အလွန်ဥာဏ်များတဲ့ ဗိုင်းရပ်(စ်)ပါ။
သူဟာ လူ့ခန္ဓာကိုယ်ထဲကို RNA အနေနဲ့သာ ၀င်ရောက် လာတာပါ။ တခြားရောဂါပိုးမွှားတွေက DNA
အနေနဲ့ ၀င်တော့ CD4 cells တွေက အလွယ်တကူရှာတွေ့ပြီး တိုက်ဖျက်ပေးပါတယ်။ သူကတော့
RNA အနေနဲ့မို့ ခက်ခဲတယ်လို့ ပြောလို့ရပါတယ်။ ဆဲလ်တွေအားလုံးက DNA ကနေ RNA ပြောင်းခြင်းဆိုတဲ့
Transcription ကိုသာ ပြုလုပ်ကြပါတယ်။ HIV ရောဂါပိုးကတော့ RNA အနေနဲ့ ၀င်ရောက်ပြီး
CD4 ဆဲလ်ကို ၀င်ပူးပါတယ်။ နောက် ခွန်အားရလာ (အကောင်တွေပွားလာ)တဲ့ အခါမှ DNA အဖြစ် ပြောင်းပြီးတိုက်ခိုက်ပါတယ်။
အဲတာကို reverse transcription လို့ ခေါ်ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်မှာက Phacocytic
Power လို့ခေါ်တဲ့ ဖမ်းစားနိုင်တဲ့ သတ္တိရှိပါတယ်။ သူတို့ဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို
ဖျက်စီးပေးပါတယ်။ ဒီတော့ HIV ၀င်ထားတဲ့ ပုံပြောင်းထားတဲ့ CD4 ဆဲလ် တွေကို ဖျက်စီး လိုက်ပါတယ်။
CD4 ဆဲလ်တွေ နည်းလာတဲ့အခါမှ HIV ပိုးဟာ CD8 ဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ ဒီအခါ ကျွန်မတို့ခန္ဓာကိုယ်ရဲ့
Immune System ကျလာပြီး ခံနိုင်ရည်အား လျှော့နည်းလာပါတယ်။
AIDS(aquired immune deficency
syndrome)
ကိုယ်ခံအား အဖွဲ့အစည်း အားနည်းလာတဲ့အခါ
ပြင်ပက ရောဂါပိုးတွေ ၀င်ရောက် လာပါတယ်။ ထိုအခါမှ AIDS ရောဂါလို့ ခေါ်တာပါ။ HIV
positive ဖြစ်ရုံနဲ့ အိတ်(စ်) ဖြစ်နေပြီလို့ ပြောလို့မရပါဘူး။ ပြင်ပက ရောဂါပိုးတွေကို
တိုက်ခိုက်နိုင်စွမ်း မရှိတော့ ရောဂါပေါင်းစုံနဲ့ ဇီဝိန် ချုပ်သွား ကြတော့တာပါ။
AIDS ရဲ့ ရောဂါလက္ခဏာ တွေကတော့
- ကိုယ်အလေးချိန် မူလထက် ၁၀% ကျော်
ကျဆင်းခြင်း၊
- တစ်လထက်ကျော်၍ ၀မ်းလျှောခြင်း၊
- တစ်လထက်ကျော်၍ ဖျားခြင်း၊ (တစ်သမတ်တည်း
(သို့) အတက်အကျအားဖြင့် ဖျားတတ်ခြင်း)
- မှက္ခရု ပေါက်လာခြင်း၊
- ကြာရှည်စွာ ချောင်းဆိုးခြင်း၊ မောလာခြင်း၊
- အကျိတ်များ ထွက်လာခြင်း၊ အစရှိတာတို့
ဖြစ်တတ်ပါတယ်။
အိတ်(စ်) ရောဂါ HIV ပိုး စစ်ဆေးခြင်းရဲ့
ထူးခြားချက်ကတော့ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကုရာနတ္ထိ
ဆေးမရှိတဲ့အပြင် သေဆုံးနိုင်တဲ့ရောဂါ၊ အလွန်ဆိုးဝါးတဲ့ရောဂါ ဖြစ်လို့ပါ။ တခြားရောဂါပိုး
စစ်သလို ချက်ချင်းသွေးဖောက် ရောဂါ ရှိမရှိ တမ်းပြောလို့ မရပါဘူး။ စစ်ဆေးခံရမဲ့သူကို
မစစ်ဆေးခင်မှာ အိတ်(စ်) အကြောင်းသေချာပြောပြ ဆရာဝန်နဲ့ စနစ်တကျ ပြသကုသခြင်း ဆေးပုံမှန်
သောက်သုံးခြင်း စိတ်ဓါတ်မကျအောင် ပြောပြခြင်းတို့ကို ကြိုတင်ပြုလုပ်ပြီးမှာ စစ်ဆေးခြင်း
ဖြစ်ပါတယ်။
World AIDS Day အထိ ဆက်လက်ဆွေးနွေး
နေမှာ ဖြစ်ပါတယ်။
ကျွန်မနဲ့အတူ အားလုံးပါဝင် ဆွေးနွေးဖို့
ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်။
Health For All People - HIV
or Human immunodeficency virus (a kind of retrovirus)




