နိုဝင်ဘာလ နောက် ဆုံးပတ်က ချင်းပြည်နယ် ထန်တလန်မြို့ပေါ် ရှိ HIV/ Aids Prevention တွင် အလုပ်လုပ် နေသူ ဒေါ် Tluang Cawi Iang အား လင်ယူမှုကြောင့် အလုပ်ထုတ်ခံရသည်ဟု သိရသည်။
“အဲဒီမှာ အလုပ်လုပ်သူတွေဟာ လင်မယူရဘူးဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး၊ ကျမ အလုပ်လုပ်တာ သုံးလပဲရှိသေးတယ်၊ လဒ်ထိုးတဲ့ ပိုက်ဆံတောင် မကျေဘူး” ဟု ကာယကံရှင်ကိုယ်တိုင်က ပြောသည်။
အလုပ်ရဖို့အတွက် မည်မျှ လဒ်ထိုးသည်၊ လစာ ဘယ် လောက် ရ သည် ဆိုသည်ကိုမူ ပြောမပြချေ။ အဆိုပါ အမျိုးသမီး အား အလုပ်ထုတ်ပြီး နောက်တနေ့တွင် ကလေး တယောက် အမေ အား အသင်း ဥက္ကဌက အလုပ် ခန့်လိုက်သည်ဟု သိရသည်။
“အဲဒီ အမျိုးသမီးကို အလုပ်ခန့်ချင်လို့ တမင်သက်သက်ဖြုတ်လိုက်တာပါ ” ဟု အမျိုးသမီး ဆွေမျိုးတဦးက ဆိုသည်။
Khonumthung - HIV / Aids prevention မှ အမျိုးသမီး ၀န်ထမ်း တဦး လင်ယူ မှုကြောင့် အလုပ်ထုတ်ခံရ




