- ဘယ်လို ကိုယ်ခန္ဓာ-အရည်တွေမှာ HIV ပိုးတွေ ပါနေနိုင်သလဲ။
- Blood သွေး၊
- Semen သုတ်ရည်၊
- Vaginal fluid ဗဂျိုင်းနား အရည်၊
- Breast milk နို့ရည်၊
- Other body fluids containing blood တခြား သွေးပါနိုင်တဲ့ အရည်တွေ။
- HIV ဘယ်လိုကူးသလဲ
- HIV ဗိုင်းရပ်စ် ပိုးတွေဟာ လူ့ကိုယ်ခန္ဓာ အရည်တွေနဲ့ (တစ်ရှူး) တွေထဲမှာ နေနိုင်တယ်။ ဒါပေမဲ့ Blood သွေး၊ Semen သုတ်ရည်၊ Vaginal secretions ဗဂျိုင်းနာ-အရည် နဲ့ Breast milk နို့ရည်တွေ ကနေသာ အများဆုံး ကူးနေတာ သိရတယ်။ ဒီအရည်တမျိုးမျိုးဟာ တခြားလူရဲ့ Mucous membrane အပေါ်ဖုံး -အပါးလွှာ၊ Damaged tissue ထိခိုက် ပျက်စီးနေတဲ့အရေပြား (တစ်ရှူး) နဲ့ Directly injected into the blood-stream သွေးထဲကို ဆေးထိုအပ်လိုမျိုးနဲ့ တိုက်ရိုက် ထိုးသွင်းတာခံရမှ ကူးစက်တယ်။
- သုတေသန ကျကျနန လုပ်နေတဲ့ အမေရိကားမှာဆိုရင် Anal စအိုလမ်းနည်း-လိင်ဆက်ဆံမှု နဲ့ Vaginal sex (ဗဂျိုင်းနား) ကနေ လိင်ဆက်ဆံမှုတွေကနေ ကူးစက်တာ အများဆုံးလို့ သိရတယ်။ နောက်များတာ တခုက ဆေးထိုးအပ်ကနေ ကူးတာ ဖြစ်တယ်။ Oral sex ပါးစပ်ကို လိင်ဆက်ဆံရာ သုံးတာနဲ့ မိခင်ကနေ ကလေးကို မွေးနေတုံးဖြစ်ဖြစ် နို့တိုက်လို့ ဖြစ်ဖြစ်၊ ထမင်း ဝါးခွံတာကနေဖြစ်ဖြစ် ကူးစက်တာ နည်းတယ်။ ကျန်နည်းတွေကတော့ မသန့်တဲ့ Blood သွေး နဲ့ Blood products သွေးနဲ့ဆိုင်တာတွေ သွင်းတာ၊ Organ transplantation အင်္ဂါ-အစားထိုးတာတွေ ကနေကူးတယ်။ ဆေးရုံနဲ့ ကျန်းမာရေး ဌာနမှ အလုပ်လုပ်သူတွေကိုလဲ အပ်-ဒါး စတာတွေ ကနေတဆင့် ကူးစက်နိုင်တယ်။
- တခြား ဖြစ်နိုင်ခြေရှိတဲ့ အရည်တွေ
- Fluid surrounding the brain and the spinal cord ဦးနှောက်နဲ့ ခါးရိုးထဲက အာရုံကြော ကြီးရဲ့အရည်၊
- Fluid surrounding bone joints အဆစ်ထဲကအရည်၊
- Fluid surrounding an unborn baby ရေမြွှာရည်၊
- Tears မျက်ရည်၊
- Saliva တံတွေး၊
- ကိုယ်ခန္ဓာ အပြင်ဘက်မှာ HIV ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ၊ သိပ္ပံပညာရှင် အားလုံးလောက် နီးနီး လက်ခံကြတာက ပိုးဟာ ကိုယ်ခန္ဓာ အပြင်ဘက်မှာ ကြာကြာ မရှင်နိုင်ဘူး။
- Anal sex စအိုလမ်းသုံး လိင်ဆက်ဆံတာကနေ ကူးနိုင်သလား၊ Condom (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။
- Vaginal sex (ဗဂျိုင်းနား) ကို လိင်ဆက်ဆံရင် ကူးသလား၊ Condom (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။ မ-လိင်လမ်းကြောင်း (Vagina
ဗဂျိုင်းနား၊ Cervix သားအိမ်ဝ) နဲ့ Urethra ကျား-ဆီးသွားပေါက်တွေမှ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ အရှ-အနာလေးတွေကနေ ပိုးဝင်နိုင်တယ်။
အနာ-အဆာ ရှိရင်လဲ ဝင်မယ်။ တယောက်ယောက်မှာ Sexually transmitted disease (STD) ရှိနေရင် ပိုဖြစ်နိုင်တယ်။
- Oral sex ပါးစပ်သုံး လိင်ဆက်တာကနေ ကူးသလား၊ လက်ခံသူဖြစ်ဖြစ် ပြုလုပ်ပေးသူဖြစ်ဖြစ် ကူးမယ်။ ထုံးစံလမ်းသုံး လိင်ဆက်ဆံနည်း လောက်တော့
အဖြစ်မများဘူး။ ပါးစပ်နဲ့ လည်ချောင်းတဝှိုက်မှာ အနာအဆာ ရှိရင် ပိုဖြစ်နိုင်ခြေ များမယ်။ သုတ်ရည်ကို ပါးစပ်ထဲ ထုတ်မိရင် ပိုဖြစ်နိုင်ခြေ များမယ်။ (STD) ရှိ နေရင် ပိုဖြစ်နိုင်ခြေ များမယ်။
- Sex toys ကရိယာတွေသုံးရင် ကူးနိုင်သလား၊ Dildos တို့ Vibrators တို့သုံးရင် ကူးစက်နိုင်လို့ New condom (ကွန်ဒွမ်-အသစ်) သုံးပါ။
- Injecting drugs ဆေးထိုးလို့ ကူးသလား၊ ကူးနိုင်တယ်။ Injections ထိုးဆေး၊ Drug equipment ဆေးဝါး-ကရိယာ၊ Blood-contaminated syringes
သွေးပါနေမဲ့ ဆေးထိုးပိုက်၊ Reusing water မိုးရေ ပြန်သုံးတာ၊ Reusing bottle caps, spoons, or containers ပုလင်း၊ အဖုံး၊ ဇွန်း၊ အစစ်၊ ဆေးရည်၊ ပတ္တီး၊ ဝါဂွမ်း၊ စတာတွေကို မျှသုံးတာ၊ Street sellers လမ်းဘေးရောင်း ဆေးထိုးပိုက်-အပ်တွေက ပြန်ထုပ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မချရဘူး။
- HIV and other sexually transmitted diseases တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ ဆက်စပ်မှု ရှိသလား၊ ရှိတယ်။ အဲလိုရောဂါ တခုခုရှိနေသူမှာ
HIV ပိုပြီး ကူးစက်နိုင်တယ်။ ဥပမာ Syphilis ဆစ်ဖလစ်၊ Herpes လိင်လမ်း-ရေယုံ၊ Chancroid ရှန်ကာ၊ Chlamydia ကလာမိုင်ဒီးယား၊ Gonorrhea ဂနိုးရီးယား၊
- Health care workers ဆေးရုံ-ဆေးခန်း အလုပ်လုပ်သူတွေကို ကူးစက်သလား၊ ကူးစက်နိုင်တယ်။ Protective practices ကြိုတင် ကာကွယ်ရေး နဲ့ Personal
protective equipment အကာအကွယ်တွေသုံးရမယ်။ အဓိက သတိထားဘို့က Accidental injuries from needles and other sharp instruments အပ်၊ ဒါးလို
ပြတ်ရှတာနဲ့ မတော်တဆ ထိခိုက်မိရင် ပိုဖြစ်နိုင်တယ်။ ၁% လောက်နီးနီး ရှိတယ်။
- Lesbians မိန်မချင်း လိင်ဆက်ဆံတာကနေ ကူးသလား၊ ရှားပါတယ်။ (ဗဂျိုင်းနား) အရည်နဲ့ ရာသီသွေးထဲမှာ ပိုးပါနိုင်တယ်။
- Tattoo or Piercing တက်တူး ထိုးတာ၊ ကွင်းတွေ ဖေါက်ဝတ်ဆင်တာကနေ ကူးသလား၊ ကူးနိုင်တယ်။ အသုံးအဆောင်တွေကို ပိုးသန့်တာ နည်းရင် ဖြစ်နိုင်တယ်။ တခါသုံး မဟုတ်ရင် ကူးနိုင်တယ်။
- Kissing နမ်းတာကနေကူးသလား၊ ဘယ်လိုနမ်းသလဲအပေါ်မှာ မူတည်တယ်။ French kissing နည်းနဲ့ကူးတာ အတော်တော့ ရှားတယ်။ နုတ်ခမ်းမှာ အနာရှိမှဖြစ်တယ်။ Closed-mouth kissing ပါးစပ်ပိတ်နမ်းတာ၊ ပါးကို နမ်းလို့ ကူးတာ မတွေ့ရသေးပါ။
- Human bite လူချင်းကိုက်လို့ ကူးသလား၊ ရှားတယ်။ ၁၉၉၇ တုံးကရှိဘူးတာကို ထုတ်ပြန်ဘူးတယ်။
- Mosquitoes ခြင်ကောင်ကနေကူးသလား၊ မကူးပါ။
- မကူးစက်နိုင်တဲ့ ဆက်ဆံမှုတွေ = Scratched ကုပ်မိလို့ မကူးပါ။ Spit on တံတွေးစင်လို့ မကူးပါ။ Shaking hands လက်ဆွဲ နုပ်တက်တာ၊ Hugging
ရင်ချင်းအပ်တာ၊ Toilet ရေအိမ်အတူသုံးတာ၊ Glass ဖန်ခွက်၊ Sneezing နှာချေ၊ Coughing ချောင်းဆိုး တာကနေ မကူးပါ။ Workplace အလုပ်ဌာနတူတာ၊ Schools ကျောင်း အတူနေတာ၊ Social settings သာရေး-နာရေး အတူသွားတာ၊ Door knob တခါးဖွင့်ဘု ကိုင်မိတာ၊ Dishes ပန်းကန်ခွက်ယောက်၊ Pets
အိမ်မွေး-တိရစ္ဆာန်၊ Sports အားကစား၊
ဒေါက်တာတင့်ဆွေ (၁၅-၇-၂ဝ၁၁)




