10
Aug

HIV/AIDS ခွဲခြားနှိမ့်ချမှု ကင်းစင်သည့် လုပ်ငန်းခွင် ဖြစ်လာရေး

မြန်မာနိုင်ငံရှိ တရားဝင် မှတ်ပုံတင်ထား သော ပုဂ္ဂလိကကုမ္ပဏီများအနက်မှ လုပ်ငန်း ၇၂ ခုသည် လုပ်ငန်းခွင်အတွင်း အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ခွဲခြားနှိမ့်ချမှု ကင်းစင်စေရန်အတွက် ပူးပေါင်းပါဝင်မည့် အကြောင်း လက်မှတ်ရေးထိုးထားသည်ဟု အေအိုင်ဒီအက်စ်တိုက် ဖျက်ရေး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ခင်အေးအေးက ပြောသည်။

အခုလက်ရှိ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်ကြတဲ့ လေကြောင်း လိုင်းတွေ၊ City Mart နဲ့ အစိုးရဘက်မှ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပါဝင်ပြီး ရောဂါကူးစက်မှုမှ ကာကွယ်ခြင်း၊ ကုသ ခြင်းနဲ့ ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်း တွေမှာ ပါဝင်ဆောင်ရွက်ဖို့ အစီအစဉ် အတွက် လက်မှတ်ရေးထိုးထားပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်က ဦးစီး၍ ယခုနှစ် မေလ ၁၄ ရက်နေ့ မှ စတင်၍ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့မှ ပူးပေါင်းပါဝင်ကူညီခြင်းဖြစ် သည်။

"ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီတွေ အရေအတွက်က သုံးသောင်းလောက် ရှိတယ်ဆိုတော့ အကုန်လုံးပါဝင်နိုင်ရင် ကောင်းမယ်" ဟု ဒေါက်တာခင်အေးအေးက ပြောသည်။

လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီများထဲတွင် ပုဂ္ဂလိကဆေးရုံ တစ်ရုံဖြစ်သည့် ပန်းလှိုင်ဆေးရုံ တစ်ခုတည်းသာလျှင် ရောဂါကူးစက် ခံရသူများအား လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံခြင်း မပြုရန်နှင့် အလုပ် မထုတ်ရန်အတွက် သဘောတူပြီး ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

ရွှေရည်စောမြင့် (အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂))

မြန်မာတိုင်းမ် - HIV/AIDS ခွဲခြားနှိမ့်ချမှုကင်းစင်သည့် လုပ်ငန်းခွင် ဖြစ်လာရန် ပြည်တွင်းလုပ်ငန်းရှင် အချို့ လက်မှတ်ရေးထိုးထား 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top