လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့ တောင်ဒဂုံရှိ HIV/AIDSဝေဒနာရှင်များအား အာဏာပိုင်များမှလာမည့် ၂၅ရက်နေ့အထိသာ ဧည့်စာရင်းလက်ခံမည် ဖြစ်ပြီး.. ထိုသတ်မှတ်ရက် ကျော်လွန်ပါက.. ဧည့်စာရင်းတိုင်ကြားခြင်းအား လက်ခံမည် မဟုတ်ကြောင်းနှင့် ဆက်လက်နေထိုင်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရပါတယ်..။

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)အမှတ်၁၈(ခ)ရပ်ကွက်၊ကမ္ဘောဇ၂လမ်း၊အမှတ်(၃၇၆)တွင် နေထိုင်နေကြသောHIV/AIDSဝေဒနာရှင်များအားဧည့်စာရင်းထပ်မံထုတ်ပေးတော့မည်မဟုတ်ကြောင်း ၊HIV/AIDSဝေဒနာရှင်များအားကူညီပေးနေတဲ့ဦးစူပါ(ခေါ်)ဦးထင်အောင်ကိုရပ်ကွက်အာဏာပိုင်များက ခေါ်ယူတွေ့ဆုံပြောကြားကြောင်းသိရှိရပါတယ်။
သတင်းပေးပို့သောဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။
ဒေါင်းမာန်ဟုန် - HIV/AIDSဝေဒနာရှင်များအားအာဏာပိုင်များမှခြိမ်းခြောက်




