စီးပွားရေးအကြပ်အတည်းတွေကြောင့် HIV/AIDS တိုက်ဖျက်မှုမှာ တကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်မှုများ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် လျှော့ကျလာပါတယ်လို့ ကုလ အေအိုင်ဒီအက်စ်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူးက အေအက်ဖ်ပီ သတင်းဌာနကို ပြောဆို လိုက်ပါတယ်။
အေအိုင်ဒီအက်စ်၊ တီဘီနှင့်
ငှက်ဖျားတိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ ဂလိုဘယ်ဖန်းကို ဂျပန် နိုင်ငံအနေနဲ့ ဆက်လက် ထောက်ပံ့ကူညီဖို့ တိုက်တွန်းပြောဆိုသွားတဲ့ တိုကျိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ကမ္ဘာ့စီးပွားရေး ကျဆင်းနေတာကြောင့် နိုင်ငံအတော် များများဟာ ခြိုးခြံချွေတာနေ
ကြပါတယ်။ အစိုးရတွေ၊ အလှူရှင်တွေ အနေနဲ့ မိမိတို့ရဲ့ ဘတ်ဂျက်နဲ့ ဦးစား ပေးရမယ့် အပိုင်းတွေကို နောက်တကြိမ် ပြန်လည်စဉ်းစားသင့်ပါတယ်။” လို့ ထပ်လောင်း ပြောဆို သွားပါတယ်။
HIV/AIDS ဆေးဝါကုသနိုင်ဖို့ အခွင့်အရေးတွေ တိုးတက်လာဖို့ ရိုးရှင်းပြီး တန်ဖိုးသက်သာတဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာတွေ လိုအပ်တယ် ဆိုတာကို အလေးအနက် ပြောဆိုသွားပါ သေးတယ်။
တကမ္ဘာလုံးက နိုင်ငံတွေမှာ HIV/AIDS ကာကွယ်ဖို့၊ ဆေးဝါးကုသဖို့နှင့် ပြုစုစောင့်ရှောက် နိုင်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ထည့်သွင်း ရင်းနှီးပေးကြဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက အဲဒီ့အရာရှိကပဲ ပန်ကြားခဲ့ပါ သေးတယ်။
“လက်ရှိအနေအထားမှာတင် HIV ရှိသူ ဆယ်သန်းကျော်ဟာ ဆေးဝါးကုသခံနိုင်ဖို့ မျှော်လင့် နေကြရပါတယ်။ ရန်ပုံငွေ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် HIV ရှိသူတိုင်း ကုသမှု ခံယူနိုင်ရမယ် ဆိုတဲ့ ကျွန်ုပ်တို့ ရည်မှန်းချက် ပန်းတိုင်ကနေ လူသန်းပေါင်းများစွာဟာ အလှမ်းဝေးနေဆဲ ဖြစ်မှာပါ” လို့ သတိပေး ပြောဆို သွားပါတယ်။
မေသူ
Source: Commitments To Global HIV/AIDS Programs Falter For 'First Time In 15
Years,' UNAIDS Chief Says (Sept
3, 2010)




