ကမ္ဘာတဝှမ်း
လူပေါင်း ၃၃ သန်း HIV ကူးစက်ခံနေရသည်။ အားတက်ဖွယ် သုတေသန အဖြေတခု ၂၄-၉-ဝ၉ နေ့က ထွက်ပေါ်လာပါသည်။
HIV
ကာကွယ်ဆေးသည် ရောဂါကူးစက်စေမှုကို သိသာစွာ လျော့ကျစေနိုင်ကြောင်း ပဌမဆုံးအကြိမ် စမ်းသပ်
တွေ့ရှိရခြင်း ဖြစ်သည်။ တမျိုးထဲပေးသော်လည်း မထူးသည့် လက်ဟောင်း ကာကွယ်ဆေး နှစ်မျိုးတွဲကို
ထိုင်းနိုင်ငံတွင် လူ ၁၆၃၉၅ ဦးအား စမ်းသပ်ခဲ့ခြင်းမှာ အများဆုံး သုတေသန ဖြစ်သည်။ အဖြေမှာ
ဗိုင်းရပ်စ်၏ ကူးစက်စေနိုင်စွမ်း ၃ ပုံ ၁ ပုံ လျော့နည်းကြောင်း တွေ့ရသည်။
ထိုင်းအစိုးရနှင့်
အမေရိကန်စစ်တပ်တို့ ပူးတွဲပြီး၊ HIV ပိုး မရှိသည့် အသက် ၁၈ နှစ်မှ ၃ဝ နှစ်တို့အား ၇
နှစ်တာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်ခံသူများအား ၆ လ ၁ခါ၊ ၃ နှစ်ကြာ စစ်ဆေး ခဲ့ခြင်း
ဖြစ်သည်။ စမ်းသပ်မှု လုပ်ခဲ့သည်မှာ ဗိုင်းရပ်မျိုးခွဲ B နှင့် E တို့ ဖြစ်ရာ အာဖရိကတွင်
အဖြစ်များသည့် C မဟုတ်ချေ။ ကာကွယ်ဆေး မထိုးသူများအနက် ၇၄ ဦးကို ကူးစက်ပြီး၊ ထိုးသူများအနက်
၅၁ ဦးသာ ကူးစက်ကြောင်း တွေ့ခြင်းဖြစ်၍ ကူးစက်စေနိုင်မှု ၃၁.၂% လျော့နည်းကြောင်း တွေ့ရှိရသည်။
Dr. Tint Swe
September
24, 2009
Medical Writings
(ဆေးပညာစာများ) - HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသန အဖြေတခု




