29
Jan

HIV/ AIDS ရောဂါ ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား ဘာသာရေးနှင့် နှီးနွယ်ကုသနိုင်

ကမ္ဘောဒီးယား နိုင်ငံတွင် HIV/AIDS ရောဂါ ဝေဒနာ ခံစားနေရသူများအား လူအများက ယနေ့ခေတ်တိုင် ၀ိုင်းပယ်ထားကြပြီး အပြစ်သားများ သဖွယ် ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်။ ၄င်းတို့အား အများစုက လူ့အသိုင်းအ၀ိုင်းမှ ဖယ်ထားကြပြီး လူမှုရေးကိစ္စ အတော်များများတွင် ဆက်သွယ်မှု လုံးဝဖြတ်တောက် ထားကြသည်။ ထိုသို့ ပြုမူမှုများကြောင့် ရောဂါဝေဒနာ ခံစားနေရသူများ အတွက် စိတ်ပိုင်းဆိုင်ရာများစွာ ထိခိုက်ကြရပြီး သာမန် အသက်ရှင်နေထိုင်မှု အနေအထားထက် ပိုမို ဆိုးရွားမှုများ ခံစားခဲ့ကြရသည်။

ယခုအခါ ကမ္ဘောဒီးယား အစိုးရက UNICEF အဖွဲ့နှင့် ပူးပေါင်းကာ ဗုဒ္ဒ အယူဝါဒနှင့်အညီ လေ့ကျင့် ကုသမှု အစီအစဉ်တစ်ရပ် (Buddhist Leadership Initiative) အား အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိ ရသည်။ ယင်းအစီအစဉ်အရ ရောဂါကုသရေး စင်တာများ ထူထောင်လျက် နိုင်ငံတွင်းရှိ ရဟန်းသံဃာ (၅၀၀၀၀) ကျော်ခန့်မှ ဦးစီးကာ ရောဂါဝေဒနာ ခံစားနေရသူများအား စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ပြန်လည် ပြုလုပ်ပေးပြီး သာမန် လူ့နေထိုင်မှု အခြေအနေသို့ ရောက်ရှိစေရန် ဘာသာရေးအရ ကုစားပေးမည် ဖြစ်ရာ HIV/AIDS ရောဂါဝေဒနာ ရှင်များအတွက် သတင်းကောင်းပင် ဖြစ်သည်။

Source : BBC

MRTV-4 - HIV/ AIDS ရောဂါ ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား ဘာသာရေးနှင့် နှီးနွယ်ကုသနိုင် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top