• ပြင်သစ်ဆေးပညာရှင်တွေကနေ မျိုးဗီဇ စနစ်ကို တွေ့ရှိလိုက်ပါတယ်။ HIV ကူးစက်နေတဲ့ ယောက်ျား ၂ ယောက်မှာ အဲဒီနည်းနဲ့ အလိုလိုပျောက်သွားစေနိုင်တာဖြစ်တယ်လို့ ၂၃-၃-၂ဝ၁၅ နေ့ သတင်းက ဆိုပါတယ်။ ဒီတွေ့ရှိချက်ကနေ HIV-AIDS တိုက်ဖျက်ရေးမှာ အထောက်အကူ ရလာပါလိမ့်မယ်။
• ပြင်သစ်မှာပဲ HIV ရှိနေတဲ့ အမျိုးသမီးတွေကနေ တရားရုံးမှာ လျှောက်ချက်တင်ကြတယ်။ သူတို့ကို အတင်း သားကြောဖြတ်ခိုင်းလို့ လျှော်ကြေးရလိုမှု ဖြစ်ပါတယ်။ တရားရုံးကနေ ကိုယ့်လိင်ဆက်ဆံဖက်ကို ကိုယ့်မှာ HIV ရှိနေတာကို ထုတ်ပြောဖို့ဆိုတာ ဖွဲ့စည်းပုံနဲ့ မညီဖူးလို့ ဆုံးဖြတ်ပါတယ်။
• ၁-၁၂-၂ဝ၁ဝ တုံးက ပြဌာန်းထားတဲ့ HIV and AIDS Prevention and Control Act, No. 14 ဟာ အဲလို မညီကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ (၂၄-၃-၂ဝ၁၅)
http://www.nation.co.ke/news/Partners-need-not-reveal-HIV-status/-/1056/2663532/-/1kr4bqz/-/index.html
ဒေါက်တာတင့်ဆွေ - HIV news




