• အမေရိကန်ပြည်ထောင်စု ‘တက်ဆပ်စ်’ ပြည်နယ်၊ ‘ဒါးလပ်စ်’ မှာ HIV ပိုးရှိသူ အမျိုးသမီးတယောက် အဖမ်းခံလိုက်ရတယ်။ အသက် ၂၅ နှစ်ရှိတဲ့ ‘ဒိုင်းမွန်း လောရင့်စ်’ ခေါ်တဲ့အမျိုးသမီးက ‘ဝေါလ်-မတ်’ ဆိုင်က အေးခဲထားတဲ့ ၁၁ ဒေါ်လာတန် အစားအသောက်ကို မသိအောင်ယူဘို့ကြိုးစာတဲ့အခါ ဆိုင်ဝန်ထမ်းနဲ့ စကားများပါတယ်။ ရန်ဖြစ်တဲ့ ဆိုင်ဝန်ထမ်းကို သူမက HIV ပိုးပါနေတဲ့သွေးနဲ့ ကူးစက်အောင်လုပ်ပြီး ရန်ပြုဘို့ကြိုးစားပါတော့တယ်။ ကုပ်ခြစ်ခံရတဲ့ မျက်နှာဘယ်ဘက်ခြမ်းက ဒဏ်ရာကို ဆေးကုသမှုခံယူရပါတယ်။ ကူးစက်မဲ့ပုံတောမရပါ။
• “ငါမင့်ကို HIV ပိုးကူးအောင်လုပ်လို့ရတယ်” လို့ဆိုတဲ့ သူမရဲ့ အပြောကိုထောက်ချင့်ရင် ဗိုင်းရပ်စ်ပိုးကို တမင်တကာ သူများကိုကူးစက်အောင်ခြိမ်းခြောက်တာ ထင်ရှားတယ်လို့ ရဲအဖွဲ့ကဆိုပါတယ်။ သူမကနေ ကုပ်ခြစ်တာခံရသူကို “မင့်ကိုကြိုဆိုပါတယ်” လို့ အကြိမ်ကြိမ်ပြောလိုက်ပါသေးတယ်။
• Wal-Mart အရောင်းဆိုင်ကြီးဟာ တန်ဘိုးနည်းနည်းအခိုးခံရတာဆိုရင် တရားစွဲလေ့မရှိပါ။ ‘လောရင့်စ်’ ကတော့ ရဲမှတ်တမ်းမှာ နှစ်ကြိမ်အမဲစက်ရှိထားသူဖြစ်ပါတယ်။ ဒီတခါတော့ အာမခံ ဒေါ်လာ ၁၅ဝဝ နဲ့ အချုပ်ထဲမှာ ထည့်ထားလိုက်ပါတယ်။ Wal-Mart ကလဲ သူမကိုနောက်တခါပြန်မလာပါနဲ့တော့လို့ ပြောလိုက်ပါတယ်။
• HIV ပိုးဟာ သွေးကနေတဆင့် ကူးစက်နိုင်ပါတယ်။ အခုလို အဖြစ်အပျက်ဖြစ်ပြီးနောက် ၃ လ နေမှသာ ကူးစက်မှု တကယ်ဖြစ်တယ် မဖြစ်ဘူးကို ဆေးစစ်နိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၄
http://crimeblog.dallasnews.com/2014/10/police-say-shoplifter-at-dallas-walmart-tried-to-infect-worker-who-confronted-her-with-hiv.html/
ဒေါက်တာတင့်ဆွေ - HIV as a weapon




