HIV/AIDS ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ် ငန်းများအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ရက်နေ့၊ ညနေ သုံးနာရီ၌ မျှော်စင်ကျွန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှု ဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဂီတဖျော်ဖြေပွဲအတွက် ၀င်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။
ဖျော်ဖြေပွဲတွင် 21st Century Hay Boy ၊ Vertical Vibration၊ ရွှေသံစဉ် ၊ Heaven Born ၊ The Tree ၊ The River ၊ The Mask ၊ Knights In Armor ၊ Naing Zaw&Friends စသည့်တီးဝိုင်းများမှတီးခတ်ပေးသွား မည်ဖြစ်ပြီး ပလေးဘွိုင်းသန်းနိုင်၊ ဗစ်တာခင်ညို၊ ဘိုဘိုဟန်၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ ခိုင်ထူး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ တူးတူး၊ ချစ်ကောင်း၊ ရင်ဂို၊ မာရဇ္ဇ၊ စည်သူလွင်၊ အဲလက်စ်၊ အက်ဆစ်၊ အောင်လ၊ ဟဲလေး၊ ဘန်နီဖြိုး၊ ဥာဏ်လင်းအောင်၊ ဆိုတေး၊ အီတိုး၊ လင်းနစ်၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ကော်နီ၊ ချောစုခင်၊ သျီ၊ ခင်ဘုဏ်း၊ ဇမ်နူး၊ သံသာဝင်း၊ အိမ့်ချစ်၊ ရတနာ၊ ဂျေညီမလေး စသည့် အဆိုတော်စုစုပေါင်း ၅၀ ကျော်က ဖျော်ဖြေ မည်ဖြစ်ပါသည်။
Eleven - HIV/AIDS ကာကွယ်ပြုစုကုသရေးလုပ်ငန်းများအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်




