြ။ ထိုသည်ကလည်း   HIV / AIDS ရောဂါများကို လက်ကမ်းနေခြင်းပင် မဟုတ်ပါလော...အမျိုးသားများမှာလည်း အားလုံးနည်းတူပင် အိမ်မှ ဇနီးမယား အပြင် အပျော်မယ်များနှင့် တစ်ခါတစ်လေ ဆက်ဆံလိုကြသည်။ အတတ် စမ်းလိုသည်။ သူတို့အဆို "အိမ်မှာ ၀က်သားချည်း နေ့တိုင်း စားနေရပေမယ့် တစ်ခါတစ်လေ ငပိချက်လေး စားချင်တယ်"  ဆိုသည်။

ထိုလူများကလည်း မိမိကိုယ်ကိုယ် မည်သို့ ကာကွယ်ပြီး အပျော်အပါး လိုက်စားရကောင်းမှန်း ကျန်းမာရေး အသိမရှိ။ မြို့ပေါ်သို့ တစ်ကြိမ်တစ်လေ တက်သွားပြီး အပျော်မယ်များထံ ရောက်သည်နှင့် ဖြစ်ချင်တိုင်း ဖြစ်တော့သည်။ ကွန်ဒုံးစွပ်ရန် ဖြောင်းဖျသူကိုပင် "မိုးရေချိုးတာ မိုးကာဝတ်ချိုးလို့ ဘယ်ကောင်းမလဲ" ဟု ပြန်ပြောသူများ ရှိသေးသည်။ ထိုအမျိုးသားများ အိမ်သူ သက်ထား ဇနီးမယားထံ ပြန်လာမည့်အချိန်မှာ နေအိမ်ရှိ မိသားစုများအတွက် သေမင်းတမာန် ချိန်ခါပင် မဟုတ်ပါလော...မကြာမီက HIV/AIDS ရောဂါသည်များကို ကုသပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအသင်း၏ ဆေးခန်းသို့ လူနာ တစ်ဦးလိုက်ပို့ ပေးခဲ့ရသေးသည်။ သာယာဝတီ၊ သုံးဆယ်
နယ်ဖက်မှ လူနာအများစု လာရောက် ဆေးကုသမှု ခံယူနေသည်ကို မြင်တွေ့ခဲ့ရသဖြင့် မဖြစ်မနေ တစ်နိုင်တစ်ပိုင် လူထု ပညာပေး အစီအစဉ်လုပ်တော့မည်ဟု သံဓိဌါန်ချမိသည်။

မြန်မာနိုင်ငံထက် အရင်ဦးဆုံး HIV / AIDS ရောဂါ ပြဿနာ ပေါ်သည်မှာ ထိုင်းနိုင်ငံ ဖြစ်သော်လည်း အသိပညာ ဖြန့်ဝေမှုနှုန်း အလွန်မြင့်မားသောကြောင့် ကူးစက်နှုန်း မြန်မာပြည်လောက် မြန်ဆန်မည် မထင်။  မြန်မာနိုင်ငံတွင်မူ HIV / AIDS ကာကွယ်တားဆီးရေး ဟောပြောပွဲ ပြုလုပ်သူများကို နိုင်ငံရေး လုပ်သည်ဟုပင် ထင်မြင်နေကြခြင်း ကလည်း HIV / AIDS ရောဂါ နွံအတွင်း နစ်သည်ထက် နစ်လာစေရေး အတားအဆီး တစ်ခုပင် ဖြစ်နေသည်။  HIV / AIDS ရောဂါ ကာကွယ် တားဆီးရေး ဟောပြောပွဲ ဆိုသည်မှာ
နယ်ပယ်အသီးသီးမှ လူသားတိုင်းနှင့် သက်ဆိုင်နေသော အလွန် အရေးကြီးသည့် ကိစ္စတစ်ခုပင် ဖြစ်သည်။

HIV / AIDS ရောဂါ ခံစားနေရသော်လည်း ကျန်းမာရေးအသိ နည်းပါးမှုကြောင့် စိတ်ကျနေသူများ ရှိသည်။ အချိန်မှီ ကုသရကောင်းမှန်း မသိသောကြောင့် မိသားစုနှင့် ကွဲကွာ တိမ်းပါး သွားကြသူများ ရှိသလို ရောဂါ မကူးစက်အောင် မည်သို့ နေထိုင်ရကောင်းမှန်း မသိသူများလည်း မြန်မာပြည်တစ်ဝှမ်း အလွန်များပြားလွန်း နေသည်။

မတ်ဖန်၌ လူသားအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လိုသော ဆရာဝန်များစွာ ရှိနေသလို ကူညီအားပေးမည့် စေတနာရှင် မေတ္တာရှင်များလည်း ရှိနေသည်။ ဟောပြောပွဲများသို့ သွားမည့် ဆရာဝန်အဖွဲ့ သယ်ယူ ပို့ဆောင်ရေး အတွက်လည်း Mutdfan Foundaion  ၏ ကားက အဆင်သင့် ရှိနေသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဒေသဆိုင်ရာ ကျန်းမာရေး ဌါန တို့ထံ တရားဝင် ခွင့်ပြုချက် တောင်းခံပြီး အကူညီ ရယူသွားမည်ဖြစ်သလို မည်သည့် ပါတီနိုင်ငံရေးမျှ မရောယှုက်ပဲ PSI ကဲ့သို့ NGO အဖွဲ့များက ရောင်းချနေသည့် အဖေါ် ကွန်ဒုံးများကိုလည်း ၀ယ်ယူကာ ပြန်လည် ဖြန့်ဝေသွားမည် ဖြစ်သည်။ အဆိုပါ Mutdfan.com ၏  KNOWLEDGE OF HIV/AIDS အစီအစဉ်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်သွားရန် ရည်ရွယ်ထားသည်။

Mutdfan.com ၏  KNOWLEDGE OF HIV/AIDS  အစီအစဉ်၌ မည်သည့် ကဏ္ဍမှမဆို ပူးပေါင်းပါဝင် လိုသူများ အနေဖြင့် HIV.Mutdfan@gmail.com  သို့ စတင် ဆက်သွယ်နိုင်သလို အလှူငွေများ လှူဒါန်းလိုသူများ ရှိပါက အောက်ပါအတိုင်း ဆက်သွယ် နိုင်ပါသည်။

မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။

ဆရာတော် ဥုးစရိယ
စရိယာ ရာမကျောင်းတိုက်၊
ဖုန်း ၀၁၆ ၆၂၆၄၆၄၂
လမ်းညွန်- KL(Pasar Sini) မှ U-66 စီး၊ (Section-6) ဆက်ရှင် ၆, Caltex ဓာတ်ဆီဆိုင်မရောက်ခင် မှတ်တိုင်တွင် ဆင်းရပါမည်၊ ပူထရာ LRT ရထားစီးလျှင် Taman Jaya ဘူတာတွင်ဆင်းရပါမည်။

ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး

Saving Account
Account No.      0071220027265 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name.  U ZAW LWIN WIN

သို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာမှ Paypal Account ဖြင့် လှူဒါန်းလိုသူများ

Paypal Account
Username - leo.kyawzinhtat@gmail.com

တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။

ထူးကိုကို (ကိုဂျာရက်)
ဘဏ်အကောင့် - ၁၀၀၂-၀၃၇-၈၃၇၀၃၂
Woori Bank

ဖုန်းနံပါတ် ..010 -3434-6184လိပ်စာ-
1360-8 , Jung Wang -Dong,
Siheung-City , Kyungki-Do , Korea
( 2 Ra - 509, Sihwa Industrial Complex )

စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသန့်ဇင်ဝင်း
အယ်ဒီတာ (Mutdfan.com)
(potatothant@gmail.com)
ဖုန်း - ၉၀၉၄၀၂၈၁...၆၂၂၁၉၇၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉၇၈၉(အိမ်ဖုန်း)

ရုရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)
+79037894871
mincansi@gmail.com

ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)
+79851335345
saisyant@gmail.com

ယခု အစီအစဉ်လေး စတင်တော့မည့် အချိန်၌လည်း မရမ်းချောင်းကို ကူညီခဲ့စဉ်က သုံးစွဲခဲ့သည့် ဂျက်လီ၏ စကားတစ်ခွန်းကိုပင်ပြန်လည် သုံးစွဲလိုပါသည်။ဂျက်လီ ပြောခဲ့သည်က.. We are not asking for your money, we are asking for your heart.

အလှူရှင်စာရင်း....
မလေးရှားနိုင်ငံ၊ စရိယာရာမ ကျောင်းတိုက် ဆရာတော် ဦးစရိယ နှင့် ဒါယကာ ဒါယိကာမ များမှ အလှူငွေ ၂ သိန်းကျပ်မတည်ပေးခဲ့ပြီ ဖြစ်ပါသည်။(ထို့ကြောင့် မတ်ဖန်၏ KNOWLEDGE OF HIV/AIDS အစီအစဉ်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်သွားနိုင်ပြီ ဖြစ်ပါသည်)

ဇော်ဇော်    (2011-08-19)

Mutdfan - HIV / AIDS ပညာပေး ဟောပြောပွဲများ ပြုလုပ်ရန် စတင် စီစဉ်နေသော မတ်ဖန်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top