25
Dec

HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တည်းနေ



အေးချမ်းမြေ့ (ဧရာသတီသတင်း ဌာန)

၂၆၊၁၂၊၂၀၀၈


ပြည်တွင်းရှိ HIV/ AIDS ဝေဒနာရှင်များကို စောင့်ရှောက်ပေးနေသော
အန်ဂျီအိုများက လူနာသစ်များ လက်မခံတော့ သဖြင့် ၎င်း ဝေဒနာ သည်များကို စောင့်ရှောက်
ပေးနေသော မဖြူဖြူသင်းတို့ထံသို့ ဝေဒနာရှင်များစွာ ရောက်ရှိလာရာ ဆေးဝါးနှင့်
စရိတ်စက အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ကိုယ်ခံအား ကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေး
လုပ်ငန်းများကိုဦးဆောင် လုပ်ကိုင်ပေးနေသော မဖြူဖြူသင်း၏ အဆိုအရ ၎င်းတို့ထံသို့
လူနာသစ်များ နေ့စဉ် ၄ ဦးမှ ၅ ဦးထိ ဝင်လာ လျှက် ရှိ ကြောင်း သိရသည်။
လာသမျှလူနာတိုင်းကို
မလုပ်ပေးနိုင်ဘူးလို့ ငြင်းဖို့ကလည်း မလုပ်ချင်ဘူး။ တချို့ဆို ညဘက်ကြီး ရောက်လာ
တာ။ နေဖို့၊ စားဖို့ကအစ ကျမတို့ အစစ တာဝန်ယူပေးရတာ
ဟု ၎င်းက ပြောပြသည်။

 

လုပ်ရိုးလုပ်စဉ်အရ မဖြူဖြူသင်းဦးဆောင်သော HIV/ AIDS ဝေဒနာသည်များ
စောင့်ရှောက်သည့် အဖွဲ့သည် ယခင်က ဝေဒနာသည် တဦးရောက်လာလျှင် နှစ်သိမ့်ဆွေးနွေး
ပညာပေးခြင်း၊ နယ်မှ ဝေဒနာရှင်များ နေစရာ မရှိလျှင် နေစရာ စီစဉ်ပေးခြင်းတို့
ပြုလုပ်ပေးသည်။ ၎င်းလူနာများ ဆေးစစ်ရန်လိုအပ်ပါက
ပီအက်စ် အိုင် နှင့် ချိတ်ဆက်ပေးပြီး
ဆေးသောက် ရန်လိုအပ်လာပါက အေဇက်ဂျီ ဆေးခန်းများသို့ ညွှန်ပြခြင်းတို့သာ ဆောင်ရွက်
ပေး ခဲ့သော်လည်း ယခုအခါ လူနာများလာပြီး အစစအရာရာ တာဝန်ယူနေရသဖြင့် အခက်အခဲရှိနေသည်
ဟုသိရသည်။

 

လူနာတွေက ဆေးခန်းတွေမှာ တယောက်နဲ့
တယောက် တွေ့ရင် သတင်းဖလှယ်ပြီး ကျမတို့ဆီသွားလို့ရတယ် လို့ အချင်းချင်း
လမ်းညွှန်ကြရာက တဆင့်စကားနဲ့သိပြီး ရောက်လာတာ နေ့တိုင်း လူနာအဝင်အထွက်ရှိပေမယ့်
အမြဲတမ်း လူနာက အယောက် ၄၀
လောက်က မလျော့ဘူးဟု မဖြူဖြူသင်းက ပြောပြသည်။

 

မဖြူဖြူသင်းနှင့်အဖွဲ့က တာမွေမြို့နယ်ရှိနေအိမ်တလုံးနှင့်
တောင်ဒဂုံမြို့နယ်ရှိ ၎င်း၏မိသားစုပိုင် နေအိမ်တို့တွင် လူနာများကို စောင့် ရှောက်ပေးလျှက်ရှိရာ
ရေရှည်တွင်လူနာများ နေရေးစားရေးနှင့် ဆေးရရှိရေးအတွက် အခက်အခဲရှိကြောင်း
မဖြူဖြူသင်းနှင့်အတူ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်နေသော ကိုရာဇာကလည်း
ပြောပြသည်။

 

အစိုးရက ဒီဝေဒနာသည်တွေအတွက်
ဖွင့်ပေးထားတဲ့ ဆေးရုံတွေမှာလည်း အေအာဗီမပြောနဲ့ သာမန် ဘာမီတွန်လို သာမန် အခွင့်အရေးယူရောဂါတွေအတွက်
ဆေးတွေတောင် အလကား မပေးနိုင်ဘူး
ဟု ကိုရာဇာကဆက်ပြောသည်။

 

သာမန်အခွင့်အရေးယူရောဂါဆိုသည်မှာ ခုခံအားကျဆင်းချိန်တွင်
ဝင်လာတတ်သော ဖျားနာ၊ မှဲ့ခရု၊ ရေယုန် အစရှိသည့် ရောဂါ ဝေဒနာ များဖြစ်သည်။အစိုးရက
HIV/AIDS ဝေဒနာသည်များအတွက် ဝေဘာဂီဆေးရုံနှင့် မင်္ဂလာဒုံဆေးရုံ
၂ရုံဖွင့်လှစ်ပေးထားသည်။ အေဇက်ဂျီက ၂၀၀၆ခုနှစ်ကတည်းက အေအာဗီဆေးပေးခြင်းကို
ရပ်နားထားလိုက်သော်လည်း လူနာသစ်များလက်ခံပေးနေသေးသည်။ ယခုအခါ လူနာသစ်လက်ခံခြင်းကိုပါ လုံးဝရပ်နားထားလိုက်ပြီဖြစ်သည်။မဖြူဖြူသင်း
ဦးဆောင်သောအဖွဲ့ကလက်ရှိ အေအာဗီဆေး တိုက်ကျွေး နေသော လူနာအရေအတွက်မှာ ၈၀ မှ ၁၀၀
အတွင်းရှိနေရာ ရေရှည် ဆေးတိုက်ကျွေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

 

ခုဆေးပုံမှန်စားနေတော့
အရင်လိုလူကောင်းအတိုင်းပဲနေလို့ စားလို့တော်တော်ကောင်းတယ်။ ကျန်းမာနေပါတယ်
ဟု မဖြူဖြူသင်း
တို့ထံတွင်နေထိုင်ကာအေအာဗီဆေး စားခွင့်ရနေသောဝေဒနာရှင်ကိုမျိုးက ပြောပြသည်။၎င်းသည်ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး
ရန်ကုန်ရောက်၍ မဖြူဖြူသင်းတို့၏ အစောင့်အရှောက် ခံနေသည်မှာ ၃ လခန့်ရှိပြီဖြစ်သည်။

 

ယခုလက်ရှိတွင် မဖြူဖြူသင်းနှင့်အဖွဲ့သည် HIV/AIDS ပညာပေးအစီအစဉ် အဖြစ်လက်ကမ်းစာစောင်
ထုတ်ဝေရန် စီစဉ်လျှက်ရှိသော်လည်း ငွေကြေးအခက်အခဲကြောင့် မထုတ်နိုင်သေးကြောင်း
ကြားသိရသည်။

 

တချို့ဆို ဒီရောဂါကိုလုံးဝမသိဘူး။
နယ်ကလူတွေဒီရောဂါအကြောင်းမသိဘဲ သေသွားတဲ့သူတွေရှိတယ်။တချို့ကသိတာနဲ့ ပိုက်ဆံလည်း
ရှိတော့ အေအာဗီဆေးသောက်ပြီး ကျန်းမာလာကြတာရှိတယ်
ဟု မဖြူဖြူသင်းက
ရှင်းပြသည်။လက်ကမ်းစာစောင်များကို ယခင်က အန်ဂျီအိုများထံမှရရှိသော်လည်း
ယခုနောက်ပိုင်း မရနိုင်တော့ရာ လျှောက်လွှာစာရွက်ပေါ်တွင် လက်ရေးနှင့်
နိုင်သလောက်ရေး၍ ဝေဒနာသည်များကို ဖတ်ခိုင်းသည့် အစီအစဉ်သာ ပြုလုပ်နေရသည်ဟု ၎င်းက
ဆက်ပြောသည်။

 

မြန်မာနိုင်ငံတွင်HIV/ AIDS ဝေဒနာရှင်ပေါင်း ၃ သိန်း ၆ သောင်းကျော်ရှိပြီး အေအာဗီဆေး စားခွင့်
ရရှိသူမှာ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့
(အမ်အက်စ်အက်ဖ်) က ကြေညာထားသည်။မဖြူဖြူသင်းနှင့်အဖွဲ့သည်
၎င်းဝေဒနာရှင်များကို ၂၀၀၂ ခုနှစ်မှ စတင်စောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး စတင်ချိန်မှ
ရေတွက်လျှင် ယခုထိ လူနာပေါင်း ၂၅၀၀ ဝန်းကျင်ကို စောင့်ရှောက်ခဲ့ကြောင်း
ကိုရာဇာကပြောသည်။
အေအာဗီဆေးက ပျောက်တဲ့ဆေး မပေါ်မချင်း မသေမချင်းသောက်နေရမှာ။ ရေရှည်မှာ
လူနာတွေအတွက် ကျနော်စိုးရိမ်တယ်
ဟု ကိုရာဇာက ပြောသည်။

သတင်း - အေးချမ်းမြေ့ (ဧရာသတီသတင်း ဌာန) ၂၆၊၁၂၊၂၀၀၈ HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တည်းနေ



Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top