27
Apr

HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ကျန်းမာရေး ၀န်ကြီး ဌာန၊ ကျန်းမာရေး ဦးစီးဌာန ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံချက်၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ UNICEF တို့ ပူးပေါင်းပြီး HIV/AIDS ရောဂါကင်းစင် ပပျောက်ရေး အတွက် ဆက်သွယ် ပညာပေး ဆိုင်ရာ မဟာ ဗျူဟာနဲ့ ၂၀၁၂-၂၀၁၅ လုပ်ငန်း အစီအစဉ်များကို ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက် ဖို့ ဆွေးနွေးခြင်း ဆိုင်ရာ လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက် နေတာကို သိရပါတယ်။

အဆိုပါ ဆွေးနွေး ပွဲမှာတော့ HIV/AIDS ရောဂါ ကာကွယ်မှု၊ ကုသမှုနဲ့ စောင့်ရှောက်မှု များနဲ့ ပတ်သက်ပြီး ဆွေးနွေး လျက်ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီ HIV/AIDS ဆိုင်ရာ ဆွေးနွေးပွဲ ကိုတော့ ဧပြီလ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top