9
Sep

HIV/AIDS ကာကွယ်ဖို့ အမြင်ကျယ်ကြပါ

လွန်ခဲ့တဲ့
နှစ် ၂၀ အတွင်းမှာ HIV/AIDS ကုသမှုနှင့်ပတ်သက်လို့ ထူးခြားတိုးတက်မှုတွေ ရှိခဲ့ပါတယ်။
HIV ပိုးရှိတယ်လို့ စမ်းသပ်တွေ့ရှိထားလည်း အသက်ဆုံးမှာကို စိုးရိမ်နေစရာ မလိုပါဘူး။
ART ခေါ် ရောဂါပိုးမွှား တိုက်ဖျက်ရေး ကုထုံးတွေကြောင့် လူသားတွေဟာ ပုံမှန်လိုပဲ အသက်ရှည်ရှည်
နေနိုင်ပါပြီ။

နေရာဒေသ
အတော်များများမှာ ကူးစက်မှုနှုန်းတွေ လျော့ကျလာခြင်းနှင့်အတူ ကုထုံးသစ်များရဲ့ သတင်းကောင်းများကြောင့်
HIV/AIDS ဆိုတာ အတိတ်က ပြဿနာတခုအဖြစ် လူတချို့က ထင်မြင် နေကြပါတယ်။ အမှန်မှာတော့ ဒီလောက်လည်း
မဟုတ်ပါဘူး။ ကာကွယ်မှုနှင့် ကုသမှုတွေမှာ ထူးခြားစွာ တိုးတက်လာတာ မှန်ပေမယ့်
HIV/AIDS ဟာ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေဆဲပါ။ ဒါဆိုရင် ဘာလုပ်သင့်ပါသလဲ။ သင့်တင့်လျှောက်ပတ်တဲ့
ကြိုတင် သတိထားမှုတွေအပြင် အမြှော်အမြင်ရှိရှိ ဆုံးဖြတ်ပြီး စမ်းသပ်မှုတွေကို ခံယူသင့်ပါတယ်။

HIV
ပိုးကြောင့် AIDS ဖြစ်တာပါ။ အဲဒီ့ပိုးက ခန္ဓာကိုယ်ရဲ့ ရောဂါပိုးမွှား ခုခံကာကွယ်မှု စနစ်ကို
ပျက်စီးစေပြီး အခြားရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်စွမ်းကို နိမ့်ကျစေပါတယ်။ ဒီလို
မကာကွယ်နိုင်တဲ့အတွက် အခြားရောဂါတွေ အလွယ်တကူ ၀င်ရောက်လာနိုင်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်
နိုင်တာပါ။

ရောဂါ
အတော်များများလိုပဲ HIV/AIDS ဟာလည်း စောစောစီးစီး သိရှိမယ်ဆိုရင် အကောင်းဆုံး ကုသနိုင်ပါတယ်။
ပိုးပျံ့နှံ့မှုကို လျော့ချပေးနိုင်တဲ့ သို့မဟုတ် တားဆီးပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။
ဒါပေမယ့် အနာသိမှ ဆေးရှိဆိုတာကိုတော့ အရင်ဆုံး နားလည်ထားဖို့ လိုပါတယ်။ HIV စစ်ဆေးတယ်ဆိုတာ
ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးနိုင်သော ပဋိပစ္စည်းများ သွေးနမူနာထဲမှာ ဘယ်လောက်
ရှိ မရှိ ရိုးရှင်းတဲ့ စမ်းသပ်မှုပါ။ ဒီလိုရိုးရှင်းတဲ့ စမ်းသပ်မှုကို မလုပ်ချင်သူ တွေကတော့
ဆင်ခြင်အမျိုးမျိုး ပြကြပါတယ်။

အများဆုံး
ကြားရလေ့ရှိတဲ့ ဆင်ခြေကတော့ “မိမိအဖေါ်မှာ ရှိတယ်ဆိုရင် သိရမှာပေါ့” ဆိုတာပဲ ဖြစ်ပါတယ်။
နောက်ဆက်တွဲ ဆင်ခြေကတော့ “စမ်းသပ်ဖို့ မလိုပါဘူး။ ကျွန်တော်၊ ကျွန်မတို့ တွေ့တုန်းက
အပျို၊ လူပျို တွေပဲ။ ဒီလိုပဲ ယုံကြည်စိတ်ချထားပဲတယ်” ဖြစ်ပါတယ်။ ပြဿနာက ကိုယ့်အဖေါ်မှာ
ဖြစ်နေတယ်ဆိုတာကို သတိမပြုမိကြပါဘူး။ ကူးစက်ခံရ လိမ့်မယ်လို့လည်း လွယ်လွယ်ကူကူ တွေးထင်
မထားတာကြောင့် လူအများစုဟာ စမ်းသပ်မှု မလုပ်ကြပါဘူး။

HIV
ပိုးဟာ ကူးစက်ခံရပြီး သုံးလကနေ ခြောက်လအကြာမှာမှ ကူးစက်ခံရတာ ဟုတ်မဟုတ်ကို ကျိန်းသေ
သိနိုင်ပါတယ်။ ကူးစက်ခံရပြီး ရက်သတ္တပတ် ကြာသည့်တိုင်အောင် သွေးထဲက ပဋိပစ္စည်းတွေမှာ
လက္ခဏာ မပြသေးလို့ပါ။ စမ်းသပ်နည်းအသစ် တခုဖြစ်တဲ့ HIV antigens နည်းကတော့ ပဋိပစ္စည်းတွေရဲ့
ရောဂါခုခံကာကွယ်နိုင်မှု အခြေအနေကို လှုံ့ဆော်စမ်းသပ်တဲ့နည်း ဖြစ်တာမို့ ရက်အနည်းငယ်အတွင်း
အဖြေသိနိုင်ပါတယ်။

ဒါကြောင့်
မိမိမှာ HIV ရှိမရှိ ဆိုတာကို စမ်းသပ်သင့်ပါတယ်။ HIV ရှိတယ်၊ HIV positive ဖြစ်တယ်
ဆိုတာနဲ့ AIDS ဖြစ်နေတာ မဟုတ်တာကြောင့် မိမိစိတ်ကို အေးအေးဆေးဆေးထားကာ စမ်းသပ်ဖို့
လိုပါတယ်။ HIV positive လို့ ကြိုတင်သိရှိထားမယ် ဆိုရင် ကုသမှုကိုလည်း ပြုလုပ်နိုင်မှာ
ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ HIV/AIDS ကို အတိုင်းအတာတခုအထိ ကာကွယ် တိုက်ဖျက်နိုင်ခဲ့ပြီ
ဆိုရုံနဲ့ မျက်မှောက် အခြေအနေမှာ ကျွန်တော်တို့ ပတ်ဝန်းကျင် အပါအ၀င် တကမ္ဘာလုံးကို ဒီပြဿနာက
ဆက်လက် ဒုက္ခပေးနေတုန်း ပျံ့ပွားနေတုန်း ဆိုတာကို မျက်ကွယ် ပြုနေလို့ မရပါဘူး။

မေသူ

August
27, 2010

Squamishchief
- HIV/AIDS ကာကွယ်ဖို့ အမြင်ကျယ်ကြပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top