21
Jan

HIV infection stages HIV ကူးစက်ရောဂါအဆင့်များ

HIV အကြောင်း ဆရာဝန်တွေကောင်းကောင်းသိလာပါပြီ။ ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့်ရောက်လာပါမယ်။ သတင်းကောင်းလဲပါးပါရစေ။ (ART) ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ အဲတော့ ကိုယ်ခန္ဓာက ဆက်ပြီး သန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကိုကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။

(၁) ကနဦးအဆင့်
ပိုးဝင်ခံရပြီး ၂-၄ ပါတ်မှာဖြစ်မယ်။ ဒါလဲလူတိုင်းမှာမဖြစ်ပါ။ ဖြစ်ရင် တုပ်ကွေးလိုခံစားရမယ်။ ဆိုးလိုက်တဲ့တုပ်ကွေးလို့ ညည်းတွားကြမယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ အနီပြင်တွေ ထွက်မယ်။ အဆစ်အသားတွေ နာမယ်။ အားယုတ်မယ်။ ခေါင်းကိုက်မယ်။ အဲတာကိုဆေးစာနဲ့ retroviral syndrome (ARS) ဒါမှမဟုတ် primary HIV infection လို့ခေါ်တယ်။ အဲဒီကာလမှာ ဗိုင်းရပ်စတွေပွါးများလာနေမယ်။ ဗိုင်းရပ်စ်တွေက CD4 cells ဆဲလ်တွေကိုသုံးပြီး မိတ္တူတွေပွါးမယ်။ အဲတော့ CD4 count ကျဆင်းလာမယ်။ တချိန်မှာ ခုခံအားစနစ်က ပြန်ကုစားလို့တန့်လာမယ်။ ပြီးရင် ပြန်တက်လာမယ်။ နဂိုလောက်တော့ များမလာနိုင်တော့ပါ။ အဲဒီအချိန်မှာ ART သောက်ရင် ကောင်းတယ်။ သိထားဘို့က ကိုယ်ကနေ လိင်ဆက်ဆံဖက်ကိုကူးစေမယ်။ ဆေးထိုးအပ်မျှသုံးသူတွေကိုလဲ ကူးစက်မယ်။

(၂) ဒုတိယအဆင့်
ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့ အဆင့်ဖြစ်တယ်။ ခံစားရလဲ နည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒီထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။

(၃) AIDS ရောဂါရတဲ့အဆင့်
ခုခံအားမကောင်းတော့ပါ။ ဘယ်ပိုးမဆိုကူးစက်တာခံရမယ်။ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေလို့ခေါ်တယ်။ CD4 cells 200 cells per cubic millimeter of blood (200 cells/mm3) ထက်နည်းလာရင် AIDS လို့ပြောနိုင်ပြီ။ ဆောရီး။

နေကောင်းနေသူတွေမှာ CD4 counts 500 နဲ့ 1,600 cells/mm3 ကြားမှာရှိရတယ်။ ဒီအရေအတွက် မနည်းလှပေမဲ့ ရောဂါလက္ခဏာ ခံစားလာရရင်လဲ AIDS ပဲဖြစ်တယ်။ ART ဆေးမကုဘူးဆိုရင်တော့ AIDS ဖြစ်လာဘို့ ၃ နှစ်ကြာမယ်။ တကယ်လို့ ဆိုးလှတဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါခံရမယ်ဆိုရင် ၁ နှစ်သာအသက်ရှည်နိုင်တယ်။ ART ဆေး သောက်နေပြီး viral load နည်းနေမယ်ဆိုရင်တော့ လူကောင်းလိုနေနိုင်ပြီး AIDS အထိမဖြစ်ပါ။

ဘယ်လိုအခြေအနေတွေကနေ အဆိုး-အကောင်းဖြစ်စသလဲ
မျိုးဗီဇ၊ နဂိုကျန်းမာရေး၊ ပိုးရှိနေတာစောစာသိသလား၊ ဆေးသောက်နေလား၊ စတာတွေအပေါ်မှာ မူတည်တယ်။ အသက်ကြီးသူတွေ၊ HIV subtype အမျိုးအစားခွဲမတူတာ၊ ပူးတွဲကူးစက်ရောဂါရတာ၊ အစာအာဟာရ နည်းတာ၊ စိတ်ဖိအားများတာတွေအပေါ်မှာ မူတည်တယ်။

HIV ကနေ AIDS ဖြစ်လာဘို့အချက်အလက်တွေ ART ဆေးသောက်နေတာ၊ HIV care စောင်ရှောက်ရေးဌာနမှာနေတာ၊ ဆရာဝန်ညွှန်ကြားတာကို တိတိကျကျ လိုက်နာတာ၊ အစာအာဟာရ လုံလောက်မျှတတာ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာ။

ဒေါက်တာတင့်ဆွေ (၁၄-၁-၂ဝ၁၅)

ဒေါက်တာတင့်ဆွေ - HIV infection stages HIV ကူးစက်ရောဂါအဆင့်များ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top