ပိုးရှိတဲ့ မိခင်ဆိုရင် ကလေးယူလို့ မရဘူးလားဆရာ။
HIV ဆိုတာ တချိန်မှာ AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တယ်။ HIV ပိုးကူးစက်ခံထားရသူမှာ ကိုယ်ခန္ဓာရဲ့ ရောဂါ ခုခံနိုင်စွမ်းအားကို ဖျက်ဆီးခံနေရလိမ့်မယ်။ AIDS မဖြစ်ခင်မှာ အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ရောဂါတွေ ဝင်လာမယ်။ HIV ကူးစက်ခံရပြီးနောက် AIDS ဖြစ်လာဖို့ ၁ဝ နှစ်လောက် အချိန်ကြာတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ဆေးကုသမှုခံယူနေရင် ဒိထက်ကောင်းတဲ့အလားအလာကို ရစေပါမယ်။ ခုထိတော့ HIV ကိုပျောက်သွားအောင် မလုပ်နိုင်သေးပါ။ အမေရိကမှာ လူပေါင်း ၁.၁ သန်း HIV ကူးစက်ခံထားရပြီး၊ နှစ်စဉ် ၅ သိန်း ၄ သောင်း လူနာသစ်တွေ့နေတယ်။ ၂၅% က အမျိုးသမီးတွေဖြစ်တယ်။
HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံရာမှာ ဗဂျိုင်းနားလမ်း၊ ပါးစပ်၊ စအိုလမ်းတွေကနေ ဝင်လာနိုင်တယ်။ အပ်၊ ဓါးစတာတွေ မျှသုံးရာကနေလည်းကူးတယ်။ အလှအပကွင်းတပ်တာ၊ တက်တူးထိုးတာတွေကနေလည်း ကူးစက်နိုင်တယ်။ ပိုးရှိနေတဲ့ မိခင်လောင်းကနေလည်း သူ့ကလေးကို မွေးနေစဉ်နဲ့ နို့တိုက်နေစဉ်ကာလမှာ ကူးစက်နိုင်ပါတယ်။ သွေးကနေလည်း ကူးလို့ သွေးသွင်းတာ၊ ဆေးထိုး၊ ဆေးသွင်း အပ်တွေကနေ ကူးလာနိုင်တယ်။
HIV-positive ပိုးရှိနေတဲ့မိခင် ဘာဆင်ခြင်ရမလဲ
စောမွေးတတ်တယ်။ ဗိုက်ထဲကလေးဖွံ့ထွားမှုနည်းတတ်တယ်။ ကလေးအသေမွေးတတ်တယ်။ ဒါတွေက မချမ်းသာတဲ့ တိုင်းပြည်တွေမှာ ပိုဖြစ်တယ်။ ပိုးယင်ထားတာ ကြာနေတဲ့မိခင်တွေမှာ ပိုဆိုးတယ်။ ဆေးသောက်မနေရင် ကလေးကို ကူးစက်ဖို့ ၂၅% ရှိတယ်။ ဆေးသောက်နေရမယ်။ viral load စစ်ဆေးနေရမယ်။ များနေသူက ဗိုက်ခွဲမွေးတာ မသင့်ပါ။ ကလေးနို့တိုက်တာလည်း ပိုကူးစက်နိုင်တယ်။
နှစ်စဉ် အမေရိကမှာ HIV ပိုးရှိနေသူ အမျိုးသမီးပေါင်း ၈၇ဝဝ ယောက်ကလေးမွေးနေကြတယ်။ စနစ်တကျလုပ်နိုင်လို့ ကလေး ၂ဝဝ မှာသာ ကူးစက်တယ်။ ကိုယ်ဝန်ဆောင်တာနဲ့ HIV စစ်ပါ။ အလားအလာရှိသူတိုင်း ကိုယ်ဝန် ၃၆ ပါတ်မှာ ထပ်စစ်ပါ။ အမိန်နဲ့တော့ မခိုင်းပါ။ ကလေးကိုလည်း မွေးပြီး ၁၂ နာရီအတွင်းမှာ စစ်ပါ။
HIV ပိုးရှိနေပမဲ့ လူကောင်းလိုနေနိုင်ကြတယ်။ ကူးစက်ခံရကာစ တုပ်ကွေးလိုသာခံစားရမယ်။ အဲတာတွေကလည်း သူ့အလိုလိုပျောက်သွားမယ်။ လတွေအကြာကြီးနေမှ ရောဂါပေါ်လာပြီဆိုရင် တက်စေ့တွေရောင်လာနိုင်တယ်။ အားယုတ်မယ်။ ကူးစက်ရောဂါတခုခု (ဥပမာ အအေးမိတာ၊ ဖန်းဂတ်စ်မှို) ဖြစ်ရင် သူများတွေထက်ဆိုးမယ်။ မှတ်ဥာဏ် ယာယီနည်းတာလည်း ဖြစ်လာနိုင်တယ်။ ဒီအချိန်ကစပြီး CD4+ cells တွေနည်းလာမယ်။ လူကောင်းတွေမှာ အနည်းဆုံး 1,000 ရှိတယ်။ 200 အထိနည်းလာရင် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ စာရင် ၂၆ ခုထဲကတခုခုဖြစ်လာရင် AIDS လို့ သတ်မှတ်မယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးစစ်မယ်။
• Viral load ဆိုတာ ဗိုင်းရပ်စ်အရေအတွက်ကိုစစ်တယ်။
• CD4+ cell count ဆိုတာ သွေးထဲမှာရှိတဲ့ ခုခံအားဆဲလ်တွေဖြစ်တယ်။
• Antiretroviral therapy (ART) ဆိုတာ ဆေး။
• CD4+ counts နည်းနေသူကို Antibiotics ပိုးသေဆေးပေးနိုင်တယ်။
• liver function အသည်းအလုပ်စစ်ခြင်း၊
• electrolytes ဓါတ်ဆားစစ်ခြင်း၊
• blood sugar ဆီးချိုစစ်ခြင်း၊
• Anemia သွေးအားနည်း မနည်း၊
• (STIs) လိင်ကတဆင့်ကူးစက်ရောဂါစစ်ခြင်း၊
• toxoplasmosis ရောဂါစစ်ခြင်း၊
• hepatitis C အသည်းရေင်စီပိုး၊
• cytomegalovirus ပိုးစစ်ခြင်း၊
• tuberculosis တီဘီစစ်ခြင်းတွေလုပ်မယ်။
flu, hepatitis B, and pneumococcus disease ရောဂါကာကွယ်ဆေးတွေ အရင်ကမထိုးရသေးရင် ထိုးပေးမယ်။ HIV ရှိတဲ့ ကိုယ်ဝန်ဆောင်တွေကို ဘယ်လိုဆေးအတွဲ ပေးမလည်းဆိုတာ သတ်မှတ်ချက် အတိအျကတော့ မရှိသေးပါ။ zidovudine (ZDV or AZT) ဆေးကိုတော့ အသုံးများတယ်။ ဆေးကို ဒုထိယ သုံးလထဲထိစောင့်မလား၊ စောစောပေးမလား၊ ဘယ်တော့ ပေးမလည်းဆိုတာ ဆေးစစ်ချက်တွေအပေါ် မူတည်တယ်။ ဆေးသောက်ပြီး အန်သူကို ဆေးလျှော့ ပေးနိုင်တယ်။ ခဏရပ်ထားတာလည်း စဉ်းစားတယ်။
ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း ကောင်းကောင်ရယူပါ။ ကိုယ့်ဖါသာရှောင်စရာတွေလည်းရှိတယ်။ အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်ရှောင်ပါ။ လိင်ဆက်ဆံတာမှာ STDs လိင်ကတဆင့်ကူးစက်ရောဂ့ကို အထူးသတိထားပါ။ ပိုးရှိနေပေမဲ့ ကွန်ဒွမ် သုံးပါ။ စိတ်ကျန်းမာရေးလည်း အရေးကြီးတယ်။ အပြုသဘောဆောင်ပါ။
ဗိုက်ခွဲမေးရမှာလား
ကိုယ်ဝန်ရင့်ချိန်မှာ viral load များနေရင် ခွဲမွေးတာကောင်းတယ်။ ကလေးအတွက်ဖြစ်တယ်။ ၃၈ ပါတ်မှာ ကောင်းတယ်။ ဆေးလည်းသောက်နေမယ်၊ CD4+ cells 1,000 ထက်နည်းမယ်ဆိုရင် ကလေးကို ကူးစက်နိုင်ခြေ ၁% သာရှိတယ်။ viral load နည်းနေသူကို ဘယ်လိုမွေးမွေး မထူးပါ။ ရိုးရိုးမွေးသင့်တယ်။
ကလေးမွေးပြီးတာနဲ့ ကလေးကိုသွေးစစ်ပါ။ HIV antibody testing တော့ မသင့်ပါ။ မိခင်ဆီကနေရထားပြီးဖြစ်လို့ ၁၈ အထိရှိနေနိုင်တယ်။ test for virus directly စစ်နည်းလုပ်ရမယ်။ ပိုးရှိတဲ့ ကလေး မွေးမွေးချင်း စမ်းရင် ၄ဝ% မှာ အပေါင်းပြတယ်။ ၂ ပတ်နေမှစမ်းရင် ၉ဝ% အပေါင်းပြတယ်။ ပိုးတွေ့တယ်ဆိုရင် ကလေးကို ဆေးပေးရတော့မယ်။ အနုတ်ပြတဲ့ကလေးကိုလည်း ၆ ပါတ်ကြာ ဆေးပေးရမယ်။ ဒါ့အပြင် Pneumonia အတွက် ကာကွယ်ဆေးပါပေးအုံးမယ်။ ဆက်ပြီးလည်း စောင့်ကြည့်နေရမယ်။
ပိုးရှိနေသူအမျိုးသမီးကို ဆေးဆက်ပေးချင်ပေးမယ်။ ဖြတ်ချင်ဖြစ်မယ်။ သွေးစစ်ချက်အပေါ်မှာမူတည်တယ်။ ကလေးကို နို့မတိုက်ပါနဲ့။
ဒေါက်တာတင့်ဆွေ (၈-၃-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - HIV during pregnancy ကိုယ်ဝန်နဲ့ HIV




