၁၊၂၈၊၂၀၀၉
RFA သတင်းဌာန
မြန်မာနိုင်ငံက HIV/AIDS ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ရန်
3D Fund အဖွဲ့ ကNGOအဖွဲ့ (၈)ဖွဲ့  ကို ရန်ပုံငွေပေးပြီး ကူညီနေရာမှ အဲဒီအထဲကတချို့ အဖွဲ့တွေက လူနာတချို့ ကိုနိုင်ငံရေးအဖွဲ့ အစည်းတွေ
နဲ့ ပတ်သက်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေသလို အဲဒီအဖွဲ့ (၈)ဖွဲ့ ကတဆင့်အခြား NGO အဖွဲ့ ငယ်တွေကို ထောက်ပံ့ပေးနေရာမှာလည်း အဖွဲ့ ငယ်တွေထဲမှာငွေကြေးနဲ့ ပတ်သက်ပြီး မမှန်မကန် လုပ် နေတာတွေ
ရှိနေတယ်လို့ သတင်းရရှိပါတယ်။
ဝေဒနာသည်တွေကိုကူညီဖို့ အဲဒီလိုအဆင့်ဆင့်
ပေးနေတဲ့အတွက် လစ်ဟာမှုတွေ အမြောက်အများရှိနေပြီး၊ ကူညီသူတွေက လူနာတွေဆီ ပြည့်ပြည့်၀၀ မရောက်တာတွေ ရှိတယ်လို
့သိရပါတယ်။ဒါနဲ့ ပတ်သက်ပြီး HIV ဝေဒနာသည်တွေကို ကူညီပေးနေတဲ့ ကိုရာဇာက အခုလို သုံးသပ်ပြောဆိုပါတယ်။
ကိုရာဇာ။ ။“ကျွန်တော်တို့ ဆီမှာ ဘယ်လိုလဲဆိုတော့
NGO အသေးလေးတွေ အများကြီးပေါ်လာတယ်ဗျ 3D Fund ၀င်လာ ပြီးတဲ့နောက်ပိုင်းလေTarget က လိုရင်းမရောက်တော့ဘူး လိုဖြစ်နေတာပေါ့ ဟို NGO တွေကလည်း pamphlet
(လက်ကမ်းစာရွက်)လေး ထုတ်လိုက် သူ့ရဲ့ ကန့်သတ် ဧရိယာလေးမှာ လှုပ်ရှားလိုက်ဆိုတော့၊ ဒီ NGO အသေးလေးကလည်းတခါ လုပ်ငန်းအသေးလေး တွေတင်လိုက် ဆိုတော့ ၊ဒီပိုက်ဆံတွေက အဲဒီမှာ
waste ဖြစ်နေတာတွေ သွားတွေ့ တယ်၊ တွေ့ တယ်ဆိုတာ
အဖွဲ့ အစည်းတခု ဖွဲ့ မယ်ဆိုလို့ ရှိရင် ဒါ facility
လိုတာပဲ၊
ဒါကတော့ဓမ္ဓ္မတာပဲလေ ဥပမာဗျာ chairman ရှိမယ် secretary
ရှိမယ်၊ vice chairman ရှိမယ်ဆိုတော့သူတို့ လစာ တွေလည်း ပေးရမယ်၊ ဒီလုပ်ငန်းဆောင်ရွက်ဖို့ အတွက်ကလည်း ရုံးခန်းအဆောက်အဦးတို
့၊တယ်လီဖုန်းတို့ ဘာတို့ ညာတို့  ဒါတွေကလည်း လိုလာတာကိုး
အဲဒီစရိတ်တွေသွား တဲ့အခါကျတော့ ကျွန်တော်တို့ ခုဏကပြောသလိုပေါ့၊
ဥပမာ ဆေးဝါးလိုတယ် ဆိုလို့ ရှိရင် ဆေးဝါးကိုထိထိ ရောက်ရောက် မပေးနိုင်တော့ဘူး။”
3D Fund အဖွဲ့ ကို သြစတြေးလျ၊ ဥရောပကော်မရှင်၊ နော်ဝေ၊
ဆွီဒင်၊ အင်္ဂင်္လန်၊ နယ်သာလန် နိုင်ငံတွေကနေ ထောက်ပံ့ပေးထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ HIV/AIDS ငှက်ဖျားနဲ့ တီဘီ ရောဂါတိုက်ဖျက်ရေးတို့ အတွက် ရန်ပုံငွေ
အမေရိကန်ဒေါ်လာသန်း ၁၀၀ ထားရှိပါတယ်။
NGO အဖွဲ့ ငယ်တွေထဲမှာ ငွေကြေးနဲ့ ပတ်သက်ပြီး မမှန်မကန်လုပ်တာတွေ
ရှိနေတဲ့ အကြောင်းနဲ့ ပတ်သက် ပြီးထဲထဲဝင်ဝင် သိထားတဲ့ HIV ဝေဒနာသည်တဦးနဲ့  RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။
HIV/AIDSဝေဒနာသည်ကူညီနေသည့် NGOအဖွဲ့ အချို့ ရန်ပုံငွေအလွဲသုံး-သတင်း-RFA သတင်းဌာန
အောက်ပါဖိုင်တွင်
ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကိုနားဆင်နိုင်ပါသည်။




