11
May

HIV/ AIDS ရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေး ရုပ်ရှင် ဇာတ်လမ်း ဟောင်ကောင် ရုပ်ရှင် မင်းသမီးနှင့် ရိုက်ကူးရန် စီစဉ် လျက်ရှိ

ကျန်းမာရေး ဝန်ကြီး ဌာနနှင့် Unicef တို့ ပူးပေါင်း၍ ကျေးလက် ဒေသ ကျန်းမာရေး စောင့်ရှောက်မှု သရုပ်ဖော် အဖြစ် မိခင်မှ သန္ဓေသား၊ ကလေးငယ်ကို HIV/AIDS ရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေး ရုပ်ရှင် ဇာတ်လမ်းကို ရိုက်ကူးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရိုက်ကူးခွင့် ရရှိပါက ဟောင်ကောင် မင်းသမီး Mariyan၊ သရုပ်ဆောင်များ၊ ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့များသည် ဇွန် ၂၆ ရက်တွင် အကြို စတင် ရိုက်ကူး မည် ဖြစ်ပြီး ဟောင်ကောင် မင်းသမီးမှာ ဇူလိုင် ၃ ရက်တွင် ရိုက်ကူးမည် ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း ရိုက်ကူးမည့် ဒေသအား မရွေးချယ်မီ သာယာ လှပသော ရှုခင်းများ များစွာရှိသည့် တောင်ကြီး၊ အင်းလေး၊ ပြင်ဦးလွင် မြို့နယ် မိုးကုတ် ဒေသများသို့လည်း  ရောက်ရှိ ခဲ့ကာ ဇာတ်လမ်းနှင့် ကိုက်ညီသည့် မုံရွာမြို့နယ် မုံရွေး - ကြေးမုံ စံပြကျေးရွာအား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုက်ကူးရေး အဖွဲ့သည် ဟောင်ကောင်မှ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ရိုက်ကူးရေးစက် အဖွဲ့များ ပါဝင်ပြီး မြန်မာနိုင်ငံ အတွက် သီးသန့် မှတ်တမ်းတင် ရိုက်ကူး ပေးမည်ဖြစ်ကြောင်း သိရသည်။

မြဝတီ - HIV/ AIDS ရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေး ရုပ်ရှင် ဇာတ်လမ်း ဟောင်ကောင် ရုပ်ရှင် မင်းသမီးနှင့် ရိုက်ကူးရန် စီစဉ် လျက်ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top