မေး။ ။ ART စားနေရတဲ့ HIV Positive သမားဟာ အသည်းရောင် အသားဝါ ဘီကာကွယ်ဆေးထိုးလို့ ရပါသလား ခင်ဗျာ။ ဘယ်လိုကာကွယ်ဆေးတွေ ထိုးလို့ရပြီး ဘယ်ကာကွယ်ဆေးတွေ ထိုးလို့ မရဘူးဆိုတာ သိပါရစေ။
ဖြေ။ ။ HIV ပိုးရှိသူဟာ အသည်းရောင်အသားဝါ ဘီကာကွယ်ဆေး ထိုးလို့ရပါတယ်။ ဆေးမထိုးခင်မှာ လက်တလော အသည်းရောင်နေသလားဆိုတာကိုတော့ ဆရာဝန်နဲ့ သေသေချာချာ စစ်ဆေးသင့်ပါတယ်။
HIV ပိုးရှိသူတွေ ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေကတော့ -
၁) အသည်းရောင် အသားဝါဘီပိုး Hepatiits B vaccine
၂) မေးခိုင်၊ ဆုံဆို့ပိုး Tetanus, Diptheria, vaccine
၃) လိင်အင်္ဂါ ကြွက်နို့ပိုး Human Papilloma vaccine
၎) အဆုတ်ရောင်ပိုး Pneumococal vaccine
၅) ပါးချိန်ရောင်၊ ၀က်သက်၊ ဂျိုက်သိုးပိုး Measles, Mumps, Rubella vaccine
၆) တုတ်ကွေးပိုး Influenza vaccine
၇) ဦးနှောက် အမှေးရောင်ပိုး Meningococcal vaccine
ဒါတွေအားလုံးကို မထိုးခင်မှာ သက်ဆိုင်ရာ ဆ၇ာဝန်နဲ့ စနစ်တကျ ပြသရပါမယ်။
မထိုးသင့်တဲ့ ကာကွယ်ဆေးတွေကတော့ -
၁) Anthrax vaccine ထောင့်သန်းရောဂါပိုး
၂) Smallpox vaccine ကျောက်ပေါက်မှန်ပိုး စတာတွေပါ။
မေး။ ။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ART ဆေးပေနေတဲ့ လိပ်စာသိချင်ပါတယ်။ ဖုံးနံပါတ်ပါ သိချင်ပါတယ်။
ဖြေ။ ။ လောလောဆယ်တော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ အစိုးရ ပြည်သူ့ဆေးရုံတွေမှာ ART ပေးနေပါတယ်။ ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနလို့ ခေါ်ပါတယ်။ ဖုန်းနံပါတ်တော့ မရနိုင်သေးပါဘူးခင်ဗျာ။ တခြား NGO တွေကို စုံစမ်းပြီး ထပ်ပြောပေးပါ့မယ်။
မဲဆောက်မှာတော့ IOM အဖွဲ့ရှိပါတယ်။ အရင်က သံဖြူဇရပ်နဲ့ မုဒုံမှာလည်း IOM ရှိပါတယ်။ အခုတော့ ရှိသေးလား မသေချာပါဘူး။
လမင်းကို




