24
Aug

HIV/AIDS ကူးစက်ခံ ကလေးများ အခမဲ့ စောင့်ရှောက် ပေးမည်



HIV/AIDS
ရောဂါဖြင့် သေဆုံး သွားသူများ ၏ သားသမီးများ၊ ရောဂါပိုး ကူးစက်ခံ PLHIV ကလေး များနှင့်
ရောဂါပိုး မရှိသူ ကလေးများကို မြစ်ကြီးနားမြို့နယ် စာနာကူညီသူများ ကောင်းမှုဖြင့် စာနာကူညီမှု
လုပ်ငန်းက အခမဲ့ စောင့်ရှောက် ပေးနေကြောင်း သိရသည်။

စောင့်ရှောက်
ခံမည့် ကလေးများ အနေဖြင့် အသက်ငါးနှစ်မှ ၁၀ နှစ်အတွင်း ရှိရမည် ဖြစ်ပြီး အဆိုပါ ကလေးများအား
ကျောင်းထားပေးခြင်း၊ ကျန်းမာရေးပုံမှန် စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးသွားမည်ဟု
ဆိုသည်။ HIV/AIDS ရောဂါပိုး ကူးစက်ခံ ကလေးများနှင့် HIV/AIDS ဖြင့် သေဆုံး သွားသူတို့၏
သားသမီးများ အဆိုပါအဖွဲ့သို့ ဆက်သွယ်နိုင်သကဲ့သို့ စာနာကူညီသူများ အနေဖြင့်လည်း ဆက်သွယ်
ကူညီနိုင် ကြောင်းသိရသည်။

အသေးစိတ်
သိရှိ လိုပါက မျှော်လင့်ခြင်းသစ် မိသားစုဂေဟာ ဥက္ကဋ္ဌ ဦးဇော်မိုင်း၊ အတွင်း ရေးမှူး ဦးလနူးနှင့်
ဒေါက်တာလှသိန်း၊ ဆရာမ ဒေါ်နန်းဆိုင်ထွေး အမှတ် ၂/၄၀၊ လမ်းသွယ် ၈၊ မြို့သစ်ကြီး ရပ်ကွက်၊
အေးမြသာယာ၊ မြစ်ကြီးနားမြို့၊ ဖုန်း-၀၇ ၄၂၆၄၆၄၊ ၂၆၁၁၅ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

အောင်မြင့်သိန်း

August 24th, 2010

The Myanmar post
- HIV/AIDS ကူးစက်ခံ ကလေးများ အခမဲ့ စောင့်ရှောက် ပေးမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top