27
Sep

HIV Determine Strip

လွန်ခဲ့တဲ့ သုံးလကျော်ကျော်လောက်ကတော့ အပျော်အပါး လိုက်စားမိပါတယ်။ အဖော်တော့ သုံးပါတယ်။ ခုအရေပြား (ခြေသလုံး နှင့် လက်ဖြန်) မှာ ယားနာ လိုလိုပေါက်နေပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးလဲ နေ့တိုင်း လုပ်ပါတယ်။ ဒါနဲ့ ကျနော် သွေးစစ်ကြည့်ပါတယ်။ အဖြေမှာတော့မရှိဘူး (non-reactive) လို့ရေးထားပါတယ်။ Determine Strip နဲ့ စစ်တယ်လို့တော့ ရေးထားတယ်။ အဲ့သုံးလကျော် အတွင်းမှာတော့ တစ်ခါမှ မဖျားဖူးပါဘူး။ ဝမ်းပျက်ဝမ်းလျောလဲ မဖြစ်ပါဘူး။ ဖျားတာတို့ ဝမ်းလျောတာတို့က ဘယ်လောက်ကြာမှဖြစ်တာလဲ။ အဲ့ Determine Strip စစ်နည်းက မှန်ကန်မှု ရှိပါသလား။ ဘယ်လောက် % မှန်ကန်နိုင်ပါသလဲ။

Determine HIV Rapid Test ကို WHO က အသိအမှတ်ပြုထားတာဖြစ်လို့ စိတ်ချရပါတယ်။ အမြန်စမ်းသပ်နည်း ဖြစ်တယ်။ HIV ကို စမ်းသပ်တာမှာ သိသင့်တာတွေ ရှိပါသေးတယ်။ (လင့်ခ်) တွေကိုလဲ ဖတ်သင့်-လိုက်နာသင့်ပါတယ်။

• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-opportunistic-infections.html
• HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
• HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
• HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
• HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html

ဒေါက်တာတင့်ဆွေ (၂၅-၉-၂ဝ၁၃)

Xenon Aung Myo Oo
Determine က japan ကထုတ်တာပါ သူ့ရဲ့ sensitivity က 99.99 ဖြစ်ပြီး specific ဖြစ်မှုက98.7 ပဲဖြစ်ပါတယ် ဒါ့ကြောင့်သူ့ကို screening test အတွက်ပဲသုံးပါတယ် determineနှင့်false positive ဖြစ်နိုင်ပါတယ်။ သူ့ method က imminochromatographic assay ပါ။ သူက virus ကိုအဓိက detect မလုပ်ပဲ virus ကြောင့်ဖြစ်လာတဲ့ immune HIV.Ab ကိုပဲdetect လုပ်တာပါ။ သူ့က second generation test ပါ။ သူ့မှာ cross reaction ကြောင့်သော်လည်းကောင်း အခြားအကြောင်းအရာ များစွာကြောင့် မှားယွင်းနိုင်ပါတယ်။ ထို့ကြောင့် confirmation test လိုလာပါတယ်။ မည်သို့သော အခါတွင်ဖြစ်ပါစေ HIV REACTIVE ထွက်ပြီဆိုလျင် confirmation test လုပ်ကိုလုပ်ရပါမယ်။

အဲ့ဒီ့ Method တွေကတော့ Enzyme link immunosorbent assay ခေါ်တဲ့ ELISA နှင့် WESTERNBLOT တို့ပါပဲ သူတို့က Reactive ဆိုလျင် HIV.Ab အမှန်ရှိနေပါပြီ ဒါဟာAntibody ကိုစမ်းတာပါ။ virus ကိုတော့ PCR method တစ်ခုတည်းသာလျင် detect လုပ်နိုင်ပါတယ်။ ထို့ကြောင့် determine အဖြေဟာ HIVAb detect လုပ်ရာမှာ 99 % သေချာပါတယ်။ risk တစ်ခုခု ရပြီးပြီးချင်း ၁၄ ရက်အတွင်း မသင်္ကာဖြစ်လျင်ချက်ချင်း p 24 Antigen for HIV test ကိုစစ်သင့်ပါတယ်။ ၁၄ ရက်နောက်ပိုင်းစစ်မရတော့ပါ။

ဒေါက်တာတင့်ဆွေ - HIV Determine Strip 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top