9
Feb

HIV positive ရှိသူများမှာ မိမိကိုယ်ကို သေကြောင်းကြံမှုများ ရှိလာ

HIV positive ရှိသူများမှ  စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှုများ ပိုမိုများပြားလာကျကြောင်း အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံရသူများ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ သိရှိရသည်။အဆိုပါ ဖြစ်စဉ်များ ဖြစ်ရခြင်းမှာ ပတ်ဝန်းကျင်မှ ခွဲခြားနှိမ်ချ ဆက်ဆံမှုများ၊မိမိမိသားစုက ခွဲခြားနှိမ်ချဆက်ဆံခံကြခြင်းနှင့် ဆေးဝါးမလုံလောက်မှုများ၊ အပြင်အခြားစီးပွားရေး အခက်အခဲများကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံ မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“HIV ရှိတယ်လို့ ပြောလိုက်တာနဲ့ လူတွေမှာလန့်ဖြန့် သွားကြတယ်၊HIV ရှိတယ်လို့ ကိုယ့်ကိုကိုယ် ခံစားလာကြရင်ကို ရှက်တယ်၊ကြောက်တယ်၊ရွံ့တယ် ပြီးရင် ပတ်ဝန်းကျင် အထင်မြင်သေးခံရမှာ ကြောက်တယ်၊ ပတ်ဝန်းကျင်က ပစ်ပယ်ခံရမှာကြောက်တယ်ဆိုတာတွေကြောင့် အဆုံးစီရင်တာ ဖြစ်နိုင်တယ်”ဟု ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ မှ တာဝန်ခံ တစ်ဦးဖြစ်သူ ဒေါက်တာ နေ၀င်းကပြောသည်။

အချို့လူတွေမှာ သူသည်လူမမာ ဖြစ်သည်၊ နာတာရှည်ရောဂါ ဖြစ်သည့်အတွက်ကြောင့် မိသားစု အပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်သည်ဟု ခံစားရသောကြောင့် အဆုံးစီရင်တာ ဖြစ်နိုင်ကြောင်း ဒေါက်တာနေ၀င်း ဆက်လက်ပြောဆိုသည်။စိတ်ဖိစီးမှု့များ၊ ဆေးရုံ၏ဒုက္ခများ၊ HIV positive နှင့် နေထိုင်နည်းကို မသိသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်ရခြင်း ဖြစ်သည်ဟု ဦးချစ်ကိုကို ကလည်း သုံးသပ်ပြောဆိုသည်။

“positive မှ negative မှ မဟုတ်ဘူး လူတိုင်းမှာ ဒုက္ခမျိုးစုံ ရှိနိုင်တယ် အဓိက care လုပ်မယ့်သူ ရှိရမယ် ဘယ်လို ရပ်တည်ရမယ် ဆိုတာသိရမယ် ဘယ်လိုသက်သာမယ်ဆိုသိရမယ် အဲဒါတွေ သိရင်ဒီလို ပြဿနာတွေ မဖြစ်နိုင်ဘူး”ဟု ဦးချစ်ကိုကို ကဆိုသည်။ သွေးစစ်တော့မယ်ဆိုရင် သွေးမစစ်ခင် လူတိုင်းကကြိုတင် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း  လုပ်ထားတဲ့အတွက် ပိုးရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ အဆိုပါ သေကြောင်းကြံမှုများ မဖြစ်နိုင်ကြောင်း ဦးချစ်ကိုကို ပြောသည်။

HIV ပိုးရှိသူ၏ မိသားစု၊သူငယ်ချင်း၊ပတ်ဝန်းကျင်မှာရှိတဲ့ သူများလဲ အသိပညာပေးဆွေနွေးမှုများ ပြုလုပ်သင့်ကြောင်း၊positive တယောက်အတွက် စိတ်ခံစားမှုက အရေးကြီးကြောင်း၊မိမိတို့မှာရှိတဲ့ ပြဿနာများကို ဖွင့်ပြော တိုင်ပင်လို့ ရတဲ့သူရှိပါက ၄င်းဖြစ်စဉ်များ မဖြစ်နိုင်ကြောင်း သိရှိရသည်။ HIV နဲ့ပတ်သက်၍ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်လိုပါက ဖုန်းနံပါတ် ၀၉ ၇၃၁၉၈၉၁၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရသည်။

ရွှေမြစ်မခ - HIV positive ရှိသူများမှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှုများ ရှိလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top