29
May

HIV drugs should be given at diagnosis

HIV ဆေးတွေကို ရောဂါရှာအမည်တပ်ချိန်ကတည်းက ပေးသင့်တယ်လို့ အမေရိကန်လေ့လာမှုတခုကနေ တွေ့ရှိလာပါတယ်။ လက်ရှိကတော့ ပိုးရှိနေပေမယ့် CD4 count သွေးဖြူဥအရေအတွက် နည်းလာမှသာ ပေးနည်းကို သုံးနေတာဖြစ်ပါတယ်။ ပိုးရှိနေသူတိုင်း ဆေးလက်လှမ်းမီဘို့တော့လိုပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နောက်ဆုံးလမ်းညွှန်က CD-4 ၅ဝဝ ရှိနေချိန်ကစပြီး ဆေးပေးဘို့ဖြစ်ပါတယ်။ အခုစမ်းသပ်မှုမှာ ၃၅ နိုင်ငံက ပိုးရှိနေသူပေါင်း ၄၆၈၅ ယောက်ကို US National Institutes of Health က ၂ဝ၁၁ ကနေ စမ်းခဲ့တာပါ။ ၂ဝ၁၆ အထိကြာပါမယ်။

ကြားဖြတ်လေ့လာမှုအရ AIDS ဖြစ်မှု၊ သေဆုံးမှု၊ ကျောက်ကပ်နဲ့ အသည်းထိခိုက်မှုတွေဟာ အဲလိုဆေးစောပေးလို့ ထက်ဝက်လျော့နည်းတာကို တွေ့ရပါတယ်။

HIV ကို အများဆုံးသွေးကိုစစ်တယ်။ HIV antibodies အင်တီဘော်ဒီကိုစမ်းတယ်။ ပျောက်အောင်ကုနိုင်တဲ့ဆေး မရှိသေးပါ။ Antiretroviral ဆေးကနေ ထိန်းထားနိုင်တယ်။ ၁၂့၉ သန်းက ART ဆေးရနေကြတယ်။ ကလေးတွေ ဆေးရနှုန်းနည်းတယ်။ အသိအမှတ်ပြုထားပြီး ဆေး (၂ဝ) ရှိပါတယ်။ ဆေးတခုစီမှာ နာမည်က အနည်းဆုံး ၃ မျိုး စီလောက်ရှိတယ်။ တချို့ကို ဥပမာ AZT ဆေးကို ဓါတုနာမည်ပေးတယ်။ သူ့ရဲ့ ဆေးနာမည်ရင်းက zidovudine ဖြစ်တယ်။ ဆေးရောင်းသူကပေးထားတာက Retrovir ဖြစ်တယ်။ တခါတလေမှာ အတိုကောက်နာမည် ZDV ခေါ်တယ်။

WHO ၂ဝ၁၄ နိုဝင်္ဘာမှာထုတ်ပြန်တဲ့ ၂ဝ၁၃ အကုန်အတွက် တကမ္ဘာလုံး HIV ကိန်းဂဏန်း
• HIV ပိုးရှိနေသူပေါင်း ၃၅ သန်းရှိတယ်။ ၃၉ သန်းအထိလည်း ရှိကောင်းရှိနိုင်တယ်။
• လူနာသစ် ၂့၁ သန်းရှိတယ်။
• အမျိုးသမီး ၅ဝ% နဲ့ ကလေး ၃့၃ သန်းပါဝင်တယ်။
• ဆာဟာရအောက်ပိုင်းမှာ ၂၄့၇ သန်းရှိတယ်။ အမေရိကမှာ HIV ပိုးရှိနေသူပေါင်း ၁့၂ သန်းရှိတယ်။
• ၂ဝ၁၃ တုံးက ၁့၅ သန်း (၂ဝ၁၁ မှာ ၁့၇ သန်း) သေဆုံးခဲ့တယ်။

ဒေါက်တာတင့်ဆွေ (၂၈-၅-၂ဝ၁၅)

BBC - http://www.bbc.com/news/health-32914219

ဒေါက်တာတင့်ဆွေ - HIV drugs should be given at diagnosis

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top