(1) 3-8-2011 New HIV infections in US hold steady at 50,000
အမေရိကားမှာ HIV ကူးစက်မှု အသစ်ကို နှစ်စဉ်ဖြစ်နှုန်း ၅ သောင်းမှာ ထိန်းထားနိုင်
အရင်က တနှစ် အသစ်ဖြစ်နှုန်း ၄ သောင်း ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၃ နှစ်မှာ ခန့်မှန်းချက်က နည်းနေတယ်။ နည်းသစ်တွေနဲ့ပါ စမ်းသပ်တော့ Centers for Disease Control and Prevention ကနေ ခန့်မှန်းချက်ကို ၂ဝဝ၆ ကစပြီး ၅၆၃ဝဝ လို့ပြင်ပြီး သတ်မှတ်ခဲ့တယ်။
နောက်ဆုံး CDC report မှာ နည်းစနစ်သစ်နဲ့ လုပ်တော့ ၂ဝဝ၆ ကနေ ၂ဝဝ၉ အတွင်း တနှစ်ကို ၅ဝဝဝဝ လို့ သိလာခဲ့ရတယ်။ ၂ဝဝ၉ တုံးက Gay နဲ့ Bisexual men ကျား-မ ဆက်ဆံသူ ယောက်ျားတွေဟာ ၃ ပုံ ၂ ပုံနဲ့ ထိပ်မှာ ရှိတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း တိုးလာသူတွေကတော့ Young gay ငယ်ရွယ်သူ (ဂေး) တွေနဲ့ Bisexual men ကျား-မ ဆက်ဆံသူ ယောက်ျားတွေ ဖြစ်တယ်။ အသက် ၁၃ နှစ်နဲ့ ၂၉ နှစ်ကြား အမဲတွေက ၄၈% ရှိတယ်။
CDC က AIDS ကာကွယ်ရေးဌာန အကြီးအကဲ Dr. Kevin Fenton ပြောတာက "၁၉၈ဝ ကျော်ကာလတွေက အများဆုံး။ အသစ် ဖြစ်သူပေါင်း ၁၃ဝဝဝဝ အထိ ရှိခဲ့တယ်။ ဆက်ပြောတာက "အစီရင်ခံစာကနေ အကောင်းချည်း ပြနေတာမဟုတ်ဘူး။ လူနာသစ်က တန်းနေတာက လက်ခံနိုင်စရာအထိ မကျသေးသလို ငယ်ရွယ်သူတွေမှာ တိုးလာတာက အင်မတန် စိုးရိမ်စရာ ကောင်းတယ်။"
CDC report ကို PLoS One journal မှာ ထုတ်ပြန်ခဲ့တာပါ။ ပြည်နယ်ပေါင်း ၁၆ ခုနဲ့ မြို့ကြီး ၂ ခုက ကိန်းဂဏန်းတွေကို အခြေခံ တွက်ချက်ခဲ့တာ ဖြစ်တယ်။
ကူးစက်မှုအသစ်ကို မှန်းရတာ ရှုတ်ထွေးလှပါတယ်။ ရောဂါလက္ခဏာတွေ ပေါ်အောင်၊ မကျန်းမမာ ဖြစ်လာအောင် နှစ်တွေနဲ့ ကြာတယ်။ သွေးစစ်နည်း အသစ်ကနေ အနီးစပ်ဆုံး ကူးစက်ခဲ့တဲ့ ကာလကို ပြောနိုင်ပါတယ်။
"အခု အမေရိကားမှာ AIDS virus နဲ့ နေထိုင်းကြသူပေါင်း ၁့၁ သန်းရှိတယ်။ ဒါ့ကြောင်း တန်းနေတယ်ဆိုတဲ့ အစီရင်ခံစာပါ သိရှိချက်ဟာ အားတက်စရာပါဘဲ" လို့ Fenton ကဘဲ ပြောပါတယ်။
"ထိန်းနိုင်သလောက်တော့ ထိန်းထားနိုင်တယ်ပေါ့ဗျာ။"
(2) 3-8-2011 HIV epidemic emerging in Middle East
(အိတ်ခ်ျအိုင်ဗွီ) အရှေ့အလည်ပိုင်းဒေသမှာ ကပ်ရောဂါအသွင် ဖြစ်နေ
AIDS ဗိုင်းရပ်စ်ဟာ အရှေ့အလည်ပိုင်း နဲ့ အာဖရိက မြောက်ပိုင်း ဒေသတွေမှာ ကျား-လိင်တူ ဆက်ဆံတာကြောင့် ကပ်ရောဂါလို ပြန့်လာနေတယ် ဆိုပြီး ကနေ့ထုတ် စစ်တမ်းတခုက ထောက်ပြလိုက်တယ်။
Systematic review စနစ်တကျ-လေ့လာမှု နဲ့ Data synthesis ကိန်းဂဏန်း-ဆန်းစစ်မှုတွေအရ MSM (Men who have sex with men) ယောက်ျား အချင်းချင်း လိင်တူ ဆက်ဆံရာကနေ MENA တိုင်းပြည်တွေမှာ ကပ်ရော ဂါလို ဖြစ်နေတယ်လို့ Are HIV Epidemics among Men Who Have Sex with Men Emerging in the Middle East and North Africa ဆိုတဲ့ေ ခါင်းစဉ်နဲ့ Public Library of Science (PLoS) Medicine ကျန်းမာရေး စာစောင်မှာ ရေးသားလိုက်ပါတယ်။
ဒီစစ်တမ်းအရ အဲလို ကျား-လိင်တူ ဆက်ဆံလို့ ဖြစ်နိုင်ခြေ ၅% ထက် ကျော်လွန်နေတာကို အီဂျစ်၊ ဆူဒန် နဲ့ ကျူနီးရှား နိုင်ငံတွေမှာ တွေ့နေရတယ်။ အီဂျစ်က ကိုင်ရိုမြို့တော် = ၅့၇%၊ အလက်ဇန်းဒရီးယား = ၅့၉%၊ ဆူဒန် = ၉့၃%၊ ကျူနီးရျား = ဝ့၈% -၆့၃% ရှိနေကြတယ်။
ဒါ့ကြောင့် HIV surveillance စောင့်ကြည်တာ၊ HIV testing ဆေးစစ်တာ၊ Preventionကာကွယ်တာ၊ Treatment ကုသတာတွေကို အဆောတလျင် လုပ်ဘို့ လိုနေပြီ ဖြစ်တယ်။ ကျား-ကျား လိင်တူ-ဆက်ဆံတာကနေ ကူးစက်တာကို ဦးစားပေးထားဘို့ လိုတယ်။
ဒေါက်တာတင့်ဆွေ




