8
Apr

HIV/AIDS ဆယ်ကျော်သက်မျိုးဆက်ပွား ကျန်းမာရေး သင်တန်းများ အောင်မြင်



မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် UNFPA
တို့ပူးပေါင်း၍ ၂၀၀၃ ခုနှစ်မှစ၍ လူငယ်များအတွက် HIV/AIDS ဆိုင်ရာ ဗဟုသုတ
ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေးနှင့် ဘဝကျွမ်းကျင်မှု Life Skill
သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယခုအခါ လေးနှစ်ကာလအတွင်း၌ သင်တန်းများ၏
အကျိုးသက်ရောက်မှု များစွာရရှိ၍ အောင်မြင်သည်ဟု သုံးသပ်ကြောင်း မြန်မာနိုင်ငံ
ဆရာဝန်များအသင်းမှ အတွင်းရေးမှူး ဒေါက်တာနေဝင်းက 7 Days News သို့ပြောသည်။

 

“ကျတော်တို့ ၂၀၀၆၊ ၂၀၀၇ ခုနှစ်မှာ ရန်ကုန်၊
မန္တလေးမြို့တွေမှာ အခြေခံသင်တန်းခြောက်ခု နည်းပြသင်တန်း သုံးခုနဲ့
ဦးဆောင်မှုသင်တန်း နှစ်ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့တယ်။နှစ်စဉ်ဖွင့်လှစ်ခဲ့လို့
သင်တန်းမှာ တက်ရောက်တဲ့ သင်တန်းသားတွေက အရင်ဆေးလိပ်သောက်ရင် အခုသင်တန်း ပြီးရင်
ဆေးလိပ်မသောက်တော့ဘူး။ ဒါတွေကတော့ မြင်နိုင်တဲ့ ပြောင်းလဲမှု အရည်အသွေးတွေကို
အဓိကထားသင်ကြားပေးတယ်။ စုပေါင်း လုပ်ကိုင်ခြင်းမှာ ပါဝင်ပြီး
ထက်မြက်စွာလှုပ်ရှားနိုင်တယ်။ တချို့ဆိုရင် အဖွဲ့အစည်းတွေမှာ အလုပ်ရ၊
တချို့ဆို နိုင်ငံခြားတွေပါ ထွက်ခွင့် ရသွားကြတယ်။ အရင်က ဒီသင်တန်းတွေကို
လူငယ်တွေပို စိတ်ဝင်စားနေပါပြီ။ အခုဆို သင်တန်းကို ၄နှစ်ကြာ
ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။”ဟု ယင်းမှ ဆက်လက်သုံးသပ် ပြောကြားသည်။

 

ယခု ၂၀၀၆၊ ၂၀၀၇ စီမံကိန်းကာလတွင် သင်တန်းများ
ဖွင့်လှစ်နိုင်ခဲ့ပြီး အသက်၁၅နှစ်မှ ၂၄ နှစ် အတွင်း လူငယ်ပေါင်း တစ်ထောင်ကျော်ကို
သင်တန်းများ တက်ရောက်နိုင်ခဲ့ပြီး ယင်းသင်တန်းများမှ ကျန်းမာရေးရှူ့ထောင့်၊
အမူအကျင့် ကောင်းများ၊ ဘဝအတွက် ကျင့်ဝတ်ခံယူမှု တာဝန်ယူတတ်မှုများနှင့် ဘဝအတွက်
ကျွမ်းကျင်မှုကို အဓိကထား ပို့ချပေးနိုင်ခဲ့သည်။ လူငယ်များမှာ
မိမိကိုယ်တိုင်ကြိုးစားမှု၊ မိသားစုမှ ပတ်ဝန်းကျင် အထိပါ ပျံ့နှံ့သွားနိုင် စေရေးကိုပါ
ရည်ရွယ်ကြောင်းနှင့် လူ့ဘဝတန်ဖိုးကိုပါ ပါဝင်ပို့ချနိုင်ခဲ့သည်။ ယခုဆိုလျင်
နောက်နှစ် စီမံကိန်းကို အကြမ်းဖျဉ်း ရေးဆွဲထားပြီး
နောက်နှစ်လူငယ်ဆိုင်ရာသင်တန်းများတွင် ပိုမိုစိတ်ဝင်စားစေရန်နှင့် နယ်ဒေသများ အထိ
သွားရောက် နိုင်ရန် စီစဉ်လျက်ရှိသည်ဟု စုံစမ်းသိရသည်။

 

7 Days News Journal (May-24-2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top