The Voice Journal Vol.4/No.10 (24/12/2007)
ဖွိ့ ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော
မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါကူးစက်ပြန့် ပွားမှုနှုန်း ၂၀၀၀ ပြည့်နှစ်တွင် ၀.၉၄
ရာခိုင်နှုန်း ရှိရာမှ ၀.၆၇ ရာခိုင်နှုန်း သို့ ကျဆင်းသွားကြောင်း ဒီဇင်ဘာ ၁ ရက်နေ
့ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင်
ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ပြောကြားခဲ့ရာ ယင်းသို့ ရောဂါ ကူးစက်ပြန်
့ပွားမှုနှုန်း လျော့ကျသွားသော်လည်း HIV/AIDS ရောဂါအသိပေး ပညာပေးသင်တန်းများ
အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း HIV/AIDS ရောဂါကာကွယ်တိုက်ဖျက်ရေး
ဆောင်ရွက်နေသည့် ပြည်တွင်း NGOများ၏ပြောကြားချက် အရသိရသည်။
စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏
လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသနေသူများ ဖြစ်ရာ HIV/AIDS ရောဂါ ကူးစက်ပျံ
့ပွားမှု ဆိုင်ရာ ပညာပေးသင်တန်းများကို ကျေးလက်တောရွာများထိ ပျံ့ နှံ့ ဆောင်ရွက်ရန်
လိုအပ် နေသေးကြောင်း ၂၀၀၇ ခုနှစ် သြဂုတ် လပိုင်းက ဖွင့်လှစ်ခဲ့သည့် 3D Fund နှင့်
ဆွတ်ဇာလန် နိုင်ငံအခြေစိုက် AFXB အဖွဲ့ တို့ မှ ပူးပေါင်းဆောင်ရွက်သည့် HIV/AIDS
ရောဂါပညာပေး သင်တန်း ဆရာဖြစ်သင်တန်းများသို့  တက်ရောက်ခဲ့သည့် သူများက
တစ်ညီတညွှတ်တည်းထုတ်ဖေါ် ပြောကြားခဲ့သည်။
HIV/AIDS ရောဂါကူးစက်ပျံ့ ပွားမှု
ကာကွယ်တိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊
ပြည်တွင်း NGO များက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသော်လည်း
လိုအပ် ချက်များရှိနေကြောင်း အထူးသဖြင့် အသိပညာပေးမှုတွင် အားနည်းနေသေးကြောင်း
ယင်းသို့ အသိပညာပေး သင်တန်းများ ပို့ ချ ပေးရာတွင်လည်း ကျေးလက်နေသူများ
နားလည်နိုင်သည့်ပုံစံမျိုးဖြင့် ရှင်းလင်း ပြသရန်လိုကြောင်း ဧရာဝတီတိုင်း
မော်လမြိုင်ကျွန်းမြို့ နယ်ကျုံလမူကျေးရွာမှ ကျန်းမာရေး ၀န်ထမ်းတစ်ဦက
ပြောကြားသည်။
“အဓိက အသိပညာပေး သင်တန်းတွေပေးတဲ့နေရာမှာ
ဆေးပညာသုံး ဝေါဟာရတွေ သိပ်မသုံးဖို့ ပါ၊ ကျွန်တော်တို့ ဆီမှာ ရန်ကုန်ကဆရာဝန်
တစ်ယောက် လာပြီးခုခံအားကျဆင်းမှုကူးစက်ရောဂါ ပညာပေးသင်တန်းပေးတယ်ဗျ၊
အဲဒါလာနားထောင်တဲ့သူတွေက လယ်သမားအများစုပေါ့။ သင်တန်းဆရာက ဆရာဝန် ဆိုတော့ ဆေးပညာဝေါဟာရတွေ
ချည်းပဲသုံးသွားတယ်၊ အမျိုးသားသုတ်ရည်ကို သုတ်ရည်ဆိုပြီး ရှင်းရှင်းလင်းလင်း မပြောဘဲ (Sperm)
စပန်းဆိုပြီး အင်္ဂလိပ်လိုပြောတော့ အောက်ကလယ်သမားတွေက နားမလည်တော့ဘူး သင်တန်းသာ
ပြီးသွားတယ် ထိထိရောက်ရောက် အသိပညာမပေးလိုက်နိုင်ဘူး။ သင်တန်းပေးတဲ့လူလဲပင်ပန်း
လာနားထောင်တဲ့လူလဲ အလုပ်ပျက်ပြီး နားမလည် သင်တန်းစီစဉ်သူ တွေလည်း နစ်နာတာပေါ့ဗျာ။
” ဟုအဆိုပါ ဧရာဝတီတိုင်းမှ ကျန်းမာရေး ၀န်ထမ်းက ယင်း၏အတွေ့ အကြုံ ကို ရှင်းပြသည်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါ
အသိပညာပေးသင်တန်းများပို့ ချရာတွင် ဒေသခံပြည်သူ များကို
အပြည့်အ၀ အသုံးချရန်လိုအပ်ပြီး အသိပညာပေး သင်တန်း၊ ဆရာဖြစ် သင်တန်းအများအပြား ပို
့ချပေးရန်လိုအပ်ကြောင်း ခုခံအားကျဆင်းမှု ရောဂါဆိုင်ရာ အသိပညာပေး သင်တန်းဆရာအဖြစ်
သင်တန်းတက်ရောက်ထားသူ သတင်းစာဆရာ တစ်ဦးကဆိုသည်။
“ရခိုင်မှာ ကျန်းမာရေးအသိပညာ ပေးမယ်ဆိုရင်
ရခိုင်ဒေသခံတွေက ပိုပြီးတော့ ဘာသာ စကား ယဉ်ကျေးမှု ဓလေ့ကို နားလည်တဲ့အတွက်
ရခိုင်အချင်းချင်း ပြန်ပြီး ကျန်းမာရေး အသိပညာ ပေးတာက ပိုကောင်းတာပေါ့၊
တခြားပြည်နယ်ဒေသတွေမှာလည်း ဒီအတိုင်းပါဘဲ ဆိုလိုတာက ဒေသခံတွေကို
ဆရာဖြစ်သင်တန်းတွေ များများ လုပ်ပေးဖို့ ပါဘဲ” ဟုအဆိုပါသင်တန်းဆရာကဆိုသည်။
မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာINGO အဖွဲ့ အစည်းတစ်ခု
ဖြစ်သည့် ဆွစ်ဇာခလန်AFXBအဖွဲ့ ကမူ “ကျွန်တော်တို့ ဆီမှာ HIV/AIDS
ရောဂါ အသိပညာပေးသင်တန်းတွေ့ ပို့ ချတဲ့အခါမှာ လူတန်းစား အားလုံးနားလည်ဖို့ 
ရုပ်ပြပုံလေးတွေကိုသုံးပြီး ပို့ ချပါတယ်၊ စာမတတ်တဲ့သူကော စာတတ်တဲ့သူကော
ရုပ်ပုံလေးတွေကိုကြည့်ပြီး နားလည်နိုင် ပါတယ် ”ဟုသင်တန်းပို့ ချသူတစ်ဦးကပြောသည်။
ယင်းသို့ အသိပညာပေး သင်တန်းများ စီစဉ်ရာတွင် စေတနာရှေ
့ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း အချို့ သော INGO၊ ပြည်တွင်းNGO အဖွဲ့  အစည်းများမှာ
ခုခံအား ကျဆင်းမှု ရောဂါဆိုင်ရာ အသိပညာပေးသင်တန်းများ ပို့ ချရန်ဟုဆိုကာ ကုလသမဂ္ဂနှင့်
3D Fund ကဲ့သို့ သောအဖွဲ့  အစည်းများထဲမှ ငွေကြေး တောင်းခံကြကြောင်း
အမှန် တကယ်သင်တန်းပို့ ချရာတွင် ဖိဖိစီးစီး ဆောင်ရွက်မှုမရှိဘဲ
အဖြစ်သဘော ဆောင်ရွက်မှုများ ရှိနေကြောင်း လူမှုရေးလုပ်ငန်းများကို စီးပွားရေးသဖွယ်
သဘောထား ဆောင်ရွက်လုပ်ကိုင်ကြသည့် INGO များနှင့် NGO များရှိနေကြောင်း ယင်းသို
့သော INGO နှင့် NGO များကြောင့် အဓိက နစ်နာသူများမှာ ပြည်သူများသာ ဖြစ်ကြောင်း
လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ အင်္ဂလိပ်စာ အထူးပြု အဝေးသင် တက္ကသိုလ်
ကျောင်းသား တစ်ဦးကဆိုသည်။
“ INGO နဲ့ NGO တွေမှာ လုပ်စားနေတဲ့သူတွေကို
ပြောချင်တယ်၊ ပိုက်ဆံရှာချင်ရင် တခြားနယ်ပယ်မှာသွားရှာကြပါ ဒီလို သွေးတွေ၊
ချွေးတွေ၊ ဘ၀တွေအများအပြားရင်းနှီးရတဲ့ HIV/AIDS ကာကွယ်ရေးနဲ
့တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ လိမ်ပြီးစီးပွားမရှာပါနဲ့ ဒီလုပ်ငန်းတွေက ဖိဖိစီးစီး မလုပ်နိုင်ရင်
နောင်အနာဂတ် မျိုးဆက်ဆိုတာ ရှိတော့မှာမဟုတ်တော့ဘူး” ဟုသူ့ အမြင်ကိုပြောသည်။
ခုခံအားကျဆင်းမှု ရောဂါဆိုင်ရာ သင်တန်းများကို ပို
့ချရာတွင် လူထုလူတန်းစား နယ်ပါယ်စုံတွင်ပျံ့ နှံ့ စိမ့်ဝင် အောင်ဆောင်ရွက် ရန်လိုအပ်ကြောင်း အများစုသော သင်တန်းများမှာ ကျောင်းသား
အလုပ်သမားလူတန်းစားများတွင်သာ ပို့ ချပေးနေပြီး လိင်လုပ်သား (Sex Workers)
များအကြားတွင် လည်း ပို့ ချပေးသင့်ကြောင်း အဆိုပါ (Sex Workers) များမှာ ရောဂါကူးစက်ပျံ့ ပွားရာအဓိက
အရင်းအမြစ်ကြီးသည့်အတွက် အသိပညာပေး သင်တန်းများကို ယင်းတို့ ကြား ပျံ့ နှံ
့စိမ့်ဝင်အောင် ဆောင်ရွက်ရန် အရေးကြီးကြောင်း (Sex Workers) ဖြစ်ခဲ့ဖူးသူ သာကေတမြို့ နယ်မှ
အမျိုးသမီး တစ်ဦးကဆိုသည်။
“ (Sex Workers) ဖြစ်သွားတဲ့ အမျိုးသမီးအများစုက
စာမတတ်၊ ပေမတတ်၊ တွေများတယ် အခြေအနေက တွန်းပို့ လို့ သာ (Sex Workers) ဖြစ်သွားတာ၊
ခုခံအားကျဆင်း ရောဂါဆိုတာလဲမသိ၊ ရောဂါဘယ်လို ကူးတယ်ဆိုတာလဲနားမလည်ဘူး။ အချို့  (Sex
Workers) လေးတွေဆိုရင် အိမ်ဖေါ် အလုပ်မှာ အဆင်မပြေ လို့ အလုပ် ရှာရင်း (Sex Workers) ဖြစ်သွားတာ
အဲလို မိန်းကလေးမျိုးဆိုရင် ဘယ်လိုလုပ်ပြီး ခုခံအားကျဆင်းမှု ရောဂါဆိုတာသိနိုင်မှာလဲ
ဟုအထက်ပါ အဝေးသင်ကျောင်းသားက ရှင်းပြသည်။
ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ အမျိုးသား HIV/AIDS
ရောဂါတိုက်ဖျက်ရေး စီမံကိန်း ၂၀၀၆ ခုနှစ်ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် HIV/AIDS
ကူးစက်ခံရသူအရေအတွက်မှာ မြန်မာနိုင်ငံ လူဦးရေ ၅၃.၂၂ သန်း၏ ၁.၃ ရာခိုင်နှုန်းနီးပါး
ကူးစက်ခံနေရကြောင်း၊ အရေအတွက် အားဖြင့် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား လူဦးရေ
သုံးသိန်းသုံးသောင်းကိုးထောင် (၃၃၉၀၀၀) မှာ HIV/AIDS ကူးစက်ခံနေရကြောင်း ယင်းသို့ 
ရောဂါကူးစက်ခံရ ရာတွင် မူးယစ်ဆေးဝါး သုံးစွဲသူများအကြား ဆေးထိုးအပ်
ဝေခွဲသုံးစွဲရာမှ HIV/AIDS ရောဂါကူးစက်ခံရမှု အများဆုံးဖြစ်ပြီး (Sex Workers) များကြောင့် ရောဂါကူးစက်ခံရသူမှာ
ဒုတိယအများဆုံးဖြစ်ကြောင်း လိင်တူဆက်ဆံခြင်းမှ HIV/AIDS ရောဂါကူးစက်ခံရမှုမှာ
ရာခိုင်နှုန်း အနည်းဆုံးဖြစ်ကြောင်း ယင်းအစီရင်ခံစာ ကဆိုသည်။




