9
Mar

HIV/AIDS တီဘီ၊ ငှက်ဖျားတို့ ကို တိုက်ဖျက်ရာတွင် 3D Fund က ဒေါ်လာ သန်း ၂၀ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံတွင် HIV/AIDS တီဘီ၊ ငှက်ဖျားတို့ ကို တိုက်ဖျက်ရာတွင် အကူအညီ အထောက်အပံ့များ ပေးနေသည့် 3D Fund နိုင်ငံတကာ ရန်ပုံငွေအဖွဲ့ က ဒေါ်လာ သန်း ၂၀ထပ်မံတိုးမြှင့် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်က ဖေါ်ပြသည်။

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

ယူနက်တက်ကင်းဒန်း အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးရေး ၀န်ကြီး ဂါရတ် သောမတ်စ် ၏ထုတ်ဖေါ် ပြောကြားမှုကို ကိုးကား၍ 3D Fund က ကုလသမဂ္ဂနှင့် အခြား အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအတွက် ရန်ပုံငွေ ပိုမိုရရှိလာ တော့မည် ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

3D Fund ကို ၂၀၀၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်သည် ဥရောပ ကော်မရှင်၊ ဆွိဒင်နိုင်ငံရှိ Sida၊ နယ်သာလန်၊ ယူနိုက်တက်ကင်းဒန်း၊ နိုင်ငံတကာ ဖွံဖြိုးရေးဌာန နော်ဝေး၊ သြစတေးလျမှ Aus AID တို့ ပူးပေါင်းကာ ငါးနှစ်စီမံကိန်းဖြင့် ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။ 3D Fund သည် မြန်မာနိုင်ငံ တွင် ကူညီထောက်ပံ့ ပေးနေသော Global Fund ၂၀၀၅ ခုနှစ် သြဂုတ်လတွင် သက်တမ်း ကုန်ဆုံးသွားသောအခါ အစားထိုး ၀င်ရောက်လာခြင်း ဖြစ်သည်။

 

3D Fund တွင်ရောဂါတိုက်ဖျက်ရေး ကုသရေး လုပ်ငန်းစဉ်များအတွက် ဒေါ်လာ ၉၉.၅ သန်းထည့်ဝင်ထားကြသည်။မြန်မာနိုင်ငံအတွက် ပထမဆုံး အထောက်အပံ့မှာ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ က ဒေါ်လာ၂.၅ သန်းတန် အကူအညီများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မကြာသေခင်က ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ နှင့်UNAIDS တို့ က ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်သူ ၃၃၈၉၁၁ ဦးခန့် ရှိသည်ဟု ဖေါ်ပြခဲ့ကြသည်။ အိတ်ခ်ျအိုင်ဗွီ ရောဂါ ဖြစ်ပွားမှု နှုန်းမှာ ၂၀၀၀ ပြည့်နှစ်တွင် ၁.၅ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၅ခုနှစ်တွင်၁.၅ ရာခိုင်နှုန်းသို့ လျော့ချနိုင်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ် တီဘီ ရောဂါသည် တစ်သိန်းခန့် အသစ်ဖြစ်ပွားလျက်ရှိပြီး ကုသရာတွင် ၈၄ ရာခိုင်နှုန်းမျှ ထိရောက်မှု ရှိခဲ့သည်။ ငှက်ဖျားရောဂါ ဖြစ်ပွားမှု နှုန်းမှာလည်း ၁၉၈၈-၈၉ က လူတစ်ထောင်လျှင် ၂၄.၅ ယောက် ရှိခဲ့ရာမှ ၂၀၀၅-၀၆ ခုနှစ်တွင် ၉.၃ ရာခိုင်နှုန်း အထိလျော့ကျလာခဲ့သည်။ ငှက်ဖျားရောဂါဖြင့် သေဆုံးနှုန်းမှာလည်း လူတစ်ထောင်လျှင် ၁၀.၄ ဦးရာနှုန်းရှိရာမှ ၃.၁ ဦးနှုန်း လျော့ချနိုင်ခဲ့ကြောင်း weekly eleven journal တွင်ဖေါ်ပြ ပါရှိသည်။

 

weekly eleven journal – No.24, Vol-2 March 21 2007 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top