26
Jan

HIV/AIDS ကုသရေး လမ်းညွှန်သစ်



ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က နောက်ဆုံးရသတင်း အချက်အလက်တွေကို အခြေခံပြီး
အိပ်ခ်ျအိုင်ဗီ ဆေးဝါးများနဲ့ ပတ်သက်တဲ့ အကြံပြုချက်ကို ပြောင်းလဲလိုက်ပါတယ်။
အခုနောက်ဆုံး
လမ်းညွှန်ချက်အရ ပိုးရှိသူတွေနဲ့ ပိုးရှိတဲ့နို့တိုက်မိခင်တွေကို စောနိုင်သမျှစောစော ဆေးပေးဖို့
ဖြစ်ပါတယ်။

အခု လမ်းညွှန်ချက်အသစ်အရ ရောဂါပိုးရှိသူတွေမှာ ရောဂါလက္ခဏာပေါ်သည်ဖြစ်စေ
မပေါ်သည် ဖြစ်စေ ရောဂါခုခံကာကွယ်စွမ်းအားဟာ (စီဒီ ၄ အရေအတွက်) သွေး ၁ ကုဗမီလီမီတာမှာ

တီသွေးဖြူဥ ကလပ်စည်း ၃၅ဝ
အောက် မရောက်ခင်ကတည်းက
အေအာရ်တီ ဆေးမှီဝဲရမှာ ဖြစ်ပါတယ်။

အခုလို ဆေးစကုချိန် ပြောင်းလဲလိုက်တဲ့အတွက် ရောဂါပိုး ကူးစက်နှုန်းတွေ ကျဆင်းစေပြီး
အသက်ပေါင်းများစွာ ကယ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
လူပိုများများကို ဆေးပေးရတဲ့အတွက် ငွေပိုကုန် အချိန်ပိုလိုမှာလည်း
ဖြစ်ပါတယ်။

ဒါ့အပြင် WHO က အိပ်ခ်ျအိုင်ဗွီပိုး ထိန်းချုပ်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ရှိအသုံးများတဲ့
စတက်ဗူဒင်း
(Zidovudine) ဆေးကို တဖြည်းဖြည်းဖယ်ရှားပြီး
ဇီဒိုဗူဒင်း    (Tenofovir) သို့မဟုတ်
တင်နိုဖိုဗာ   (Tenofovir)
ဆေးတွေကို ဦးစားပေးဖို့လည်း အကြံပြု

လိုက်ပါတယ်။ စတက်ဗူဒင်းဟာ
ဈေးသက်သာပြီး အလွယ်တကူ
ရနိုင်လို့ တတိယကမ္ဘာ နိုင်ငံတွေမှာ အသုံးများတာ ဖြစ်ပါတယ်။

ဒါပေမယ့် စတက်ဗူဒင်းမှာပြန်ပြင်လို့ မရနိုင်တဲ့ ရေရှည်ဘေးထွက်ဆိုးကျိုးတွေရှိပြီး
ဇီဒိုဗူဒင်းနဲ့
တင်နိုဖိုဗာ တို့မှာတော့ အဲသလို ဘေးထွက်ဆိုးကျိုးမရှိလို့ WHOက ထောက်ခံတာဖြစ်ပါတယ်။
အခု တကမ္ဘာလုံးမှာ လူပေါင်း ၃၃.၄ သန်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
နဲ့နေထိုင် နေရပြီး၂ဝဝ၈
ခုအကုန်မှာ ပြီးခဲ့တဲ့နှစ်ထက် လူတသန်း (၃၆%) ပိုပြီးအေအာရ်ဗွီဆေး ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအေအာရ်ဗွီ
ဆေးစားနေသူ ဦးရေဟာ စားသင့်သူအားလုံးရဲ့ ထက်ဝက်တောင်
မရှိသေးပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ၁၉၉၆ ခုမှာ ထိရောက်တဲ့
အိပ်ခ်ျအိုင်ဗွီဆေးဝါးတွေ စပေါ်
လာကတည်းက အသက်ပေါင်း ၃ သန်းနီးပါးကို ကယ်နိုင်ခဲ့တယ်လို့ WHO က ခန့်မှန်းထားပါတယ်။

ဆေးကောင်းတွေ ပေါ်လာတာ၊
ရောဂါအသိပိုရှိလာကြတာနဲ့ လူနာတွေကို ပိုပြီး ဆက်သွယ်နိုင်လာ
တာကြောင့် လွန်ခဲ့တဲ့ ၈ နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီလူနာသစ် အရေအတွက်
၁၇% ကျဆင်းသွားခဲ့တယ်။ အထူးသဖြင့် ဆဟာရတောင်ပိုင်း အာဖရိကတိုက်နဲ့ အရှေ့အာရှတို့မှာ
သိသိသာသာ ကျဆင်းသွားတယ်လို့
WHO က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂ဝဝ၈ခု အတွင်းမှာ ကလေး ၄၃ဝဝဝဝ
အပါအဝင် ရောဂါသည်အသစ် ၂
သန်း ၇ သိန်းရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပမှာတော့ လူနာသစ်
အရေအတွက် ကျဆင်းမှု မတွေ့ရပါဘူး။
၁၉၈၁ ခုမှာ အေ့စ်ရောဂါကို
စသိခဲ့ပြီးတဲ့နောက်ပိုင်း လူ ၂၅သန်း ဒီရောဂါနဲ့ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။„

နိုက်တင်ဂေး ဂျာနယ် - အတွဲ - ၁၊ အမှတ် - ၂ဝ၊ ဒီဇင်ဘာ၊ ၂ဝဝ၉ - ခှုစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top