ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၁၅၀၀၀ ကျော်ကို အေအာတီဆေးဝါးဖြင့် ကုသပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပသော ၂၀၁၁ ခုနှစ် ‘ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်aရာဂါ တိုက်ဖျက်ရေးနေ့’ အခမ်းအနားတွင် ၀န်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
‘‘ရန်ကုန်တိုင်းဒေသကြီး အတွင်း အေအာတီဆေးဝါးဖြင့် ကုသပေးခြင်းကို အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပြီး ယနေ့အထိ လူနာပေါင်း ၁၅၇၆၉ ဦး ကိုကုသပေးနိုင်ပြီ ဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ထည့်သွင်း ပြောကြားခဲ့သည်။
အခြားနိုင်ငံများနည်းတူ လိင်ဆက်ဆံမှုမှတစ်ဆင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ဖြစ်လာသည့်အတွက် ကူးစက်မှုအန္တရာယ်နည်းပါးသည့် အမျိုးသမီး များတွင် ကူးစက်မှုရှိလာကြောင်းနှင့် မိခင်မှကလေးသို့ ကူးစက်မှုများလည်းရှိ လာကြောင်း . . .
မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား အေအာတီဆေးဝါးဖြင့် ကုသခြင်းလုပ်ငန်း များကို ၂၀၀၅ ခုနှစ်မှ စတင်ဆောင် ရွက်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆေးရုံ ၃၀ ၌ ဆောင်ရွက်လျက် ရှိကြောင်းနှင့် လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးတွင် အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)နှင့် အထူးကုဆေးရုံ (သာကေတ)တို့တွင် ကုသပေးလျက် ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံတစ်ဝှမ်းတွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကူးစက်ခံရသူဦးရေမှာ ၃၄သန်းခန့် ရှိနေပြီဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် တစ်နှစ်တည်းအတွင်း၌ လူပေါင်း ၂ ဒသမ ၇ သန်းခန့် ရောဂါစတင်ကူး စက်ခံခဲ့ရပြီး ၁ ဒသမ ၈ သန်းခန့်သေဆုံးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားနှုန်းသည် ၂၀၀၀ ပြည့်နှစ်၌ ၀ ဒသမ ၉၄ ရာခိုင်နှုန်း ရှိခဲ့ ရာ၂၀၀၇ ခုနှစ်တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် ၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းလျော့ကျလာကြောင်း ၀န်ကြီးချုပ်ကပြောကြားသည်။
၂၀၀၉ ခုနှစ်ခန့်မှန်း တွက်ချက်မှု ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူဦးရေ နှစ်သိန်းသုံးသောင်း ကျော်ရှိကြောင်းနှင့် ယင်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကူးစက် ခံရသူများစာရင်းတွင် အသက် ၁၅ နှစ် အထက် အမျိုးသား ၁၅၂၀၀၀ ဦး၊ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီး ၈၁၀၀၀ ဦးနှင့်မိခင်မှ တစ်ဆင့်ကူးစက်ခံရသူ ကလေးငယ် ၄၆၀၀ ဦး စုစုပေါင်း ၂၃၇၆၀၀ ဦးရှိ ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်မှုစတင်တွေ့ရှိချိန်က မူးယစ် ဆေးသွေးကြောထဲ ထိုးသွင်းခြင်း ဖြစ်သော်လည်း ယခုအခါ ကူးစက်မှုနည်းလမ်းမှာ အခြားနိုင်ငံများနည်းတူ လိင်ဆက်ဆံမှုမှတစ်ဆင့် အိပ်ခ်ျအိုင် ဗွီပိုးကူးစက်မှု ဖြစ်လာသည့်အတွက် ကူးစက်မှု အန္တရာယ်နည်းပါးသည့် အမျိုးသမီးများတွင် ကူးစက်မှုရှိလာကြောင်းနှင့် မိခင်မှကလေးသို့ ကူးစက်မှုများလည်း ရှိလာကြောင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
Eleven - ရန်ကုန်တိုင်းဒေသကြီးတွင် HIV/AIDS ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ကို ART ဆေးဝါးဖြင့် ကုသပေး




